Wednesday, February 18, 2009

အမဲနပ်နဲ့ ယနေ့ ညနေစာ



ချက်ပြုတ်ပုံ

အမဲသားကို မိမိကြိုက်သလို အတုံးတုံးပါ။ ရေဆေးပါ။ ပြီးရင် အမဲသားကို ဆား၊ အချိုမုန့်၊ ဆနွင်း၊ ဂျင်းထောင်း အနည်းငယ်ထည့်ပြီး နယ်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် နပ်ထားပါလေ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထောင်း ထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်၊ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ အရောင်နီအောင်ထိကြော်ပါ။ အရောင်တင်အနီမုန့် အနည်းငယ်ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူများနီရဲလာ လျှင် နယ်ထားသော အမဲသားကိုထည့်ပါ။ ၅ မိနစ်လောက်လုံးထားပေးပါ။ (ဟိုမွှေ ဒီမွှေလုပ်ပေးလို့ပြောတာပါ။) ပြီးရင် ဆား၊အချိုမုန့် အနည်းငယ်ထည့် ရေထည့်ပြီး အမဲသားနူးအောင်ထိတည် ထားပါလေ။ ဆီပြန်လာရင် မဆာလာအနည်းထည့်၊ ပဲငံပြာရည်အနောက်ထည့်(ကြာညို့)ပါ။ အသင့်စားသုံး နိုင် သော အမဲနပ်တခွက်ရပါပြီ။




အမဲနပ်၊ မုန်လာဥချဉ်ဟင်း၊ ပါပလာကြော်

No comments: