Monday, August 24, 2009

အမှတ်တရနေ့ နဲ့ ကိုရီးယားအစားအစာ

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျွန်မတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့မို့လို့ ညနေစာအပြင်မှာ ထွက်စားဖြစ်တယ်။ မြန်မာပြည်မှာ ကိုရီးယားဇာတ်လမ်းတွေကြည့်ပြီး သူတို့စားတဲ့ ပဲခေါက်ဆွဲ၊ ကင်မ်ချီ နဲ့ ဟင်းရည်ပူပူစပ်စပ်ကို သောက်ဖူးချင်နေတာ ကြာပါပြီ။ စင်ကာပူကို ရောက်ခါစက ကင်ချီမ်ကိုတော့ တစ်ခါလုပ်လိုက်သေးတယ်။ ရှိသမျှနည်းတွေကို အကုန်နီးပါးကြည့် ဘယ်လိုလုပ်သလဲဆိုပြီးပေါ့။ ဖြစ်တော့ဖြစ်တယ်။ ကိုရီးယားကင်မ်ချီကလဲ ၀ယ်စားရင် ဈေးကြီးတယ်လေ။ ကျွန်မကလဲ စပ်စပ်စုစု လုပ်ကြည့်ချင်တာလဲ ပါပါတယ်။ နောက်တစ်ခါထပ်လုပ်မှ ပို့စ်တင် ပါအုံးမယ်။ အမှန် မုန့်ညှင်းဖြူထုပ်ပဲ ပါတာကို ဈေးကြီးနေတာ။ ကျွန်မတို့ မြန်မာပြည်က မုန့်ညှင်းချဉ် (ရှမ်းချဉ်) တွေဆိုရင် ဒီထက် အမယ်စုံသေးတယ်။ (ပိုပြီးစုံတာကို ပြောချင်တာပါ။) အဲနေ့က ဘာစားချင်လဲမေးလို့ ကျွန်မက ကိုယ်တော်ကြီးကို ကိုရီးယားအစားအစာချင်တယ်ပြောတာနဲ့ ကိုရီးယားဆိုင်ကိုခေါ်သွားတယ်။ ဆိုင်နာမည်က Mario Kitchen ( Korean Restaurant) ပါ။ Bugis နားမှာပါ။ လိပ်စာက 8 Liang Seah Street ။ အရသာကတော့ ကောင်းတယ်။ ဟင်းရည်ကိုတော့ အချဉ်အစပ်ဖြစ်မယ့် ကင်မ်ချီပါတဲ့ ဟာကိုမှာလိုက်ပါတယ်။ pork BBQ လဲကောင်းတယ်ပြောတာနဲ့ အဲဒါလေးမှာလိုက်ပါတယ်။ ထမင်း တစ်ယောက် တစ်ပွဲစီနဲ့ပေါ့။ ကျွန်မကတော့ ကိုရီးယား ရေနွေးကြမ်းမှာသောက်လိုက်တယ်။ ကိုယ်တော်ကြီးကတော့ Orange juice ပဲ မှာသောက်တယ်။ ကဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ကိုယ်တော်ကြီး နဲ့ ကျွန်မ ပုံပါ။ (အမှန်တကယ် ဓာတ်ပုံတင်လိုက်ရင် စားမ၀င်ဖြစ်မှာစိုးလို့ ဒီပုံလေးကို အမှတ်တရ တင်ပေးလိုက်တယ်နော်။)


Steamboad သုံးမျိုးတွေ့တယ်။ ကင်မ်ချီပါတဲ့ ဟင်းရည်မှာလိုက်ပါတယ်။ (ကင်မ်ချီ Steamboat ပေါ့။ ၀က်သားနဲ့မှာလိုက်တယ်။)


BBQ Pork


ကိုရီးယား ရေနွေကြမ်း (ဒါတော့ ကျွန်မသောက်ခဲ့တယ်)


ရေနွေးကြမ်းသောက်ပြီးသောအခါ (လက်ဖက်ရွက် နဲ့ ဆန်လှော်ထင်တာ အဲဒါပါတယ်)


အရင်ဆုံး ဒါတွေ လာချသွားပေးတယ်။ ဘယ်ရမလဲ ကင်မ်ချီကို ဒီအတိုင်း စားပလိုက်တယ်။ (ကင်မ်ချီစားကောင်းလို့ ရေနွေးကြမ်းလေးနဲ့ စားလိုက်တာ ကုန်သွားတယ်။ ထမင်းနဲ့စားဖို့ နောက်တစ်ပွဲ ထပ်တောင်းလိုက်တယ်)


ကင်မ်ချီ ၊ ငါးနီတူး အချိုကြော် ၊ ခရမ်းသီနှပ် အချိုချက်


ကိုရီးယား ဇာတ်လမ်းထဲကအတိုင်း ပူပူလောလော စားကြတယ်ကွယ်။


မကုန်ခဲ့ဘူး။ ဒါတွေကျန်ခဲ့တယ်။ :D


ကိုရီးယား ပဲခေါက်ဆွဲ နဲ့ ပဲရွက်ဟင်းရည် (အိမ်မှာ တစ်ယောက်တည်းစားတုံးက ရိုက်ထားတယ်။ ရယ်ဒီမိတ်ခေါက်ဆွဲထုပ်ပါ။ ကိုရီးယားဇာတ်လမ်းတွေထဲမှာမြင်ပြီး စားချင်နေတာ။ တကယ်တမ်းကျတော့ အဲလောက်မကြိုက်ဘူး။ နည်းနည်းချိုသလိုပဲ။ ရယ်ဒီမိတ်ထုပ်ဖြစ်လို့လားတော့ မသိဘူး။ ကင်မ်ချီ ခေါက်ဆွဲတော့ ကြိုက်တယ်။)

11 comments:

Vista said...

မီးမီးကြိုက်ကြိုက်

ကျော်နှင်းဆီလွင် said...

မရေ
လာလည်သွားတယ်
ကင်မ်ချီညီမလဲသိပ်ကြိုက်တယ်

မေဇင် said...

ကွယ်.... ကျန်ခဲ့တာ နှမြောစရာ.. ဟဲဟဲ..နဲနဲပဲ ကျန်ခဲ့တာပါ...။ မမ နဲ့ ကိုယ်တော်ကြီး ပုံက တကယ်တူတယ် သိလား...း))

စန္ဒကူး said...

ကူးစ် လဲစားချင်နေတာ..
ကိုးရီးယားဆိုင်မှာ တစ်ခါသွားစားဖူးတယ်
မမှာတတ်လို့ cold noodle မှာလိုက်တာ
မစားနိုင်ဘဲပြန်လာခဲ့တယ်..
ပဲခေါက်ဆွဲကစားလို့ကောင်းလားဟင်...
အရမ်းစားဖူးချင်တာ...
း)

subuueain said...

မမိုးက မျက်ခုံးထူထူနဲ့လား။ မှတ်ထားမယ်။ အပြင်မှာတွေ့လို့ကတော့ လိုက်စွဲပစ်မယ် ဟီးဟီး။ ပဲခေါက်ဆွဲကို ချိုလို့မကြိုက်ဘူး။ ကင်ချီတော့ကြိုက်ပါတယ်။

မီးမီးချစ် said...

နှစ်ပတ်လည် မင်္ဂလာနေ့ လား ..
အမြဲ ပျော်ရွှင်ပါစေ.. မမ နဲ့  ကိုယ်တော်ကြီး..
ဟိဟိ

စူးနွယ်လေး said...

ကင်မ်ချီကလွဲလို့ ကိုရီးယားစာ တခါမှ မစားဖူးသေးဘူး

မြစ်ကျိုးအင်း said...

အရုပ်ပုံလေးတွေက ဆိုင်မှာထားတဲ့ ကိုရီးယားမင်းသား စုံတွဲမဟုတ်လားး)
နောက်တခါလာရင် တပွဲလောက်ဖယ်ထားပေးအောင် ပြောတယ်လို့ မထင်နဲ့နော်။
တကယ်ဖယ်ထားပေးနော် လာတိုင်းကုန်ခါနီးနဲ့တိုးနေလို့

ဘာဘီကျူတော့ စားချင်တယ်။

ကျောပိုးအိတ် said...

သမီးလဲ ကိုရီးယားကားတွေကြည့်ပြီး ရောဂါတတ်နေတာ မမရ။

စားချင်စရာကြီးတွေ။ ရေနွေးကြမ်းကို ဆီကျက်မှတ်လို့ ။ အဲလိုတုန်းတာ
အဟိ

Unknown said...

အမတို့က ၂ ယောက်တည်း သွားစားတယ်ပေါ့.. ဟိုလူဆိုးကြီးရော မပါဘူးလား.. :D

ဒီ အမှတ်တရနေ့လေးမှသည် နောင်နှစ်ပေါင်း များစွာတိုင် အမှတ်တရနေ့တိုင်း ပျော်ရွှင်ပြီး သာယာ ပြည့်စုံပါစေလို့.... :)

naychi said...

မမနဲ့ ကိုယ်တော်ကြီးပုံက တူလိုက်တာ..
ဘယ်လိုလုပ်ထားတာလဲဟင်????????
ုခုမှရောက်တော့ ကုန်ပီထင်ပါတယ် အဟင့်

နွေးနေခြည်