Monday, June 29, 2009

ဘူးသီးချဉ်ဟင်း နဲ့ ငါးပိထောင်း


ဟင်းရည်ကို ချဉ်ဟင်းဆက်တိုက်ချက်လိုက်ပါတယ်နော်။ ဒီနေ့တော့ ဘူးသီးချဉ်ဟင်းနဲ့ ငါးပိထောင်းပေါ့။ ဂျူးမြစ်လေးပါ ထည့်စားရင်ကောင်းမှကောင်းပဲ။ ဒီမှာတော့ ဂျူးမြစ်တွေ့မိပါဘူး။ ပင်နီဆိုလာမှာ ရမရတော့ မသိဘူး။ မတွေ့မိဘူးထင်တာပဲနော်။ ပြီးတော့ ၀က်အူချိုကို အချိုချက်ချက်လိုက်တယ်။


သုံးဆောင်သွားပါအုံးလား။


ဝက် အူချိုချက် (၀က်အူချိုကို ရေသေချာဆေး။ vinegar ၂ ဇွန်းလောက်ထည့်ပြီး ၁၅ မိနစ်လောက်နပ်ထားပါ။ ပြီးရေပြန်ဆေးလိုက်တယ်။ ဆား၊ အချိုမှုန့်၊ သကြား၊ စောကောမှုန့် နည်းနည်းဆီထည့်ပြီးနယ်လိုက်ပါတယ်။ ပြီး ကြက်သွန်နီ ၂လုံး လေးခြမ်းစိတ်ပြီး ဆီနည်းနည်းနဲ့ကြော်လိုက်ပါ။ ပြီး ၀က်အူချိုလဲထည့်၊ ရေနွေးလဲထည့်ပြီး နူးနေအောင်တည်ထားပါ။ ၀က်အူချိုနူးခါနီး ကြက်သွန်ဖြူ ၅ တက်၊ ၆ တက်လောက်ကို အခွံနွှာပြီး ဒီအတိုင်းထည့်လိုက်ပါတယ်။ ညိုညိုလေးဖြစ်အောင် ကြာညို့နည်းနည်းထည့်လိုက်ပါတယ်။



ငါးပိထောင်း (ငါးပိကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ အချိုမှုန့်ထည့်ပြီး ထောင်းထားပါတယ်။)


ဘူးသီးချဉ်ဟင်း

11 comments:

  1. ၀က်အူချိုဟင်း နဲ့ ဘူးသီးချဉ်ဟင်း အားရပါးရလာငမ်း အဲလေ စားသွားတယ် ငါးပိထောင်းတော့မကြိုက်ဘူး :)

    with best wishes,
    avocado

    ReplyDelete
  2. ဂျူးမြစ်က ပင်နီစူလာမှာရပါတယ။် တစ်ကျပ်ပေါ့။

    ReplyDelete
  3. စားချင်လိုက်တာ၊ စင်္ကာပူတောင် ပြန်ပြေးချင်လာပြီ

    ReplyDelete
  4. ၀က်အူချိုဟင်း နဲ့ ငပိထောင်း စားသွားတယ်။ ကောင်းလိုက်တာ။

    ReplyDelete
  5. ဒီနေ့ချက်တာအားလုံးကြိုက်တယ်မမရေ။
    ငါးပိထောင်းကိုအကြိုက်ဆုံးပါ။
    တို့ဆီမှာမရောင်းကြဘူး ဟင်း..ငိုချင်လိုက်တာ။
    မမကိုနာလိုဘူးကွယ်။ ငပိထောင်းမသွားခွင့်ပြုနော်။
    ပြောရအုံးမယ်။ ကချင်မော်ဒါလ်ယ်ပုံက ဂျာမုန်းမဟုတ်ဘူးနော်။ မမမိုးကောင်းရဲ့ပုံကိုမြင်ချင်လိုက်တာရှင်။ပို့ပေးပါလား။

    ချစ်တဲ့
    ဂျာမုန်းဒန်

    ReplyDelete
  6. ရှလွတ်။ရှလွတ်း)

    ReplyDelete
  7. ထမင်းတော့မြိန်ဦးမယ်နော်။
    အရမ်းလိုက်ပါတယ်။ ဘူးသီးချဉ်ဟင်းနဲ့ ငါးပိထောင်း။
    ပြောနေရင်းနဲ့ ဗိုက်ကဆာလာတယ်
း)

    ReplyDelete
  8. ၀က်အူဟင်းလည်းကြိုက်တယ်
    ငါးပိထောင်းလည်းကြိုက်တယ်
    ချဉ်ရည်ဟင်းလည်းကြိုက်တယ်
    ဘယ်လိုလုပ်များ ပိန်ဦးမှာလဲနော်

    ReplyDelete
  9. ဟီး
    အားလုံးနာ့အကြိုက်တွေချည်း
    ကောင်းပါလေလေ့ :P

    ReplyDelete