ဒီနေ့ ကိုယ်တော်ကြီးမွေးနေ့မို့လို့ နှစ်ယောက်သားအပြင်မှာ သွားစားဖြစ်တယ်။ စားမယ်ဆိုတော့လဲ ဘာစားရမှန်းမသိဘူး။ ခုတစ်လော ကျွန်မမိုးကောင်းသူလေးမှာ အစားလဲ ပျက်နေပါသည်။ ထမင်းတစ်ပြည်အိုးချက်တာ ကုန်ပါသည်။ :D ဒါနဲ့ ဘူးဂေ့နားက မီးရောင်ဖြိုးဖြိုးဖျက်ဖျက်လင်းတဲ့ (Iluma at Bugis) လေးလွှာကိုသွားပြီး လျှောက်ပတ်ကြည့်တယ်။ ဒီတစ်ခါ ပထမဆုံးရောက်ဖူးတာပဲ။ တစ်ခါမှ မရောက်ဖူးဘူး။ ဒါနဲ့ ရှိတဲ့ဆိုင်တွေထဲက ဟိုဆိုင်က မီနူးကြည့် ဒီဆိုင်က မီးနူးကြည့်နဲ့ အချိန်ကကြာသွားတယ် ဘာစားရမလဲ ဆုံးဖြတ်လို့မရဘူး။ အဲဒီဆိုင်တွေထဲက ကိုရီးယားဆိုင်ကိုပဲ ရွေးလိုက်ပါတယ်။ ကိုရီးယားအစားအစာဆိုတော့ ကင်ချီမ်မှာလိုက်တယ်။ ကျွန်မက အချဉ်ကြိုက်တာလဲ ပါတယ်။ ကင်ချီမ်ဟင်းရည်က အတော်လေးကို ကောင်းပါတယ်။ ဟိုတစ်ခါ
ကိုရီးယားဆိုင်ထက် ပိုပြီးလဲ သားနားတယ်။ စားလို့လဲ ပိုကောင်းတယ်ထင်တယ်။ အရင်ဆိုင်တော့ မရှိတော့ဘူး။ ဘယ်နားပြောင်းသွားမှန်းမသိဘူး။ ဒီဆိုင်ရဲ့ ကင်ချီမ်ဟင်းရည်ကိုတော့ ကြိုက်သွားပြီ။ ကိုယ်တော်ကြီးတော့ ကြိုက်လေလားမသိ။ ကိုယ်စားချင်တာပဲ မှာစားပလိုက်တယ်။ :D အားမနာတမ်း သုံးဆောင်သွားပါအုံးလား။
မိုးကောင်းသူလေးရဲ့ ကိုယ်တော်ကြီး မွေးနေ့မှာပျော်ရွှင်ပါစေ။ အသက်ရာကျော်ရှည်ပါစေ။ကောင်းသော လိုအင်ဆန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒများနဲ့ တစ်လုံးတစ်ဝပြည့်စုံပါစေ။
ကင်ချီမ်ဟင်းရည် ပူပူလေး (၀က်သားနဲ့နော်။ တော်နေ ၀က်သားမစားတဲ့သူများ အမြန်အဆန်သောက်မိမှာဆိုးလို့။)

ဝက်သားသုံးထပ်သားပေါင်းရယ်၊ ကင်ချီမ်ရယ် (မုန်လာဥ ကင်ချီမ်ပါ။ အတော်လေးစားကောင်းပါတယ်။ နောက်မှ လုပ်စားပြီး ပို့စ်တင်ပါအုံးမယ်နော်။)၊ ဆလပ်ရယ် (ကိုရီးယား ဇာတ်လမ်းထဲကလို ၀က်သားကို ဆလပ်ရွက်နဲ့ ထုပ်ပြီး စားပလိုက်တယ်။)

ဟင်းအရန်တွေက (ပဲပင်ပေါက်ကြီးကြီးရယ်၊ ငါးနီတူး အချိုကြော်ရယ်၊ ဂေါ်ဖီထုပ်သုပ်ရယ်၊ သင်္ဘောသီးသုပ်ရယ်၊ ဟင်းနုနွယ်ရယ်၊ ကင်ချီရယ် ပါရှင်။)

ကင်ချီမ်ဟင်းရည်ပူပူရယ် ၊ ထမင်းဖြူ တစ်ယောက်တစ်လုံးရယ် အားပါးတရ စားပလိုက်တယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေရှင်။
လာသုံးဆောင်သွားတယ် မမိုးရေ..
ReplyDeleteyu ya
ကိုတော်ကြီးမွေးနေ့ပွဲမှသည် အသက်တရာကျော် ရှည်စေသော်...
ReplyDeleteသားသမီးတွေ တဒါဇင်ကျော်ရစေသော်...
းဝ)
ကိုယ်တော်ကြီးမွေးနေ့မှသည် နောင်လာမယ့်နှစ် များစွာ ထမင်းအိုးလေးနဲ့ ပျော်ရွှင်ပါစေနော်..
ReplyDeleteကိုယ်တော်ကြီးမွေးနေ့ ကိုးရီးယား စတိုင် ထမင်းပွဲနဲ့ ဟုတ်နေတာ..
မစားရတော့ ငမ်းသွားတယ်...
း)
Happy Birthday ပါ။
ReplyDeleteမွေးနေ့ နှစ်တရာကျော်အောင် ပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။
ဒီဘလော့ဂ်က အသစ်တင်တဲ့အချိန်နဲ့ ကျွန်မဗိုက်ဆာတဲ့အချိန်နဲ့ အမြဲတိုက်ဆိုင်နေတာ ဘာကြောင့်လည်း သိဘူး။
ဟတ်ပီဘတ်ဒေးးးးးးးးးးးးးးးးးးးးး ကိုယ်တော်ကြီး
ReplyDeleteမွေးနေ့ မှသည်နောင်နှစ်ပေါင်းများစွာ ချစ်စရာကောင်းတဲ့ မိုးကောင်းသူလေးနှင့် တစ်ဘ၀လုံး ပျော်ရွှင်စွာ ရိုးမြေကျ နေနိုင်ပါစေ
ကိုယ်တော်ကြီး အသက် ၁၅၀ ရှည်စေသောဝ်
ReplyDeleteကလေး ၁ဒါဇင်ရစေသောဝ်
မိုးကောင်းသူလေးနဲ့ ပျော်ရွှင်စွာ တစ်ဘဝလုံးနေထိုင်ရစေသောဝ် ...
Happy Birthday
ReplyDeleteကိုတော်ကြီးးးး
အဲဒီဝက်သားကို ကိုရီယားကားထဲမှာ ပါကတည်းက စားချင်နေတာ... :P
နွေးနေခြည်
Happy Birthday ပါလို့ပြောပေးပါမမ
ReplyDeleteမမနဲ့အတူတသက်လုံးပျော်ရွှင်စွာဘ၀ကိုဖြတ်သန်းနိုင်ပါစေလို့ :)
မမအစားအသောက်ပျက်နေရင် အားဆေးစားလေနော် တပြည်ဆိုတော့နည်းတာပေါ့လို့ :)
ကိုယ်တော်ကြီး သက်တော်ရာကျော် ရှည်စေသတည်း။
ReplyDeleteကိုယ်တော်ကြီး မွေးနေ့မှာပျော်ရွှင်ပါစေ..
ReplyDelete(အပြင်ကနေပဲ ငေးပြန်သွားတယ်..)
ကင်မ်ချီဟင်းရည်အိုးကိုကြည့်ပြီး ဂလုဂလုလုပ်လိုက်ရတယ်
ReplyDeleteမှိုရှည်ရှည်ဖြူဖြူလေးတွေ ဒီမှာ မရဘူးတော့
အဲ့ဒီမှိုလေးတွေကြိုက်တယ်
ကိုယ်တော်ကြီးရဲ့မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပြီး ထမင်းအိုးလေးနဲ့အတူ ဘ၀ခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေနော်
တော်တော်စားလို့ကောင်းမှာဘဲနော်... ထမင်းအိုးကိုယ်တော်ကြီး သက်တော်ရာကျော်ရှည်ပါစေ :D
ReplyDeleteမွေးနေ့ဆုတောင်းပေးကျသူအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင်။
ReplyDeletenice
ReplyDeleteဟတ်ပီဘတ်ဒေး ကိုယ်တော်ကြီး
ReplyDelete