Friday, May 1, 2009

ကြက်သားအာလူးချက် ၊ ချဉ်ပေါင်နဲ့မျှစ်ကြော် နဲ့ ပဲကြီးဟင်းရည်

ကျွန်မ မိုးကောင်းသူလေးရဲ့ထမင်းအိုးကို မေလ ၁ရက်နေ့မှ စပြီး တပတ်အနားပေးလိုက်ပါတယ်နော်။ အိုး........ဘာကြောင့်လဲ ဘာလို့လဲ..........မေးရင်တော့ ကိုယ်တော်ကြီးနှင့် လည်လည် ခရီးထွက်ပါမည်။ လည်လည်ကပြန်လာရင် စားသမျှတခုမကျန်အကုန် ပို့တင်ပေးပါမယ်နော်။

ဒီနေ့ညနေချက်လိုက်တဲ့ဟင်းတွေပါ။ အများကြီးပါလားလို့ထင်တော့မည်။ ကိုယ်တော်ကြီး သူငယ်ချင်း လင်မယားကလက်ဆောင်တွေလာပါးလို့ ညနေစာအတူတူ ပျော်ပျော်ပါးပါး ထမင်းဟင်းချက်စားလိုက်ပါတယ်နော်။ ချက်နည်းတွေကိုတော့ မရေးလိုက်တော့ဘူးနော်။ မိုးကောင်းသူလေး ကျွန်မမှာ အင်မသိ အင်မတန် အိပ်ချင်နေပါပြီ။ (အချိန်လဲ ညကြီးခေါ်မလား မနက်ကြီခေါ်မလား ၂နာရီကျော်နေပါပြီ။ နောက်နေ့လဲ ခရီးဆက်ရမည်ဖြစ်သောကြောင့် အားရှိအောင်အိပ်ပါတော့မည်) နောက်ပြန်ရောက်မှ ချက်နည်း ရေးပေးတော့မယ်နော်။ လာလည်သူများ ကျန်းမာ ချမ်းသာကြပါစေ။




ကြက်သားနဲ့ အာလူးချက် သုံးဆောင်သွားပါအုံးနော်။




ချဉ်ပေါင်နဲ့မျှစ်ကြော်




ပဲကြီးနဲ့ကြာဇံဟင်းရည်




ပဲပြားအစိမ်းသုပ် ချဉ်ချဉ်စပ်စပ်လေး (ကိုယ်တော်ကြီး မိတ်ဆွေသုပ်တာပါ)




နယ်ပြီးပုံ



ပိတ်ရက်ဆို မစားရ မနေနိုင်တဲ့ လက်ဖက်



ကဲ ကြိုက်တဲ့ဟင်းတွေသာ သုံးဆောင်သွားပါနော်။

11 comments:

  1. အခုတင်တင်ချင်းလိုက်လာတာ...

    ဟင်းတွေ ကျန်သေးတယ် မဟုတ်လား...

    ReplyDelete
  2. အိမ်နီးချင်း ဖြစ်ချင်လိုက်တာ ညီမရယ်..

    ReplyDelete
  3. အ၀စားသွားတယ်နော်။

    ReplyDelete
  4. ဟင်းတွေကတော့ အားလုံး အမိုက်စားတွေချည်းပဲ
    အဲ လ္ဘက်တော့ မစားတော့ဘူးနော်.ဆိုးဆေးကြောက်လို့ မဟုတ်ဘူး..သိပ်မကြိုက်လို့ပါ..
ံHave a nice trip ပါ မိုးကောင်းသူလေးရေ..

    ReplyDelete
  5. ဟင်းတွေက ရှယ်ပဲ ... ရှလွတ် ... အတော်ဟင်းချက်ကောင်းမဲ့ ပုံပဲ ... ကိုတော်ကြီး ကံကောင်းတယ် ...

    ReplyDelete
  6. ကြက်သားအာလူးကြိုက်တယ်ဗျို့ 

    ReplyDelete
  7. ကောင်းလိုက်တာ။ ဟင်းမကောင်းတဲ့ နေ့ဒီမှာ လာကြည့်စားရမယ်။

    ReplyDelete
  8. ပဲပြားသုပ်စားချင်လိုက်တာနော်...

    ReplyDelete
  9. ဟင်းကိုစုံနေတာပဲ...
    မြန်မာဟင်းတွေအစုံ..စားချင်လိုက်တာနော်..း)

    ReplyDelete
  10. ချဉ်ပေါင်ကြော် စားချင်တယ်...ချဉ်ပေါင်ကြော် စားချင်တယ်...
    ...ခင်မင်သောအားဖြင့်...

    ReplyDelete
  11. pe pyar ah-sane thoat lay ,,,,,,,,,bal lo lote ya tal,,,,,,,,so ter,,,,,,tin pay per naw.

    ReplyDelete