Monday, May 25, 2009

အာပူလျှာပူ နဲ့ အသုပ်များ

အခုရက်ပိုင်းလုပ်စားဖြစ်တဲ့ အသုပ် နဲ့ အာပူလျှာပူကို တင်ပေးလိုက်တယ်နော်။ စာတော့ ရှည်ရှည်ရေးတော့ဘူး။ နောက်မှ ရှည်ရှည်ရေးတော့မယ်။



ဒီပန်းကန်ကတော့ ကျွန်မရဲ့ အာပူလျှာပူ။ မန်ကျည်းမှည့်ရည်၊ ငါးပိစပ်စပ်လေးထောင်း၊ ပဲတောင့်ရှည်၊ ငါးဖယ်၊ ငါးမွှေကြော်ထည့်ထားတယ်။ အာကော လျှာကော ပူစေရမယ်။ အဟဲ........ သုံးဆောင်သွားပါအုံးနော်။



ကိုယ်တော်ကြီး အသုပ် မုန့်ဟင်းခါးဖတ်နဲ့ သုပ်စားတယ်။ ဒီတခါတော့ ပဲတောင့်ရှည်ပြုတ်ထားပေးလိုက်တယ်။ ဟင်းရည်နဲ့ဆို ပူလို့တဲ့။ ဟွန့် အာပူလျှာပူပါဆို ပူမှာပေါ့နော့်။


မုန့်ဟင်းခါးဖတ်၊ မန်ကျည်းမှည့်ရည်၊ ပဲပင်ပေါက်ပြုတ်၊ ပဲတောင့်ရှည်ပြုတ်၊ ငါးမွှေကြော်၊ ငါးဖယ်၊ ကြက်သွန်ဖြူ ဆီကျက်၊ ငါးပိထောင်း၊ ပဲကျက်မှုန့် ............



အာပူလျှာပူ ဟင်းရည်အိုး။ ရယ်ဒီမိတ် စည်းစိမ်တံဆိပ်ကို လုပ်ထားတာပါ။ ဘာမှ ထည့်စရာလိုဘူး။


------------------------------



ဒါက ကိုယ်တော်ကြီးအသုပ်။ ပဲတောင့်ရှည်က အစိမ်းမို့လို့ စားဘူးတဲ့။ မပြုတ်ပေးမိလိုက်ဘူး။ ဒီတခါ ဟင်းရည်လဲပါဘူး။ ရေနွေးကြမ်းနဲ့ စားတယ်။ သုံးဆောင်သွားပါအုံးလား။


ကျွန်မရဲ့ အသုပ် ပဲတောင့်ရှည်ပါထည့်စားတယ်။ ချဉ်ချဉ်စပ်စပ်လေး။ သုံးဆောင်သွားပါအုံးလား။


ငါးမွှေကြော်မပါဘဲ ရိုးရိုးရှင်းရှင်းသုပ်စားလိုက်တယ်။ ညှပ်ဖတ်၊ ပဲထောင့်ရှည်၊ ပဲပင်ပေါက်ပြုတ်၊ ပုဇွန်ခြောက်ထောင်း၊ မန်ကျည်းမှည့်ရည်၊ ကြက်သွန်ဖြူ ဆီကျက်၊ ငံပြာရည်၊ ငရုတ်သီးထုပ် နဲ့ ပဲကျက်မှုန့်။ ကြိုက်သလိုသာ သုပ်စားသွားနော်။ အားနာနဲ့နော်။

9 comments:

  1. ဟီးးးးးးးးးးမရေးးးးးးးးးးးး
    မြူးဖို့ လာပို့ ပေးနော်အားလုံးစားသွားတယ်

    ReplyDelete
  2. အိမ့်စည်းစိမ်ဟုတ်ဘူးလား တို့အိမ်မှာလဲ မဒမ်က အိမ့်စည်းစိမ်နဲ့ ငါးလေးပြုတ်ရောပြီး ချက်ချက်ကျွေးတယ်လေ။

    ReplyDelete
  3. မြူးဆီမှာ မဝသေးလို့  ဒီကိုလိုက်လာတာ..

    မယ်မင်းကြီးမက အားလုံးစာသွားပြီတဲ့ ...

    ကောင်းရော

    ReplyDelete
  4. စားသွားပြီ မမရေ.... :D
    အားကြီးကောင်းးးးးး

    ReplyDelete
  5. မမရေ ဘယ်မှာနေတာလဲဟင်...
    လာလည်ချင်လို့ ပါ

    ReplyDelete
  6. အာပူ လျှာပူ ဆို ငရုတ်သီး များများ နဲ့ ဗိုက်အောင့် တဲ့ ထိ သောက် တယ်..း) ဟမ်းးးး ကောင်း မှ ကောင်း

    ReplyDelete
  7. အာပူလျှာပူ စားချင်လို့ လာစား သွားတယ် အရမ်းကောင်းဒါပဲ နောက်လည်းထပ်စားအုံးမယ်

    ReplyDelete
  8. အမရေ ကျွန်တော်ကို အခုလောလောဆယ် ဆန်ပြုတ်ကောင်းကောင်း လုပ်နည်းလေး ပြောပြပါလားဗျာ thanks

    ReplyDelete
  9. မိုးကောင်းသူခင်ဗျား-
    မိုးကောင်း-အင်းတော်ကြီး-ကြိုးကြာရွာနောက်ခံနဲ့ ၊ နတ်နွယ်ရေးတဲ့ - မြန်မာပြည်မြောက်ပိုင်း- ၀တ်ထု တော်တော်ကောင်းတယ်၊ အထက်ရှမ်း ရှမ်းကြီး ဂဒူးကနန်း ကချင် ယောယင် တွေအကြောင်း မုံညှင်း-မုံ့ညှင်းစောအကြောင်းလဲပါတယ်၊ ရွှေမြင်ဇူဘုရားအကြောင်းလဲပါတယ်၊ ကျွန်တော်နေဘူးကြားဘူးတဲ့နေရာတွေစိတ်ဝင်စားစရာကောင်းပါတယ်၊ ညွှန်းလိုက်ပရစေ။
    http://mmcpcommunity.net/showthread.php?7829-Myanmar-Fonts-av-awG-vdkcsifvdkY

    ReplyDelete