Monday, July 20, 2009

ဆလပ်ရွက်သုပ်

ဆလပ်ရွက်ကို အတို့အနေနဲ့စားလို့ ရသလို သုပ်စားလဲ ရတယ်နော်။ ဆလပ်ရွက်သုပ်က သူငယ်ချင်းအိမ်သွားတုံးက သူငယ်ချင်းမိန်းမက သုပ်ကျွေးတာ။ သူ့အတိုင်းသုပ်ထားပါတယ်နော်။ အိမ်တစ်အိမ်လည်ရင် အနည်းဆုံးဟင်းတစ်မျိုးတော့ တိုးတယ်။ တစ်အိမ်နဲ့ တစ်အိမ်လဲ ဟင်းချက်နည်းတွေ မတူကြဘူးလေနော်။ ကြိုက်ပြီဆိုရင် ချက်နည်းလေးမေးခဲ့တယ်။ ဒီနေ့တော့ ဆလပ်ရွက်ကို သုပ်စားလိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ဆလပ်ရွက်သုပ် (ဆလပ်ရွက်အနေတော်ပါးပါးလှီး၊ နှမ်းထောင်း (သို့) မြေပဲဆံထောင်း၊ ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီး၊ တစ်လုံးကို ဆီကျက် ၀ါဝါချက်၊ ပဲကျက်မှုန့်၊ ပုဇွန်ခြောက်ထောင်း၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့် ထည့်ပြီး နယ်လိုက်ပါတယ်နော်)



ပုဇွန်ငါးပိချက်

ပုဇွန်ငါးပိချက်၊ ဆလက်ရွက်သုပ် နဲ့ ဗူးသီးချဉ်ဟင်းရည်။ သုံးဆောင်သွားပါအုံးလား။



ပုဇွန် ငါးပိချက် အတွက် လိုအပ်သောအရာ

ပုဇွန်
ခရမ်းချဉ်သီး ၃ လုံး
ငရုတ်သီးစိမ်း ၅ တောင့်
ဗမာနံနံ
ငါးပိစိမ်း (သို့) ငါးပိကင်


ချက်ပုံ

ပုဇွန်ကို အခွံခွာရေဆေးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်နည်းနည်းနဲ့နယ်ထားပါ။ အခွံကလေးနဲ့ကြိုက်လဲ မခွံမခွာပဲချက်စားလို့ရပါတယ်နော်။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ခရမ်းချဉ်သီးကိုထည့်ပါ။ ငါးပိထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ အရောင်တင်မှုန့်အနီထည့်ပါ။ ခရမ်းချဉ်သီးများ အိပြီး လိတ်သွားအောင်အထိချက်ပေးပါ။ ပြီးရင် နယ်ထားသော ပုဇွန်ထည့်ပါ။ ၁၀ မိနစ်လောက်နေရင် ပုဇွန်လဲရပါပြီနော်။ မီးဖိုပေါ်က ပုဇွန်အိုးချခါနီး ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ နံနံပင် ပါးပါးလှီးထည့်ပါ။ ဒီနေ့ ကျွန်မမှာ နံနံပင်မရှိလို့ မထည့်လိုက်ဘူးနော်။ ဒီ ပုဇွန်ငါးပိချက်နည်းကလဲ သူငယ်ချင်းမိန်းမရဲ့ ချက်နည်းပါပဲနော်။ ကြက်သွန်ဖြူ နီ မပါဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ စားကောင်းပါတယ်။ ဒီလိုလေးလဲ ချက်စားကြည့်ပါလား။

21 comments:

  1. ဆလပ်ရွက်သုတ် ကျနော်လည်း ကြိုက်တယ်ဗျ
    အသား ငါးတွေထက် အသီး အရွက် တွေကို ပိုကြိုက်တယ် ... ဂွတ်တယ် ..
    ကျေးဇူးဗျာ အစ်မ မိုးကောင်းသူ :)
    ဒါနဲ့ ကျနော်လည်း တစ်ချိန်က မိုးကောင်းသား ဗျ ....
    အခုတော့ မိုးကောင်းကိုတောင် မရောက်တာ ကြာပြီ :)
    ပျော်ရွှင် ပါစေ အစ်မ

    ReplyDelete
  2. အိုး....မိုက်တယ်...ဒီတစ်ခါ ချက်နည်းလေးတွေက လွယ်တယ်... အဲ့တိုင်းချက်စားမယ်... ဒီနေ့ပဲ ချက်မယ်... ပုစွန်ကို ... ဆလပ်ရွက်တော့ နောက်တစ်ပါတ် ဈေးသွားတော့မှ ၀ယ်သုတ်စားမယ်... ပုစွန်ငပိချက် ကို ဒီနေ့ ဂေါ်ဖီ နဲ့ပဲ တို့တော့မယ်... မနက်ဖြန်လဲ ထမင်းချိုင့်ထည့်မယ်... ။ ကျေးဇူးနော်ချစ်မမကြီး....း)


    ခင်တဲ့
    မေဇင်

    ReplyDelete
  3. ဆလပ်ရွက်သုပ်နည်းလေးယူသွားတယ်။
    သုပ်စားလို့ရမှန်းတောင် မသိဘူး
    ကျေးဇူးပါ မိုးကောင်းသူရေ

    ReplyDelete
  4. ပုဇွန်ငါးပိချက်ကိုအကြိုက်ဆုံး...း)

    ReplyDelete
  5. ဆလပ်ရွက်ကစပ်တယ်..ကြိုက်ဘူး...း(...

    ReplyDelete
  6. ပုဇွန်ငါးပိချက်တော့ကြိုက်တယ်..အဟီး..

    ReplyDelete
  7. ငပိချက် နဲ့  ဆလပ်ရွက်လေး လိုက်တယ်နော်..
    ကြိုက်တယ်. ဆလပ်ရွက် ကို တို့ စားလဲ ကြိုက်တယ်း))

    ReplyDelete
  8. ဆလပ်ရွက် -ကောင်းပါတယ် ထမင်းနဲ့စားဖို့ အတို့အမြုပ်ဖို့ဆိုရင် ဟင်းသီးဟင်းရွက် အကုန်ကြိုက်တယ် :)

    ReplyDelete
  9. ထမင်းစားမြိန်အုန်းမယ်.. စားချင်တယ်..။

    ReplyDelete
  10. ဆလတ်ရွက်သုတ်ကြိုက်ပါတယ်။ ပုစွန်ကို ဟိုတစ်နေ့ ကသုတ်တာကြိုက်တယ်။ ဘူးသီးချဉ်ဟင်းလေးလည်း စားသွားပြီ။ ကိုယ်တော်ကြီးတော့ ဝ ဝလာပြီနဲ့တူတယ်နော်။ မ အချက်အပြုတ်ကောင်းတာနဲ့။

    ReplyDelete
  11. မမရေ ဆလပ်ရွက်သုတ်တော့မစားဖူးဘူး စားချင်တယ် အသုတ်ဆိုရင်ကြိုက်တယ် ဒီနေ့ချက်တာတွေကြိုက်တယ် နှိုက်စားသွားတယ် ညနေစာမစားရသေးဘူးခုထိ ဗိုက်မစာလို့ မမဆီလည်းလာရော ဗိုက်စာပြီးပြန်သွားရပြီ အဟင့်

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. မေ့လို့ အိမ်က သုပ်စားရင် ကြက်ဥပြုတ်နဲ့ ခရမ်းချဉ်သီး ပါးပါးလှီးပြီး ထည့်သေးတယ်..။

    ReplyDelete
  14. ဟုတ်တယ်နော်.

    အစတုန်းက သိထားတာ ဆလပ်ရွက်ဆိုတာ
    အကြော်နဲ့ စားမယ်။ ပြီးရင်တို့း စရာလုပ်စားမယ်။ ဒီလောက်ဘဲသိတာ။

    ခုတော့ သုတ်စားလို့ ရတယ်ဆိုဘဲ။ နည်းနည်းတော့ ခါးသက်သက်ဖြစ်မယ်နဲ့ တူတယ်နော် မမ။

    ဘာဘဲပြောပြော လုပ်စားကြည့်ဦးမှ

    ReplyDelete
  15. ဆလပ်ရွက်ကို ခပ်ကြီးကြီးလှီးပြီး ကြက်ဥ၊ဆီချက်၊ခရမ်းချဉ်သီး။
    သံပရာရည်လေးဆမ်းပြီး သုပ်စားတာလည်းကောင်းတယ်။

    ReplyDelete
  16. အမရေဆလတ်ရွက်သုပ်တခါမှမစားဖူးဘူး
    လုပ်စားကြည့်ဦးမယ်
    အမကတကယ့်ပရော်ဖက်ရှင်နယ်ဖြစ်နေပြီ
    စပ်ဟပ်ထားတာလည်းအရမ်းလှတယ်
    :D

    ReplyDelete
  17. မမရေ
    လာလာစားပြီး အကြောင်းမကြားနိုင်ဘူးဖြစ်နေတယ်(နောက်ကျောမလုံလို့)
    ခုတော့ အဝတုတ်သွားပြီ။

    ReplyDelete
  18. ဆလတ်ရွက်ကို သုတ်တာရော အကြော်စားရင်း ဒီအတိုင်းစားတာရောကြိုက်တယ်..ပုဇွန်ကတော့ အကြိုက်ဆုံးပါပဲ...။
    အမအိမ်ရောက်မှပဲ မနက်စာ စားဘို့သတိရမိတော့တယ်
    အလိုလိုဆာလာလို့လေ..။

    ReplyDelete
  19. ဒီ Salad မှာ ဘယ်လို Lettuce ကိုသုံးလဲဗျို့။

    ReplyDelete
  20. ပုဇွန်ငပိချက်လေး မှတ်သွားတယ်..
    လွယ်တယ်နော်..

    ReplyDelete
  21. မိုးသောက်ရေ
    အစ်မလဲ မိုးကောင်းမရောက်တာ အတော်ကြာပါပြီ။

    မေဇင်
    အစ်မလ လာစားမယ်လေ။ ရလား။

    မေသစ္စာမောင်
    ကျွန်မလဲ သူငယ်ချင်းရဲ့ မိန်းမနည်းအတိုင်းသုပ်ထားတာပါရှင်။

    rose of sharon
    သူငယ်ချင်းရဲ့ မိန်းမချက်နည်းပါ။

    ဂျပန်ကောင်လေး
    နောက်တစ်ခါ အစပ်လျှော့ပေးမယ်နော်။ ပုဇွန်တော့ ကြိုက်တယ်ဟုတ်။ များများစားသွားနော်။

    မီးမီးချစ်
    ငါးပိချက်နဲ့ ဆလပ်လေး လိုက်မှလိုက်ပဲနော်။

    နိုင်ကို
    ကျွန်မလဲ အသားထက် အသီးအရွက်ပိုကြိုက်တယ်။

    ဖြိုး
    များများစားသွားနော်။ အားနာနဲ့။

    စုဘူးရေ
    ကိုယ်တော်ကြီးကို ထမင်းလျှော့ကျွေးတယ်။ ဟီး

    ထောပတ်သီးလေး
    ဒီအစ်မကြီးက ညီမလေးကို ဗိုက်ဆာအောင် လုပ်မိတယ်။

    ကျောကျော
    ဆလပ်ရွက်က နည်းနည်းတော့ ခါးသက်သက်ပဲ။ တစ်ချို့လဲ မခါးဘူးနော်။ မြေပဲဆံထောင်းနဲ့ပဲကျက်မှုန့်နဲ့ပါတော့ ခါးတော့ဘူးရယ်။

    JuneOne
    အဲလိုလေးလဲ သုပ်စားအုံးမယ်။ အသုပ်ဆို ဘာနေနေကြိုက်လို့။

    ညီမ ဇာခြည်
    ပရော်ဖက်ရှင်နယ်တော့ ဟုတ်ဘူးနော့်။ နောက်ကွယ်မှာ ဖြစ်ပျက်နေတာ မသိလို့။ :D

    မေလေး
    အေးအေးဆေးဆေးမှ လာပါ။ ရပါတယ်။ အ၀ စားသွားနော်။ အားနာနဲ့။

    ကိုမြစ်ကျိုးအင်း
    မန္တလေးက အကြော်ဆိုင်တွေဆို ဆလပ်ရွက်ပါပေးတယ်။ အကြော်နဲ့စား၊ အချဉ်နဲ့တို့စား ကောင်းတယ်နော်။

    weik zar
    ကျွန်မက ရိုးရိုး ဆလပ်ရွက်ကို ၀ယ်ပြီးသုပ်ပါတယ်ရှင်။ တစ်ချို့လဲ ဂေါ်ဖီထုပ်လိုပုံစံရှိတဲ့ ဆလပ်ရွက်နဲ့လဲ သုပ်စားပါတယ်။ ဒီမှာတော့ ဆလပ်ရွက်စုံတယ်နော်။ ခရမ်းရောင်တွေလဲရှိတယ်။

    ပေါက်
    လွယ်တယ် လွယ်တယ်။

    ReplyDelete