Friday, June 26, 2009

ယနေ့ဟင်း

ဒီနေ့တော့ ကန်စွန်းချဉ်ဟင်းလေး ပါလာပါပြီနော်။ ကန်စွန်းရွက်ကို အချဉ်ဟင်းလေးချက်လိုက်ပါတယ်။ ကန်စွန်းရွက်ဆို အရိုးပိုကြိုက်လို့ အရိုးများတဲ့အစီးတော့ ရွေးဝယ်ခဲ့လိုက်တယ်။ အမှန်တကယ် ကန်စွန်းချဉ်ဟင်းလေးကို ပုဇွန်စိတ်သေးသေးလေးနဲ့ ချက်စားရင် အကြိုက်ဆုံးပဲ။ ပုဇွန်စိတ်သေးသေး ပိစိကွေးလေးတွေတော့ တခါတလေ တွေ့တယ်။ အဲဒါနဲ့ချက်စားရင်တော့ ကောင်းမလားမသိဘူး။တွေ့မှ ချက်စားကြည့်အုံးမယ်။ ဒီနေ့တော့ ဒါလေးပဲ သုံးဆောင်သွားပါအုံးနော်။



အားနာနဲ့နော်။


အမဲသားနဲ့အာလူးချက် ( အမဲသားချက်နည်းကို ဒီမှာ ရေးဖူးပါတယ်နော်)


ရိုးရိုးရှင်းရှင်းနဲ့ ကန်စွန်းချဉ်ဟင်း


ငရုတ်သီးထောင်း (ကြက်သွန်ဖြူ ၂ တက်၊ ငရုတ်သီး ၅ တောင့်၊ ပုဇွန်ခြောက်နည်းနည်း၊ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း ထည့်ပြီးထောင်းထားပါတယ်။ နံနံပင်ရှိလဲ ထည့်ထောင်းစားနိုင်ပါတယ်။ ပိုမွှေးတယ်။ ဆီစိမ်းလေးကြိုက်လဲ ဆမ်းနိုင်ပါတယ်နော်။)

11 comments:

  1. ကန်စွန်းရွက်ချဥင်္ရည်ဟင်းအရမ်းကြိုက်တယ် စားသွားတယ်မမ .. အမဲသားတော့မစားဘူး

    ReplyDelete
  2. စနေနေ့ကျတော့ မိုးကောင်းသူ ချက်သလို အမဲသားကို ချက်ကြည့်မလို့.... ဆရာမကြီးရဲ့ လက်ရာလောက် မကောင်းရင်တောင်.... တဝက်လောက်မှီရင်ကို ချက်ရကျိုး နပ်ပါပြီ။

    ReplyDelete
  3. ကစွန်းရွက်ချဉ်ရည်နဲ့ အညာထောင်း(ငရုတ်သီးထောင်းကို အညာထောင်းလို့ပဲခေါ်တတ်လို့)စားသွားတယ်။

    ReplyDelete
  4. မမ နောက်တစ်ခေါက်လာစားသွားပြီနော်။ စနေနေ့တကယ်ခေါ်မှာနော်။ဟွန်းး
    အမဲသားမစားဘူးမမရဲ့ ။ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ ငရုတ်သီးထောင်းရယ်၊ ကြက်ဥတစ်လုံးကြော်ပေးနော်။အဟိ။တယ်ဂျီးများတဲ့ဧည့်သည်ဘဲ။

    ReplyDelete
  5. ဟင်းစပ် အရမ်းတည့်တယ်။
    ကန်စွန်းရွက်စားနိုင်တော့ သူက သူဌေး ပေါ့..ဟဲဟဲ
    ဒီမှာ ခံတွင်းပျက်နေလို့ အဲလိုလေး စားချင်လိုက်တာ

    ReplyDelete
  6. မနေ့ကပဲ ကန်စွန်းရွက်ချဉ်ရည်ဟင်းချက်ဖြစ်သေးတယ်။

    အမဲသားတော့ မချက်ဖူးသေးဘူး။ အမေချက်တာပဲ စားဖူးသေးတယ်။
    ကြိုက်တာတော့ ကြိုက်တယ်။
    နောက်မှ ချက်နည်းလေးလာယူပြီး ချက်ကြည့်ရဦးမယ် :D

    ReplyDelete
  7. ငရုတ်သီးထောင်းကိုကြည့်ပြီးသွားရည်ယိုလာလို့
    ဒီညနေထောင်းစားဘို့ဆုံးဖြတ်လိုက်တယ်...

    ReplyDelete
  8. ကြိုက်ပါတယ်ခင်ဗျား။ ကန်စွန်းရွက်ကို ဘယ်လိုလုပ်လုပ် ကြိုက်တယ်။
း)

    ရှလွတ်ရှလွတ်
း)

    ReplyDelete
  9. မိုးပေါ်ထောင်မပစ်နဲ့နော်
    ကိုလူထွေးက ငှက်သားဟင်း မကြိုက်ဘူး...

းဝ)

    ReplyDelete
  10. ဟင်းထောင်းမစားရတာကြာရောပေါ့။
    အခုမှပဲမိတော့တယ်
    ဂျားမုန်းမှာ ငရုတ်ဆုံမရှိဘူး၊ ၀ယ်လို့လည်းမရဖြစ်နေတော့၊ ကြိတ်ဆုံပဲသုံးနေရတယ်လေ။
    ချက်ထားတာတွေစားချင်စရာကွယ်။
    ချစ်တဲ့ညီမ
    ဂျာမုန်းဒန်

    ReplyDelete
  11. အား ...
    အမရေ
    အမဲရွတ်တို့အကြောတို့သိပ်ကြိုက်တာ
    ငရုတ်သီးထောင်းကလဲပါသေး
    သားရေတမြားမြားပဲ :D

    ReplyDelete