ပေါင်မုန့်ကို ကြက်ဥကြော်ညှပ်၊ အာလူးချောင်းကြော်၊ မာဂရောနီ ခေါက်ဆွဲပြုတ်(တခွက်က အရည်ကိုဆူနေအောင်တည်ထားတုံး)
Saturday, December 27, 2008
တခါတရံ ညနေစာကို ဒီလိုလေးလုပ်စားတယ်
ပေါင်မုန့်ကို ကြက်ဥကြော်ညှပ်၊ အာလူးချောင်းကြော်၊ မာဂရောနီ ခေါက်ဆွဲပြုတ်(တခွက်က အရည်ကိုဆူနေအောင်တည်ထားတုံး)
Sunday, December 21, 2008
Saturday, December 20, 2008
ဒီနေ့ ညနေစာက ဒါလေးဝယ်စားတယ်..............
ဒီပီဇာကို ဟိုတခါကလဲ ည ၈ နာရီလောက်က အော်ဒါမှာစားတာ ည ၁၁ နာရီထိ ရောက်မလာလို့ ဗိုက်ကလဲဆာ ဒေါသများ အချောင်းချောင်းထွက်လို့ (24 hours food court) အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ညစာသွားစားရပါတယ်။ ဒီတခါတော့ ဒေါသများ အချောင်းချောင်းထွက်မည်စိုးသဖြင့် လူကိုင်တိုင်သွားပြီး ၀ယ်ခဲ့ရပါတယ်။ :D
(ဟိုတခါ မှာတာ မစားလိုက်ရလို့ ဒီတခါ ၂ ခုဝယ်စားသည်။ တော်နေ လုစားနေရမည်စိုးသဖြင့် တရားမျှတမှုရှိအောင် တယောက်တခုနှုန်းဖြင့် ၀ယ်စားရပါသည်။) ဒီကောင့်လဲချနေလို့ပါ။ 2 for S$ 19.90 ဒီတခါ ပိုတန်သွားတယ်။ ဟိုတခါက ရောက်လာခဲ့ရင် တခုပဲစားရမည်။ ဟဲဟဲ
Thursday, December 18, 2008
ဆန်ကြာဆံကြော်
မန္တလေးမှာ နေ့လည်ဆိုရင် ဆန်ကြာဇံကို ခေါင်းရွက်ဈေးသည်တွေ ရောင်းကြပြီ။ ဆီကလဲ နည်းနည်းနဲဆို့တော့ စားလို့ ကောင်းမှကောင်း။ ငါးရေခွံကြော်နဲ့ပါ တွဲစားမယ်ဆို သူများတို့အကြိုက်ပေါ့။ ဂေါ်ဖီဟင်းခါးလဲနဲ့ လိုက်မှလိုက်။ ကဲပါလေ လေကများတာနဲ့ ကြော်နည်းအကြောင်းလေးပြောအုံးမှ။
လိုအပ်သော အရာတွေက
ဆန်ကြာဇံ
မိမိကြိုက်နှစ်သက်ရာအသား၊ ငါး ( ကြက်၊ ၀က်၊ ပုဇွန်၊ ကြက်ဥ)
ဂေါ်ဖီထုပ်
ပဲပင်ပေါက်
ဥနီ(ခါချက်ဥ)
ဗိုလ်စားပဲသီး
ပြုလုပ်ပုံ
ဆန်ကြာဇံကို ၁ နာရီလောက်ရေစိမ်ထားပါ
သီးရွက်စုံကို ရေဆေးပြီး ရေစစ်ထားပါ
ကြော်မည့် အကြော်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ
ဆီကျက်ရင် ထည့်မယ့်အသားကိုထည့်ကြော်ပါ။ အသားကျက်ရင် ကြက်သွန်ဖြူ တစ်တက် နှစ်တက် ဓားနဲ့ရိုက်ပြားပြီး ထည့် အသီးအရွက်စုံထည့်ပါ။ အသီးအရွက်စုံမနူးခင် ဆန်ကြာဇံထည့်၊ ရေနွေးအနည်းငယ်ထည့်ပါ။ဆား၊ အချို့မှုန့်ထည့်။ အဖုံးအုပ်ထားပါ။ အပေါ်အောက်မွှေပေးပါ။ ၅ မိနစ်၊ ၇ မိနစ်လောက်ဆို ရလောက်ပါပြီ။ သူများရဲ့ စားချင်စဖွယ် ကြာဇံကြော်နည်းပါ။