Friday, May 8, 2009

ယိုးဒယားရောက် ပထမဆုံးအတွေ့အကြုံ (ယိုးဒယား သို့ အလည်တစ်ခေါက်)



ဘန်ကောက်ကို ရောက်ရောက်ခြင်းလေဆိပ်မှာ Taxi ငှားတဲ့အကြောင်းလေးကို အရင်ပြောပြပါအုံးမယ်နော်။ အဖြစ်အပျက်က ဒီလိုပါ။ သူက ဒီမှာလဲ ၁နှစ်ခွဲကျော်ကျော် အလုပ်လုပ်ခဲ့ဖူးတော့ ယိုးဒယား စကားကို နည်းနည်းပါးပါးပြောတတ်ပါတယ်။ ကျွန်မအတွက်တော့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပါ။ ပြောတတ်တယ်ဆိုလို့ အထင်တော့ မကြီးလိုက်နဲ့အုံးနော်။ Taxi ငှားတဲ့ ဇာတ်လမ်းစပါပြီ။ ထွက်ထွက်ခြင်းမှာ Taxi service တွေလဲရှိပါတယ်။ အဲဒါငှားရင် သူတို့ကို service charges ပေးရတယ်။ သူတို့မှာ မငှားဘဲ ကိုယ့်ဟာကိုယ်ငှားကြပါတယ်။ အဲ....... ဘန်ကောက်ရောက်တော့ ဟိုတယ်မှာတည်းတာ မဟုတ်ပါဘူး။


ကိုယ်တော်ကြီးရဲ့ သူငယ်ချင်းအိမ်မှာတည်းခဲ့တာပါ။ လိမ်စာကဒီလိုပါ။ Assumption University, 24/3 street, အတိုကောက်က ABAC, 24/3 st အဲလိုဆိုလား။ အဲဒီတော့ ကျွန်မလဲ ယိုးဒယားလို အသံထွက်ကို မြန်မာလို ရေးသွားတယ်။ (( Assumption University ကို အေဘတ်လမ်, 24/3 ကို 24=ရီဆစ်စီ, / =ထပ်, 3 ကို ဆမ်) အေဘတ်လမ် ရီဆစ်စီ ထပ် ဆမ် )ပေါ့ ။ အိမ်ကနေတော့ အဲဒီလိမ်စာလေးကို အလွတ်ကျတ်သွားတယ်။ Taxi လဲငှားတော့ အဲလို ကိုယ်တော်ကြီးလဲ ငါးပိသံနဲ့ပြောပလိုက်တာပေါ့။ ၁ယောက်ငှားလဲ နားမလည်၊ ၂ ယောက်ငှားလဲ နားမလည်၊ ၃ ယောက်ငှားလဲ နားမလည်၊ ၄ ယောက်ငှားလဲ နားမလည်နဲ့ ကျွန်မကို ပြောခိုင်းတယ်။ ကျွန်မပြောလဲ နားမလည်။ ကျွန်မကတော့ ရီချင်တာပဲသိတယ်။ မတတ်နိုင်တဲ့အဆုံး အနားကကောင်လေး တစ်ယောက်ကငှားပေးလိုက်မှ တည်းမယ့် သူငယ်ချင်းအိမ်ကို ချောချောချူချူ ရောက်ပါတော့တယ်။

8 comments:

  1. မမိုးတို့ကတော့ ဟာသပဲး)
    english လိုရေးပြပြီးပြောလို့မရဘူးလားဟင်

    ReplyDelete
  2. ဆ၀ါဒီခါး.....ဖိမိုးကောင်းခါး...
    ဆပိုင်ဒီးမိုင်းးး...
    ထမရိုင်ယူခါး....

    အေဘက်နားမှာတည်းတာလား...ကျွန်မလဲ အေဘက်နားက ကင်းရမ်ဂမ်ဟမ်မှာ တက်တယ် လာမယ့် တနင်္လာကျရင် ကျောင်းလာပါမယ်ကွယ်

    ဘန်ကောက်ကပူတယ်နော်..နေပူထဲ ထွက်ရင် သတိထား နေမကောင်းဖြစ်မယ် ပူလိုက်အေးလိုက်နဲ့

    ReplyDelete
  3. ညီမလေး နွေးနေခြည်
    English လို လိပ်စာလဲ ရေးသွားတယ်။ ပြတော့လဲ နားမလည်ဘူး။ ဟိုကောင်လေးက ဒါကိုကြည့်ပြီး ပြောလိုက်လို့ တည်းမယ့်အိမ်ရောက်တာ။ :D

    မဆုမွန်
    ဆ၀ါဒီခါးးးးး ကျန်တာတွေသိဘူး။ :D
    နေကတော့ ပူတယ်။ နှစ်ယောက်သား နဂိုကညိုညိုမည်းမည်းဆိုတော့ ငမဲလုံးဖြစ်ပြီး ပြန်လာကြတယ်။

    ReplyDelete
  4. ဆက်ပါအုန်း။ မအယ်တို့ တုန်းက ကားသမားတွေက လေယာဉ်ကွင်းထဲ အမဲဖျက်မဲ့ အတိုင်း ၀ိုင်းအုံလာကြတာ။

    တည်းမဲ့နေရာကို ဘတ် ၂ထောင်တောင်းတယ်။ ဗင်ကားငှားရမယ်ပေါ့။

    နောက် ၁၅၀၀နဲ့ ရောက်သွားတယ်။ အဲ့ဒီခရီးပဲ အပြန်ကျ တော့ ပစ္စည်းတွေလည်း သယ်ပေး သေချာထုတ်ပိုးပေးသေး ဗင်ကားပဲ ၅၀၀ပဲ ပေးရတယ်။ ဟိုနားဒီနားသွားမယ်ဆိုတချို့ က ၅၀၀ ၄၀၀တောင်းကျတယ်။ အဲ့ဒီခရီးပဲ တချို့ ကားသမားက ၈၀လောက်ပဲ ပေးရတယ်။ မီတာကားပေမဲ့လေ။ ဒီလိုပဲတောင်းတာပဲ။

    ဗမာပြည်အတိုင်းပဲ ။
    ဆက်ရေးပါအုန်း။

    ReplyDelete
  5. အင်္ဂလိပ်လိုကတော့ ပြောလို့ မရတာများတယ်။ မအယ် အဖေနဲ့ အမျိုးသားက ယိုးဒယားလို ပြောလို့ ဖြစ်တာမို့ အစဉ်ပြေခဲ့တယ်။

    ReplyDelete
  6. ဘန်ကောက်ကို သွားလည်ချင်နေတာ... မမရေးတာနဲ့ စိတ်ဝင်စားသွားပြီ... ဆက်ရေးပါဦးမမ ရှောင်ရန် ဆောင်ရန်လေးတွေ သိရတာပေါ့.. :).. (english လိုနားမလည်တာတော့ ဆိုးတယ်နော်.. ကိုယ့်မှာကလည်း ဒီ..မဖြစ်ညစ်ကျယ်တတ်ထားတဲ့ အင်္ဂလိပ်စာလေးပဲ အားကိုးရှိတာ.. တွားပြီနဲ့ တူပါတယ်)

    ReplyDelete
  7. ဆာဝါဒီ...
    ကိုလူထွေးတို့ ရောက်ဖြစ်တုန်းကလဲ ဒီထက်တော့ မသာပါဘူး...

    (အပေါ်က မဆုမွန်ကြီးကလဲ ကြက်ဟင်းခါးသီးရယ် သံပရာစေ့ရယ် တမာရွက်ရယ် ရောဝါးထားလား မသိ... တခါးခါးနဲ့ .. ဟားဟားးး)

    ReplyDelete
  8. ဟုတ်တယ်။ ယပလက်သွားရင်၊ စကားမတတ်အရမ်းဒုက်ခ ရောက်တယ်။ သူတို့ အင်းဂလိတ် ကလည်း အရမ်းရယ်ရတယ်။

    ReplyDelete