Thursday, June 4, 2009

ညလည်စာ

platinum mall မှာ နေ့လည်စာ နဲ့ ဗစ်စီမောမှာ ညနေစာစားသောက်ပြီး အိမ်ရောက်တော့ ညလည်စာပါ ထပ်စားကြသေးတယ်။ အဟီးးးးးးးးး သွားဝယ်ခဲ့တဲ့ဆိုင်ကတော့ အဲဒီနားတိုက်နားလေးပဲ။ ပြီးတော့ တည်းတဲ့အိမ်နောက်ဖက်လမ်းနားလေးက ကြက်ခြေထောက်ပေါင်းလဲကောင်းတယ်ဆိုလို့ စားချင်သား။ ဆိုင်ကပိတ်သွားလို့ စားခဲ့ရဘူး။ နောက်တခါမှပဲ စားတော့မယ်လို့ ပြောခဲ့တယ်။ လာတည်းမှာကို ကြောက်နေတော့မယ်လေ။ နော်။ ဒါလေးတွေလဲ စားသွားပါအုံးလား။


ဘဲပါးစပ်ကြော်။ ပထမဆုံးအကြိမ်စားဖူးတယ်။ ကျွတ်ကျွတ်လေး စားလို့ကောင်းတယ်။ နုတ်သီးလေးတွေပါ စားလို့ရတယ်။ ကျွတ်နေတာပဲ။ ကျွန်မက ဘဲခေါင်းပဲ စားဖူးတာ။


ဝက်ခေါက်ကင်ကြော်


ဂုံးသုပ် (စပါးလင်နိုင်းချင်း ၊ ငရုတ်သီးနိုင်းချင်းနဲ့ သုပ်ထားပေးတယ်)


ဝက်ခေါက် နဲ့ ခရမ်းသီးစပ်စပ်။ စပ်သလားတော့ မမေးနဲ့နော်။ အစပ်ကြိုက်တဲ့ ကျွန်မတောင် လျှာထွက်တယ်။ :D (ဒါကိုစားဖို့ စိတ်ထဲသေးထားတာ ကြာပြီ။ မနက်ဖြန် စင်ကာပူပြန်တော့မှာမို့လို့ စားပစ်လိုက်တယ်။ Siam Paragon သွားတုံးက ၂ထုပ်ဝယ်ခဲ့တာ။ မစားသေးဘဲ ရေခဲသေတ္တာထဲထည့်ထားတာ။ )


ကြိုက်တာစားသွားနော်။


သူငယ်ချင်းလာပေးထားလို့တဲ့။ အုန်းနို့ခေါက်ဆွဲ။ စားပါအုံးလား။


အုန်းနို့ခေါက်ဆွဲတော့စားခဲ့တော့ဘူး။


ဗစ်စီမောမှာ ကြက်သားမှုန့်ရောင်းနေတာ။ သူတို့ကြော်ကျွေးခဲ့တဲ့ ကြက်ဥကြော်ကောင်းတာနဲ့ ကြက်သားမှုန့်ထုပ်ဝယ်ခဲ့သေးတယ်။ ပြီးတော့ ကြော်လိုက်သေးတယ်။


ပဲသီးလဲ ပြုတ်လိုက်သေးတယ်။ ဘာ ပဲလဲတော့သိဘူးနော်။

12 comments:

  1. ဝေးးးးဘယ်သူမှလာမစားခင်လာစားသွားပြီ..
    ပိုတာလေးထုတ်သွားပြီနော်..
    ကုန်ပြီဟေ့
    မမကိုချစ်တဲ့
    မေလေး

    ReplyDelete
  2. မမရေ..အပြင်ကအိမ်ကိုလဲလာစားလို့၇လားဟင်

    ReplyDelete
  3. စားသွားပြီး ဂုံးသုတ်တော့စားဘူး မကြိုက်လို့ အပြင်အိမ်မှာလာစားလို့ရရင် ထောပတ်သီးလည်းလာစားချင်တယ် ခေါ်ကျွေမှာလား မမမိုးကောင်းသူ ..နေ့တိုင်းလာလာငမ်းရတာ .... ဟူးးးးးးးးး

    ReplyDelete
  4. ဘဲပါးစပ်ကြော်တဲ့ မစားဖူးဘူး။ ကောင်းပုံပဲ။ ဒီလောက် အစားအသောက်ကောင်း ကြိုက်တဲ့ မိုးကောင်းသူ က ကောင်းတယ်ဆိုတော့ တကယ်ကြီး နေမှာ။

    ReplyDelete
  5. မကြီး ရေ ၀က်ခေါက်ကင်ကြော်လေး စားချင်တယ်ဗျို.းးးးးးးးးးးး

    ReplyDelete
  6.ိအဲ့ဒီ ပဲက အယ်ဒါမာမဲ့ လို့ခေါ်တယ် Japan မှာ။ အရမ်းစားကောင်းတယ်။

    ReplyDelete
  7. ဘဲပါးစပ် စိတ်ဝင်စားတယ်ဗျို့။
    (စကားလုံးက ပြောရတာတော့ သိပ်မကောင်းဘူး)
    ဘဲပါးစပ်ကြော်..
    ဟုတ်တယ်.. ဒါက ပိုကောင်းတယ်။ စားချင်တယ်ဗျို့

    ReplyDelete
  8. ဘဲပါးစပ် စိတ်ဝင်စားတယ်ဗျို့။
    (စကားလုံးက ပြောရတာတော့ သိပ်မကောင်းဘူး)
    ဘဲပါးစပ်ကြော်..
    ဟုတ်တယ်.. ဒါက ပိုကောင်းတယ်။ စားချင်တယ်ဗျို့

    ReplyDelete
  9. မိုးကောင်းသူလေး ဘန်ကောက်စာတွေ ရေးတိုင်း သားရေကျတယ် ကြက်ခြေထောက်ပေါင်းက အကြိုက်ဆုံးပဲ မိုးကောင်းသူလေးပြောမှ ဂုံးသုတ်မှန်း သိတယ်တော့ ထင်တာ ခရုသုတ်လို့..ဟိဟိ

    ReplyDelete
  10. မေလေး နဲ့ avocado ရေ
    လာစားပါ။ ရပါတယ်။

    မမကြီး မိုးချိုသင်း
    ကျွန်မက အဲလို ပေါက်တက်ကရလေးတွေ ကြိုက်တယ်။ အသားထက် အရိုးတွေပိုကြိုက်တယ်။

    မိုးစက်အိမ်
    စားနော်။ အားနာနဲ့။

    mm ရေ
    ပဲနာမည်ပြောလို့ကျေးဇူးနော်။

    Taungoo
    ဘဲပါးစပ်ကြော်က တော်တော်လေးစားကောင်းတယ်။ ကြုံရင် စားကြည့်ပါ။

    မဆုမွန်ရေ
    ကြက်ခြေထောက်ပေါင်း ကြိုက်တာချင်းတူနေပြီ။

    ReplyDelete
  11. ကျေးဇူးတင်ပါတယ်မမမိုးကောင်းသူ.... ဒါပေမယ့်အိမ်မပြောနဲ့ အီမေးလ်လိပ်စာတောင်မသိဘူးလို့ :(

    ReplyDelete
  12. it is called "SUGAR SNAP PEAS".

    ReplyDelete