အုန်းနို့ခေါက်ဆွဲ သုံးဆောင်သွားပါအုံးလား။
လိုက်ပွဲ (အမှန်က နံနံပင်၊ ကြက်သွန်နီ၊ ပါပလာကြော် နဲ့ ငရုတ်သီးမှုန့် မထည့်ခင် ရိုက်ထားတာ) :D
နံနံပင်၊ ကြက်သွန်နီ၊ သံပရာသီး
ခေါက်ဆွဲခြောက်ကြော်အစား ပါပလာကြော်
ကြက်ဥ ခေါက်ဆွဲပြုတ် ကြိုက်သလောက်သာ စားနော်။ အားမနာနဲ့။
လိုအပ်သောအရာ
ကြက်သား (အရိုး နဲ့ အသား မိမိကြိုက်သလောက်ထည့်)
ကြက်ဥ ၄ လုံး
ပဲပြား ၁၀ တုံး (ကြော်ပြီးသား ၀ယ်ထည့်လိုက်ပါတယ်)
ခေါက်ဆွဲ
အုန်းနို့ အနှစ် (200 ml) အသေးတဗူးပဲထည့်လိုက်တယ်
မွှေး ပဲကျက်မှုန့် အထုပ်သေး ၁ ထုပ်
နံနံပင်
သံပရာသီး
ကြက်သွန်နီ ၄ လုံးကြီးကြီး (အသေးဆိုရင် ၁၀ လုံး)
သကြား
အုန်းနို့ ခေါက်ဆွဲ ဟင်းရည်ချက်ပုံ
ကြက်သားကို အတုံးသေးသေးတုံးပြီး ရေဆေးပါ။ ဆား၊ အချိုမှုန့်၊ ဆနွင်း ထည့်ပြီးနယ်ပါ။ ဟင်းရည်ချက်မယ်အို့တည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် နယ်ထားတဲ့ ကြက်သားကိုထည့်ပြီး အရင်လုံးပေးပါ။ ၁၀ မိနစ်လောက်ဆိုရပါပြီ။ ကြက်သွန်နီ ၃ လုံးကို လေးခြမ်းစိတ်ထည့်ပါ။ အလုံးသေးသေးကိုထည့်ရင် ပိုကောင်းပါတယ်။ ကျွန်မက အကြီးပဲရှိလို့ လေးခြမ်းစိတ်ထည့်လိုက်ပါတယ်။ ကြက်သွန်နီကိုပါ ခဏလုံးလိုက်ပါ။ ပြီးရင် မိမိလိုသလောက် ရေနွေးထည့်ပါ။ ကျွန်မကတော့ ထမင်းပေါင်းအိုး (၄ လုံးချက်) ရေနွေး အပြည့်နီးပါးထည့်ပါတယ်။ ရေအေးထည့်လဲ ရပါတယ်နော်။ ကျွန်မက ဟင်းရည်ချက်ရင် ရေနွေးထည့်တဲ့ အကျင့်ဖြစ်နေလို့ပါ။ အုန်းနို့အနှစ်ထည့်ပါ။ ပြီးရင် ဆူနေအောင်တည်ထားပါ။ ဆူလာရင် ပဲကျက်မှုန့်ကို ရေကျက်အေးနဲ့ ပဲကျက်မှုန့်များ ပျော်သွားအောင်ဖျော်ပါ။ ပြီးရင် ဆူနေသောအိုးထဲသို့ ထည့်ပါ။ အိုးအဖုံး အဖုံးထားပါနဲ့နော်။ ပဲကျက်မှုန့် အမြုပ်တွေထလာတယ်။ ဝေကျသွားမှာစိုးလို့ပါ။ ပြီးရင် ဆား၊ အချိုမှုန့်၊ သကြားထည့်ပြီး ဆူနေအောင်တည်ထားပေးပါ။ ကြက်ဥကိုလဲ ပြုတ်ပြီး ပါးပါးလှီးပြီးထည့်ပါ။ အလုံးလိုက်ထည့်လဲ ရပါတယ်နော်။ ဆူပြီး အမြုပ်များလဲ ကုန်သွားရင်တော့ အုန်းနို့ခေါက်ဆွဲ ဟင်းရည် ရပါပြီနော်။ သုံးဆောင်းသွားပါအုံးနော်။
မမမိုးရေ အုန်းနို့ခေါက်ဆွဲစားချင်နေတာ ကြာပြီ... အဟင့်... မြင်သာမြင်ရ မကြင်ရတဲ့ဘ၀ပါလား..
ReplyDeleteအုန်းနို့ခေါက်ဆွဲစားချင်တယ်။ အရင်နေ့ကလည်း ထမင်းသုပ်စားသွားတယ်။ ဟိုပန်းကန်က နည်းနည်း၊ ဒီပန်းကန်က နည်းနည်း။
ReplyDeleteမဇနိ
နှိပ်စက်တယ်နော်. နှိပ်စက်တယ်.. ကျေနပ်ဘူး..
ReplyDeleteအုန်းနို့ခေါက်ဆွဲအလွန်ကြိုက်ပါသည်။ အခုပုံတွေ့တော့လဲစားချင်ပါသည်။ မနေ့ကပဲ ဆန်ဘာဝမ်း ကျောင်းမှာ စားလာခဲ့ပြီးပြီ။
ReplyDeleteoh gosh!! i want to eat i want to eat.
ReplyDeletethet htar