Tuesday, July 7, 2009
ဗူးသီး နဲ့ ၀က်သားချက်
ဒီဟင်းက အရင်အပတ်တုံးကချက်တဲ့ဟင်းနော်။ ကြွေးကျန်တွေတင်နေတာ။ တစ်ရက်တစ်လေလဲ ဘာဟင်းချက်စားရမှန်းမသိဘူး။ အိမ်ရှင်မတွေများ ဟင်းချက်ရတာထက် ဟင်းစဉ်းစားရတာကို ပိုခက်မယ်ထင်တယ်နော်။ အစတုံးကတော့ အမေကဈေးသွားရင် ဘာဟင်းစားကြမလဲလို့ အမြဲတမ်းမေးတယ်။ အာ......... အမေကလဲ အမေကြိုက်တာ အဆင်ပြေတာချက်လို့။ အကုန်စားတယ်လို့။ ခုတော့ အမေရဲ့ဝဋ်တွေလည်နေပါပြီ။ ကိုယ်တော်ကြီး ရုံးသွားခါနီး ညနေစာဘာစားမလဲလို့မေးမေးရတယ်။ သူလဲ ပြောရှာပါတယ် သဘော့ပါ့တဲ့။ အဲလို သဘောပါ့လို့တော့ မပြောနဲ့လို့။ စားချင်တာပြောလို့။ ဒါမှ ချက်ရမှာပေါ့လို့။ ၁၀ ခါမေးရင် တစ်ခါတော့ပြောရှာပါတယ်။ တစ်နေ့တာ ဟင်းစပ်နည်းစာအုပ်ထွက်ရင်ကောင်းမယ်နော်။
ကျွန်မမှာ ငယ်ငယ်တုံးက မိုးကောင်းမြို့ တစ်ရပ်ကွပ်တည်းသားချင်းပဲ ယောကျာ်းလေးသူငယ်ချင်းတစ် ယောက်ရှိတယ်။ သူ မန္တလေးမှာ ကျောင်းတက်တော့ သူ့အမေက လိုက်လာလို့မအားဘူး။ အိမ်အလုပ်လဲရှိသေးတော့ အမျိုးတစ်ယောက်နဲ့ သူ့ကို မန္တလေးမှာကျောင်းထားတယ်။ ပြောချင်တာတွေဘယ်ရောက်သွားမှန်းမသိတော့ဘူး။ သူ့အမေက သူ့သားကို တစ်လလုံးစာ ချက်ရမယ့် ဟင်းစပ်တွေရေးပေးပြီးပို့တယ်။ နောက်တစ်လဆို နောက်တစ်ခါပြန်ပို့တယ်။ သူ့တွေ့ရင်တော့ သူ့အမေရေးပေးတဲ့ ဟင်းချက်နည်းစာအုပ်တောင်းပြီး ကော်ပီလေးကူးထားအုံးမှပဲ။ ကဲ ဒီနေ့တော့ ၀က်သားနဲ့ဗူးသီးအရော ဟင်းလေး သုံးဆောင်သွားပါအုံးလား။
အားနာနဲ့နော်။
ဝက်သား သုံးထပ်သား နဲ့ ရောချက်ထားပါတယ်။ ဆီလည် ရေလည်ချက်လိုက်တယ်။ ဟင်းရည်ချက်စရာလိုတော့ဘူးပေါ့။
ပဲပင်ပေါက်သုပ်။ ဒါက သူ့အကြိုက်။ (ပဲပင်ပေါက်ကို ရေနွေးဖျောလိုက်တယ်။ ပြီးရေစစ်လိုက်တယ်။ သုပ်မယ့်ပန်းကန်ထဲသို့ ပဲပင်ပေါက်ထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ပဲကျက်မှုန့်ထည့်၊ ငရုတ်သီးအကျက်မှုန့်ထည့်၊ ကြက်သွန်နီဆီကျက်ထည့်ပြီး သုပ်ထားပါတယ်။ ချဉ်စပ်လေးစားချင်ရင်တော့ သံပရာသီး (သို့) မန်ကျည်းမှည့်ရည်ထည့်ပါနော်။)
အအီပြေ စားသွားပါအုံးလား။
13 comments:
  1.့ Yay!!! Number 1 ကွ .စားလိုက်ပြီ မမရေ
    ReplyDelete
  2. ပဲပင်ပေါက်သုတ်စားဘူးဘူး မမ ... နောက်သုတ်စားကြည့်ဦးမှ... ဒီနေ့ထောပတ်သီးလည်းဝက်သားအချိုချက်တယ် :)၀က်သားချင်းလဲစားမလား မမ (မမချက်တာပိုစားကောင်းမယ်ဆိုတာသိနေလို့) ဟီးဟီး
    ReplyDelete
  3. စားပါတယ်အစ်မ ၀က်သားဟင်းဆိုဘယ်လိုဖြစ်ဖြစ်ကြိုက်ပြီးသား အစ်မကတကယ်လက်ရာကောင်းတာပဲ
    စေတနာလည်းကောင်းတယ်
    ကျေးဇူးနော်
    ReplyDelete
  4. မမ ရေ..ဘယ်လို လေးတွေ ချက်ရမလဲ ဆိုတာ ရေးဘူးလား ဟင်..၊ ဘာပဲဖြစ်ဖြစ် ပါ..မမက ဒါကို ဒီနေ့ တင်တယ်ဆိုရင်..နောင့် လဲ ဒီတစ်ပါတ် အတွင်း အဲ့ဒါ လိုက်ချက်ဖြစ်တယ်..ဟိဟိ ဟင်းစပ်နည်းလေး တွေ ဝေမျှတာ ကျေးဇူး ကမ္ဘာပါ..။ :D
    ReplyDelete
  5. ဝက်သားဘူးသီးတော့ မစားဘူးသေးဘူး။ နည်းတစ်ခုရပြီ။ကျေးဇူး :)
    ReplyDelete
  6. ကျောပိုးအိတ်က ၀က်သားစားဘူးတော့။ သေးလို့ ။ ၀က်အမေဘဲစားတယ်။
    အဟားဟား
း)
    ခုလဲ အိမ်မှာ ဘာမှမချက်ဘူး။ ဟင်းလာယူသွားပြီနော်။
း)
    ပဲပင်ပေါက်သုတ်
    စားဘူးဘူး။ မြည်းကြည့်တော့ လျှာလည်သွားတာနဲ့  မသွားတယ်။
    လိမော်သီးလား။ မှန်း။ အိုးမိုင်ဂေါ့။ ကောင်းတယ်။ ပန်းကန်လိုက်မသွားပြီ။
    ကျန်တဲ့ အကိုတွေ အမတွေလာရင် မမပြန်ချက်ကျွေးလိုက်နော်.
    သြော် မေ့လို့ 
    မမနဲ့ ကိုယ်တော်ကြီးစားဘို့ နည်းနည်းတော့ ချန်ထားခဲ့တယ်။
    အဟေဟေ
    ReplyDelete
  7. ဒို့ကဝက်သားဆိုကြိုက်မှကြိုက်
    ReplyDelete
  8. ချက်ဖို့ အိုင်ဒီယာလာယူတာ :)
    ReplyDelete
  9. သူများတွေ စားသွားတာကုန်ပြီတဲ့။ဟင့်
    အိမ်ဘဲလာစားတော့မယ်နော်။
    မမကိုအမြဲတမ်းခင်နေမဲ့
    မေလေး
    ReplyDelete
  10. i have ဟင်းစပ်နည်းစာအုပ် but i don't cook. if u want, just tell me
    ReplyDelete
  11. vista
    ရေးးးးးးးးးးး ၁ ရသွားတယ်ပေါ့
    ထောပတ်သီး ညီမလေး
    အမြင်တာလှတာပါ တကယ်လာစားကြည့် ကောင်းဘူး။
    cyborg-xd
    လာစားလို့ ကျေးဇူးတင်ပါတယ်ရှင်။
    မေဇင်
    နောက်ဆို ချက်နည်း ရေးပေးပါ့မယ်နော်။
    စုဘူးလေး
    ရှိတာကိုရောချက်လိုက်တာပါ။
    ကျောကျောလေး
    rose of sharon
    ကျွန်မက အသားထက် အဆီဆို ပိုကြိုက်
    မီယာရေ
    ကျွန်မ အိုင်ဒီယာကတော့ မကောင်းဘူးကွယ်။ ဒီဟင်းက အဆင်ကောပြေရဲ့လား။
    မေလေး
    အိမ်လာမယ်ဆို ကြိုပြောနော်။ ထွက်ပြေးဖို့အချိန်ရအောင်။ :D
    Su
    ဟင်းစပ်နည်းစာအုပ်ရှိရင် လိုချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  12. ပဲပင်ပေါက် ဆို ဘယ်လို လုပ်လုပ် ကြိုက်တယ်..
    ပါဆယ် ထုတ်သွားပြီး))
    ReplyDelete
  13. ko taw gyee ko may kyee par... sho mee ka pae pin pauk thoke nae hta min owe yae pae pin pauk thoke bae har po kyite lae lo......
    ReplyDelete