ရန်ကုန်၊ မန္တလေးမှာ မနက်ခင်းဆိုရင် မုန့်ဟင်းခါး၊ အုံးနို့ခေါက်ဆွဲ၊ နန်းကြီးသုပ်........တွေကို စားတတ်ကြပါတယ်။ ကချင်ပြည်နယ်မှာတော့ မနက်ခင်းဆို ဆန်ဆီးရှမ်းခေါက်ဆွဲကိုသာ စားတတ်ကြပါတယ်။ အိမ်မှာတော့ ဒီလိုနည်းပဲ အမြဲချက်စားပါတယ်။
လိုအပ်သောစာရင်း
၁။ ဆန်ဆီးခေါက်ဆွဲ ၁ ပိသာ
၂။ ငါးကြင်း ၂၅ ကျပ်သား
၃။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း
၎။ မြန်မာနံနံ၊ ရှမ်းနံနံ
၅။ မျှစ်ချဉ်(သေးသေးပါးပါးလှီးထားသော) ၁၅ ကျပ်သား (သို့) ရှမ်းချဉ်
၆။ ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်း (မကြိုက်လို့ မထည့်လဲ ရပါတယ်)
၇။ ပဲမုန့်စိမ်း
၈။ ကုလားဗရာကြော် (မိမိကြိုက်နှစ်သက်ရာ အကြော်စုံထည့်စားနိုင်ပါတယ်)
ခေါက်ဆွဲဟင်းရည်ပြုလုပ်ပုံ
ခေါက်ဆွဲဟင်းရည်အတွက် ရေနွေးအိုးတည်းထားပါ။
ငါးကြင်းကို ရေဆေးပြီး ဆား၊ အချိုမုန့် အနည်းငယ်ထည့်နယ်ပြီး ၁၅ မိနစ်လောက် နပ်ထားပါ။
ပြီးရင် ငါးကြင်းကို မီးသွေးမီးနဲ့ကင်ပါ။ မီးဖြည်းဖြည်းနဲ့ကင်ပေးပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ဆို ရပါပြီ။ မီးသွေးမီး မရှိလဲ ဆီနည်းနည်းနဲ့ ကြော်ပေးပါ။ မီးကင်တာကတော့ ပိုပြီးမွှေးတာပေါ့။ ငါးကျက်ပြီဆိုရင် အအေးခံထားပြီး အရိုးနွင်ပါ။ ပြီးရင် ဟင်းရည်းအိုးလုပ်မယ့်အိုးထဲသို့ အရိုးနွင်ထားသော ငါးကြင်း၊ ကြက်သွန်နီ လေးခြမ်းစိတ် ၇ လုံး ကြက်သွန်ဖြူ တမွှာကို ဓားနဲ့ရိုက်ပြား၊ ဂျင်းတစ်တက်ကိုလဲ ဓားရိုက်ပြားပြီး ထည့်ပါ။ ဆား၊ အချို့မုန့် ထည့်ပါ။ ရေနွေးထည့်ပြီး ဆူအောင်ထည်ထားပါလေ။ ဟင်းရည်အိုးဆူလာလျှင်စတင် စားသုံးနိုင်ပါပြီ။
ခေါက်ဆွဲနဲ့တွဲဖက်စားမည့်မျှစ်ချဉ်လုပ်နည်း
မျှစ်ချဉ်ကို ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်၊ ရေထည့်ပြီး မိနစ် ၃၀ လောက်ရေခမ်းအောင်ပြုတ်ထားပါလေ။ ကြိုက်တတ်လျှင် ရှမ်းနံနံကို ရေခမ်းခါနည်းထည့်ပါ။
ထည့်စားရမည့် အစာပလားများ
ကြက်သွန်ဖြူ ဆီချက် ဆနွင်းနဲ့ဝါ၀ါချက်ထားပါ။
ငရုတ်ဆီ ဆီချက် ချက်ထားပါ။
ပဲမုန့်ကို ရေဖျော်ပြီး ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်ထည့်ပြီး တိုးပူးနွေး ကျိုသလို မပျစ်မကျဲကျိုပါ။
ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်း တို့ကို ရေနွေးဖျောထားပါ။
ရှမ်းခေါက်ဆွဲပြင်ဆင်ပုံ
ဆန်ဆီးခေါက်ဆွဲကို ပြုတ်ပါ။
စားမည့်ပန်ကန်လုံးထဲသို့ ပြုတ်ထားသော ဆန်ဆီးခေါက်ဆွဲ၊ ကျိုထားသော ပဲမုန့်၊ ဆီချက် ၂ မျိုး၊ ဆား၊ အချိုမုန့်၊ ဖျောထားသော ပဲပင်ပေါက်(သို့) ပဲရွက် (သို့) ဘေဘီမုန့်ညင်း ၊ ကုလားဗရာကြော်၊ ပြုတ်ထားသော မျှစ်ချဉ်တို့ကိုထည့်ပြီး စားသုံးနိုင်ပါပြီ။
(ဓာတ်ပုံကိုတော့ နောက်တခါချက်စားမှ တင်လိုက်ပါမယ်နော်)
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
2 weeks ago

No comments:
Post a Comment