Wednesday, July 8, 2009
ငါးကင်
အမှန်ငါးကိုဝယ်ခဲ့တုံးက ကျွတ်ကျွတ်လေး ကြော်စားမယ်ပေါ့။ ငါးဆီလေးနဲ့ ထမင်းလေးနဲ့နယ်စားမယ်ပေါ့။ စိတ်ကူး စိတ်ကူး။ ပြီးတော့ စိတ်ကူးက တစ်မျိုးပြောင်းသွားတယ်။ ငါးကို ကင်ကြည့်မယ်ပေါ့။ မိုးကောင်းသူတို့ အုန်းသီးရထားလို့။ မျောက် အုန်းသီးရသလိုပေါ့။ ကင်စက်လေးဝယ်ထားပြီလေ။ ဒီမိုးကောင်းသူ ကြွားတာနော်။ ကင်စက်လေးဝယ်ပြီး မစမ်းသတ်ရသေးဘူး။ ကော်ပြန့်ကိုတော့ မကြော်ပဲ ကင်စက်ထဲထည့်ပြီးတော့ စားပြီးပြီ။ မဟုတ်က ဟုတ်က စမ်းချင်နေတာကြာပေါ့။ ငါး ကင်မယ်ဆိုတော့ အမွှေးအကြိုင်အရွက်လိုသေးတယ်။ အဓိက ဖက်ဖယ်ရွက်လေးပါရင် ရပါပြီ။ ဖက်ဖယ်ရွက်လေး ဆင်းဝယ်ပြီး ဒီလိုလေး ကင်လိုက်ပါတယ်နော်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။
တခြား စားချင်စဖွယ် ငါးကင်များ
မမလုရဲ့လက်ရာ
ညီမဂျာမုန်းဒန်ရဲ့လက်ရာ
ကျွန်မ မိုးကောင်းသူရဲ့လက်ရာ
ကင်ပြီးပုံ (စပ်စပ်လေးနော်)။ ပြီး ထမင်းပူပူနဲ့ ရေနွေးကြမ်းနဲ့ လွေးကြတယ်ကွယ်။ အိမ်သားတစ်ယောက်တိုးလာလို့ ငါးပိုကင်လိုက်တယ်နော်။
မကင်ခင်ပုံ
အစပ်ပြေ နာနတ်သီးသုပ် (ဆား၊ ငရုတ်သီးမှုန့်နဲ့သုပ်ထားပါတယ်)
ငါးကင် အတွက် လိုအပ်သောအရာ
ငါး (မိမိကြိုက်နှစ်သက်ရာ ငါး။ အိမ်မှာတော့ စလားဖီးငါး ကင်တာများတယ်)
ကြက်သွန်နီ ၃ လုံး (အနှစ်များများစားချင်ရင် ကြက်သွန်နီများများထည့်ပါနော်။ တစ်ခါတစ်လေ ငါးထက် အနှစ်ကိုပိုစားချင်တယ်။)
ကြက်သွန်ဖြူ ၇ တက်
ဂျင်း လက် ၄ ဆစ်
ငရုတ်သီး ၁၀ တောင့် (စပ်စပ်လေးဖြစ်အောင်ထည့်လိုက်တယ်ကွယ်)
ပင်စိမ်းရွက် (ကျွန်မမှာ မရှိလို့မထည့်လိုက်ပါဘူး)
ဖက်ဖယ်ရွက်
နံနံပင်
ရှမ်းနံနံ (ကျွန်မမှာ မရှိလို့မထည့်လိုက်ပါဘူး)
ငါးကင်အတွက် ပြင်ဆင်ပုံ
ငါး အကြေးခွံကိုသေချာခွာရေနဲ့ဆေးလိုက်တယ်။ ပြီးရင် မန်ကျည်းမှည့် နည်းနည်းကို ရေဖျော်ပြီး ငါးကို ဆေးပါ။ အိမ်မှာတော့ ဘယ်ငါးချက်ချက် မန်ကျည်းမှည့်နဲ့ ဆေးတတ်ပါတယ်။ ငါး အညှီနံတွေ ပျောက်သွားအောင်ပါ။ ပြီးရင်တော့ ငါးကို ဆား၊ အချိုမှုန့်နဲ့ နယ်ထားပြီး ၁၅ မိနစ်လောက်နပ်ထားပါ။ ငါးထဲ ဆားလေး ပြားလေး ၀င်သွားအောင်ပါ။ ငါးကို နပ်ထားတဲ့အချိန် အဆာပလာကို လုပ်ပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ နံနံပင်တို့ကို ဆား နဲ့ အချိုမှုန့် နည်းနည်းထည့်ပြီး တောက်တောက်စင်းပါ မဟုတ်လဲ ထောင်းနိုင်ပါတယ်နော်။ (ဆား နဲ့ အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ မဟုတ်ရင် အဆာပလာက အရသာမရှိဘူးဖြစ်နေလိမ့်မယ်) ပြီးရင် ငါးဗိုက်ထဲသို့ အစာပလာသွတ်၊ ပါးဟက်ထဲသို့ အစာပလာသွတ်ပြီး ကင်နိုင်ပါပြီ။ ဒီနေ့ဝယ်ထားတဲ့ငါးက သေးတော့ အပေါ်ကနေပဲ အစာပလာဖြန့်ပြီးဖြူးလိုက်ပါတယ်။ ပြီး ဆီစိမ်းနည်းနည်းဆမ်းလိုက်တယ်။ ဆီလေးပါတော့ အဆာပလာအိသွားအောင်လို့။ ဆီမထည့်လဲရတယ်နော်။ ပြီး ကင်စက်ထဲထည့်လိုက်တယ်။ အပေါ်မီး မိနစ် ၂၀၊ အောက်မီး ၂၀ နဲ့ကင်လိုက်ပါတယ်နော်။ အပူချိန် ၂၀၀ လောက်ထားလိုက်ပါတယ်။ ဒီတစ်ခါ ကင်စက်လေးရှိသွားပြီကွယ်။ ကြုံတုံး ကြွားလိုက်တယ်နော်။ ဒီလိုလေး လုပ်စားကြည့်ပါလား။
19 comments:
  1. ကြိုက်တယ်မမ ငါးဆိုငါးဟင်းလုံးဝမကြိုက်ဘူး ငါးကြော်ကြွပ်ကြွပ်ကြော်တာမျိုး ငါးကင်တာမျိုးဆိုရင်တော့တအားကြိုက်တယ်
    ReplyDelete
  2. နာနတ်သီးလေးထပ်လာပြန်စားတယ် စားဖို့ကျန်ခဲ့လို့
    ReplyDelete
  3. ကောင်းလိုက်တာကွယ်..ငါးကင်စားချင်နေတာကြာပြီ..
    ReplyDelete
  4. ဝေး...ဒီတစ်ခါတော့...နည်းလေးပါ ထည့်ပေးတယ်..။ ကျေးဇူး ချစ်မမ..။
    ReplyDelete
  5. ဟိုက်အလုပ်များနေတာနဲ. အရိုးပဲကျန်တော.တယ်
    ReplyDelete
  6. This comment has been removed by the author.
    ReplyDelete
  7. မမ Electric oven နဲ.ကင်တာလား mircowave ovenနဲ.လား ?
    ReplyDelete
  8. မမ Electric oven နဲ.ကင်တာလား mircowave ovenနဲ.လား ?
    ReplyDelete
  9. ငါးဟင်းမကြိုက်ပါကွယ်၊ ကြော်ရင် ကင်ရင်စားတယ်။ အများကြီးစားတယ်။
    ဒီတော့ မမက ကျောပိုးအိတ်လေးကို အရိုးနွှင်ပေးနော်။ အို ... တခါထဲခွံ့ ပါကျွေးနော်။
    အဟဲ။
    နာနတ်သီးသုတ်လေးလဲခွံ့ ကျွေးနော်။ ချွဲတာ။ အဟေဟေ။
    မမ အစပ်တော်တော်စားပုံရတယ်နော်။ မမ အကြိုက်လား ကိုယ်တော်ကြီးအကြိုက်လားဟေ့။
    ချစ်မြူးလေးလဲ လာမမန့် သေးဘူး။
    သူ့ ကိုလဲလွမ်းနေတာ။
    ReplyDelete
  10. ဖက်ဖယ်ရွက် ကို ဘိုလို အခေါ်သိရင် ပြောပြပါလား.... စမ်းပြီး ကင်ချင်လို့
    ReplyDelete
  11. တစ်နေကုန်အိပ်ပျော်နေတာနဲ့ နောက်ကျသွားတယ်ရှင်။ ငါးကင်လဲကြိုက်တာဘဲ။ မန်းအကင်ဆိုင်တွေကို လွမ်းလိုက်တာ။ နာနတ်သီးကို နောင်နောင်သည်လို သုတ်တာလား အမ။ သိပ်ကောင်းတာဘဲ။ ကင်စက်လေးလဲ လိုချင်တာဘဲ။ ကိုယ့်အိမ်ထောင်နဲ့ ကိုယ်မှဝယ်တော့မယ်။ဟီးဟီး။ ဘာမှလဲ မဆိုင်ဘူး
    ReplyDelete
  12. အိမ်သားကဘယ်နှယောက်မို့လို့လဲ
    ငါးတွေက အများကြီးရယ်...
းဝ)
    ReplyDelete
  13. ဟာ....မမမိုးကောင်းသူရဲ့လက်ရာကတယ်မိုက်တယ်။
    အရသာရှိမဲ့ပုံပဲ။ စားချင်လိုက်တယ်ရှင်။
    အဲလိုငါးမျိုးတို့ဆီမှာဝယ်လို့ရရင်အရမ်းကောင်းမှာ။
    အရမ်းကိုကြိုက်စားသွားပြီမမရေ။
    ချစ်ခင်စွာဖြင့်
    ညီမဂျာမုန်းဒန်
    ReplyDelete
  14. မမ ငါးကင်တစ်ကောင်ဆွဲသွားပြီ။နာနတ်သီးပန်းကန်က မသွားတယ်။
    မမကိုချစ်တဲ့
    မေလေး
    ReplyDelete
  15. အားပါး
    အပီအပြင် ဆွဲသွားပါတယ် ဒေါ်လေးကောင်းခင်ဗျာ။ =)
    ReplyDelete
  16. ညီမလေး ထောပတ်သီး
    ခလုတ်တိုက်ခဲ့သေးလား။ ချက်ချင်းရောက်လာလို့။ :D
    စူးနွယ်
    နေမကောင်းနေရင် ငါးကင်လေးလဲ ခံတွင်းလိုက်တယ်။ စားကြည့်ပါ။
    မေဇင်
    ရတယ် ရတယ်။ ချစ်ညီမလေး
    vista
    သူတွေတုံး အရိုးပဲကျန်ထားခဲ့တာ။ vista စားဖို့ကျန်ထားကြပါအုံး။ Electric oven နဲ့ကင်တာပါရှင်။
    ကျောကျောလေး
    Heartmuseum
    ဒီမှာတော့ ဖက်ဖယ်ရွက်ကို Laksa leave ဆိုပြီးရေးထားပါတယ်။
    စုဘူးရေ
    မန်းအကင်ဆိုင်ကိုလဲလွမ်း အိမ်ကိုလဲလွမ်း အားလုံးလဲလွမ်း........အဲဆိုင်လာသိဘူး။ နောင်နောင်သည်လိုသုပ်ထားတာ။ နွယ်ချိုမှုန့် ၊ ဆေးသကြားမှုန့်တို့တော့ မပါဘူးနော်။
    Pak Karamu
    Thank you so much for visiting my blog.
    ကျေးဇူးတင်ပါတယ်ရှင်။
    ကိုလူထွေး
    တစ်ယောက်တိုးပါတယ်။
    ညီမဂျာမုန်းဒန်
    ညီမ ငါးကင်တာမြင်ပြီးစားချင်နေတာ။ ညီမလက်ရာလဲ ကောင်းပါတယ်နော်။ မြင်သာနဲ့ သိတယ်။
    မေလေး
    ငါးတစ်ကောင်ပျောက်သွားတယ်မှတ်တယ်။ မိပြီ။ ကျွေးဖို့ ဟုတ်ဘူးနော်။ အလှထားထားတာ။ ပြန်ပေး။ :D
    ဇော်
    အပီအပြင်ဆွဲသွားလို့ ဒေါ်လေးမိုးကောင်းက ကျေးဇူးတင်ပါတယ်ရှင်။ နောက်လဲ လာဆွဲနော်။
    ReplyDelete
  17. ဟေးးး ဟေးးးး ကျေးဇူးပဲ...ငါးကို အကင်ပါတီ လုပ်စားမလို့ ဖက်ဖယ်ရွက်ကို မရမက ရှာလိုက်အုံးမယ်။ မြန်မာပြည်လို မီးသွေးနဲ့ ကင်မယ်။
    ReplyDelete