Tuesday, May 12, 2009

မူကထောက် ဖူဖေး ဆွဲတဲ့ ညနေစာ(ယိုးဒယား သို့ အလည်တစ်ခေါက်)

စနေနေ့ မနက်က မြဘုရား သွား၊ နေ့လည် Chatuchak Weekend Market သွား၊ ညနေပိုင်းကို MBK Shopping Mall ခဏ၀င် ဟိုပတ် ဒီပတ် နဲ့ ဗိုက်လဲ နည်းနည်းဆာလာတာနဲ့ ပတ်ထိုင်းကြော် နှစ်ယောက် တပွဲစား။ ညနေကို အ၀ကြီးစားလို့မဖြစ်သေးဘူး။ ၀ိတ်လျှော့နေတယ်ထင်ရင် မှားလိမ့်မယ်နော်။ အဲဒီနေ့ညနေစာကို ဒီမှာရှိတဲ့ ကိုယ်တော်ကြီး သူငယ်ချင်းအားလုံးစုံပြီး စားကြမယ်ဆိုတာနဲ့ အဆာပြေ ပတ်ထိုင်းကြော်ပဲစားခဲ့တယ်။ မူကထောက် စားကြမယ်တဲ့။ ကျွန်မလဲ ဒီကိုသာမရောက်ဖူးသာ သူတို့နေခဲ့တဲ့နေရာတွေ သူတို့စားတဲ့အစားအစာတွေ အကြောင်းကို အမြဲပြောနေကြလို့ သိနေပါပြီ။ ဒီစလုံးမှာလဲ ဘန်ကောက်က သူငယ်ချင်းတွေကြီးပဲ ၁၀ ယောက်လောက်အသာလေးရှိမယ်။ အမြဲတမ်းဆုံဖြစ်တာတော့ ၇ ယောက်ရှိတယ်။ လင်မယားသုံးတွဲ နဲ့ လူဆိုးတစ်ယောက်။ အဟီးးးးးးးးး အဲလိုတွေ့ကြရင် ဘန်ကောက်အကြောင်းကြီးပဲ အမြဲပြောနေကြတော့ နာတောင် နာလိုဘူး။ ကျွန်မမှာ မျက်စိသူငယ် နားသူငယ်နဲ့။ တကယ့်ကို မောင်နှမတွေလိုပါပဲ။ သူရှိတာစား ငါ့ရှိတာစားပဲ။ ဘာမှ အားနာစရာလိုဘူး။

အဲ.....ဒါနဲ့ မူကထောက်အကြောင်းဘယ်ရောက်သွားလဲ နေတော့မယ်။ မူကထောက်က ဟောပေါ့လို့လဲခေါ်လို့မရဘူး။ BBQ လို့လဲခေါ်လို့မရဘူး။ ဘယ်လို့ခေါ်ရမှန်းလဲ မသိဘူး။ သူတို့ခေါ်သလို မူကထောက်ပဲ ခေါ်လိုက်တော့မယ်။ မူကထောက် ဖူဖေးပေါ့။ တယောက်ကို ၉၉ ဘတ်တဲ့။ အချိုပွဲ နဲ့ အသီးအနှံတွေလဲပါတယ်။ အအေး နဲ့ ရေသန့်ကတော့ ကျသလောက်ရှင်းရပါတယ်။ အဲဒီနေ့က သွားစားတဲ့ အုပ်စုက ၁၂ ယောက်ရှိတယ်။ လေးယောက်ကို အ၀ိုင်း။ အရှည်လိုက်ထိုင်ကြတယ်။ ပြီးတော့ တပျော်တပါးစားကြတယ်။ ကျွန်မ အကုန်လုံးတော့ မစားခဲ့ပါဘူးနော်။ နည်းနည်းလေးပဲ စားခဲ့တာပါ။ ဟီးးးးးးးးးး

ပျော်ပျော်ကြီးစားကြပြီးတော့ ပိုက်ဆံလဲ ရှင်းမယ်လုပ်ရော သူငယ်ချင်းတတွဲက ၁နှစ်မြှောက် မင်္ဂလာနှစ်ပတ်လည်နေ့မို့လို့ သူတို့ပဲရှင်းလိုက်ကြတယ်။ ပိုပြီးပျော်စရာမကောင်းပေဘူးလား။ ဒီလင်ဒီမယား အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နဲ့ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

ဒါတောင် တချို့ မရိုက်ဘဲ နေလိုက်တာတွေလဲ ရှိသေးတယ်။ ဓာတ်ပုံကြီး ရိုက်နေရင်လဲ စားလို့ ပြီးတော့မှာမဟုတ်ဘူး။ ဒါတောင် တော်တော်လေးများသွားပြီ။



ဒါက ကျွန်မတို့ အိုး


ရေနွေးအိုးက ဟင်းရည်အိုး။ စားပွဲပေါ် ရှုပ်ပွနေအောင် ယူထားတယ်။


ကဲ အဲလို အရှည်လိုက်ထိုင်ကြတယ်။


ကျွန်မတို့ ၀ိုင်းက ပုဇွန်ထုပ်။ ကျွန်မကိုယ်တိုင်သွားယူထားတာ။ ကိုယ်တော်ကြီး သူငယ်ချင်းတွေက ပြောတယ်။ အစ်မက လက်သွက်တယ်တဲ့။ :D


သင်္ဘောသီးထောင်း ကောင်းမှကောင်း


အသားတွေ အသားတွေ


တန်းစီလို့ ကြိုက်တဲ့အသား ထည့်စားသွားနော်။ စားနော် စားနော် အားမနားနဲ့။


ကြက်သား satay.......... ဆာတေး ဆာတေး နဲ့ အလုံးတွေ အလုံးတွေ



ကြွက်နားရွက်မှို နဲ့ မှို .......ဟိုနားက ရေခဲစိမ် ဂေါ်ဖီ


အသီးအရွက်ကလဲ အစုံစုံ


အသီးအရွက်ကလဲ အစုံစုံ။ ဒါတောင် နောက်ထပ် ကျန်သေးတယ်နော်။


လာပါပြီ အကြော်အလှော်။ ဘာကြော်လို့ ဘာကြော်မှန်းမသိ ရှိသမျှနည်းနည်းနဲ့ စားလိုက်တာ။


ပြောင်းဖူးကြော်လေးကလဲ စားချင်စရာ........အဲလိုလေးကြော်စားအုံးမှ


ခေါက်ဆွဲကြော် စားခဲ့ဘူး


ကျွန်မအကြိုက် ကြက်ခြေထောက်သုပ် စပ်စပ်လေး။ ဒါကိုတော့ အလွတ်မပေးလိုက်ဘူး။


ကြက်သား နဲ့ ပင်စိမ်းနဲ့ ကြော်ထားတယ်။


ထမင်းကြော် စားခဲ့ဘူး။

ဟင်းရည်တွေ....၀က်သား တုံယမ်း ဟင်းရည်သောက်ခဲ့တယ်။


ဒါက ကျွန်မစားတဲ့ အချဉ်ရည်။ (အချဉ်ရည်ကြီးပဲ ၅ မျိုးလောက်ရှိတယ်)


ကျွန်မရဲ့ အချိုပွဲ (တပွဲတည်းစားတယ်လို့ ထင်လားဟင်)


ကျောက်ကျော (အပေါ်က အုန်းနို့ပဲ စားခဲ့တယ်။ စိမ်းစိမ်းလေးကချိုလို့ ကိုယ်တော်ကြီးကို စေတနာနဲ့ကျွေးလိုက်တယ်။)


ရွှေဖရုံသီး ပူတင်းတဲ့။ စားလို့ကောင်းတယ်။ နည်းနည်းပဲ မြည်းခဲ့တယ်။ အဟီး တတုံးပေါ့

အေးအေးချိုချိုလေးနဲ့ နှင်းသီးနော်


သခွားမွှေး


ဒါက ဘာကြီးပါလိမ့်။ ကျိုတာတော့ ကျိုထားတာပဲ။ စားခဲ့ဘူး။


ကောက်ညှင်းပေါင်း ချိုတာကြီးနော်။ သေးသေးလေးပဲ စားခဲ့တယ်။


အချိုတွေ


ဒါကိုတော့ ရေခဲစိမ်ပြီးစားခဲ့တယ်။ ဒီစလုံးက ရေခဲခြစ်သုပ်ထဲမှာ ၂ လုံးထဲ ထည့်ပေးလို့ မကျေပွဲနွဲပြီး စားခဲ့တယ်။


ဆေးကုလားမလို့ခေါ်လားမသိ

ထန်းသီးလား အုန်းသီလား

ကျွန်မအကြိုက် သရက်သီးစိမ်း

ဆားနဲ့တို့စားတယ်

ဒါက အချိုစိမ်ထားတယ်။ စားခဲ့ဘူး။

အသီးအနှံ အစုံစုံ အဖုံဖုံ...........

11 comments:

  1. မမနော် ဗိုက်ဆာနေပါတယ်ဆိုမှ... :(... သင်္ဘောသီးထောင်းနဲ့ ကြက်ခြေထောက်သုပ်စားချင်တယ်... ၀ယ်ကျွေး ၀ယ်ကျွေး...

    ReplyDelete
  2. ကိုယ်တော်ကြီးနဲ့ ကိုယ်တော်လေး အဲ ဟုတ်ပါဘူး မိုးကောင်းသူ.. အတော် အုတ်ခဲ့တာပဲနော်
း)
    စားစရာတွေ အများကြီးနဲ့ ပျော်စရာကြီး

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ဘယ်သူဒွေနဲ့သွားကြတာလဲဟင် ..မန်းကြီးကျုပ်ကြတော့ အဖေါ်မစပ်ပါလား။ နောက်တစ်ခါ အသောက်ပွဲခေါ်ရင် မလာတော့ဘူး။ စိတ်ဆိုးသွားပြီ။

    ReplyDelete
  5. မူကထ ဆိုင်က ၉၉ဘတ်ဆိုတာ အစ်မ မရှင်းလိုက်ရလို့ မသိတာထင်တယ် :P ဆိုင်ဘုတ်က ၉၉ဘတ်လို့ ပြောပေမယ့် တကယ်က ၁၀၉ဘတ်ပါ ဈေးတတ်တာကို ထိုင်းလို ဘဲေ၇းထားပါတယ် ဟီးပိုက်ဆံ၇ှုင်းတဲ့ အစ်မတို့စုံတွဲကိုသေချာမေးပါအုံး တကယ်လို့ ၉၉ဘတ်ဆိုရင်လဲ လက်တို့ပါအုံး ဘယ်နားက ဆိုင်လြ အစ်မ ဓါတ်ပုံ အရ ဆိုရင် တော့ phakhanong ဆိုင် ဖြစ်ပါလိမ့်မယ် ။
    အမြဲ ရောက်ဖြစ်ပေမယ့် ခြေရာ မချန်ဖြစ်ပါဘူး အခု မှ မူကထ ဆိုင်က ပုံတွေ မြင်တော့ မနေနိုင်လို့လက်တို့လိုက်တာ အစ်မ:P
    ခင်မင်လေးစားလျက်
    စန္ဒီိမိုးမြင့်
    မန္တလေး

    ReplyDelete
  6. ထိုင်းရောက်ရင် မစားမဖြစ် စားသင့်တဲ့အရာ။
    တို့လဲ သိပ်ကြိုက်တာ။

    ReplyDelete
  7. ဆုံလှချည်လား.. အဲ... စုံလှချည်လား...

    ကိုယ်တော်ကြီးကိုယ်တော်လေးဆိုတော့ ကနားပွဲ ရှိတယ်လား..

    ပူးနောင်းဂျိမ်ဂျိမ် ပူးဂျိမ်ဂျိမ်

    ReplyDelete
  8. ပုံတွေ ကြည့်ပြီး မူကထတောင် သွားဆွဲခြင်လာပြီ။
    အစုံစားပြီးတော့ ဗိုက်မနာဘူးလား။
    အခန့် မသင့်ရင် စားပြီး ဗိုက်နာတတ်လို့ ။

    ReplyDelete
  9. ပုဇွန်တွေက အခွံတွေ မခွာပဲ ဒီတိုင်းတွေ ထည့်ပြုတ်/ ကင်တယ်ပေါ့၊ ညလေးတို့စားရင် ဒီ့ထက်ကုန်တယ် ပုဇွန်ချည်းပဲ စားတာ ဆိုင်က လာချလိုက် ညလေးက ဆွဲလိုက်ပဲ။ အခွံခွာရင် စားရလွယ်သွားပြီး ပိုမြန်တယ်။
    အကုန်လုံးကို သွားရေ ကျသွားကြောင်းပါ။

    ReplyDelete
  10. နှင်းသီးကို ရေသဖန်းသီးလို့ ခေါ်တယ် ထင်နေတာ ဘယ်လို ခေါ်မှန်း မသိဘူး

    ReplyDelete
  11. May I know this shop's address? I will be going to Bangkok next month and would like to go and eat there.

    ReplyDelete