Tuesday, June 23, 2009
ယနေ့ဟင်းလျှာ
ခုတလော နေပူလို့ပဲလား ဘာလို့လဲသိဘူး ချက်ဟင်းတွေ သိပ်မစားချင်ဘူး။ ထမင်းလဲ စားမကောင်းတာ ဒီဘက်အိမ် ရောက်ကတည်းကပေါ့။ ထမင်း တစ်ပန်းကန်ကို တစ်ဝက်ပဲကုန်တယ်။ ဒီနေ့တော့ အရည်သောက်မပါဘူး။ ရေနဲ့သာ မျှောချလိုက်တယ်။ အရည်လဲသောက်ချင်ဘူးဆို။
အားမနာတမ်း သုံးဆောင်သွားပါအုံးလား။
ဝက်သား အမွကြော် (ကြော်ပြီးသား ၀ယ်ထားတာပါ)
ကျန်မဆိုင် နဲ့ ကြက်သားနဲ့ကြော်
(ကျန်မဆိုင်ကဆားများလို့ ရေစိမ်ထားလိုက်ပါတယ်။ ပြီးရေစစ်။ ကြက်သားကိုရေဆေးပြီး ပါးပါးလှီး၊ ဆား အချိုမှုန့်တို့နဲ့ နယ်လိုက်တယ်။ ကျန်မဆိုင်ကိုလဲ ပါးပါးလှီးထားလိုက်တယ်။ ကျန်မဆိုင်ဆိုရင် ကျွန်မက အရိုးတွေပိုကြိုက်လို့ အရွက်ပါတာ မ၀ယ်ခဲ့ဘူး။ အရွက်ပါတာလဲ ရှိတယ်နော်။ ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းနည်းထည့် ကြက်သားလေးကို အရင်ကြော်လိုက်ပါ။ ကြက်သားကျက်ပြီဆိုရင် ကျန်မဆိုင်ကိုထည့်ပါ။ ၃ မိနစ်လောက်ထပ်ကြော်လိုက်ရင် ရပါပြီ။ မီးဖိုပေါ်က ချခါနီး ငရုတ်သီးစိမ်းထည့်လိုက်ပါတယ်။ ဒါဆိုရင်တော့ ကြက်သားနဲ့ကျန်မဆိုင်ကြော် ရပါပြီ။ ဆား အချိုမှုန့်က လိုအပ်မှ ထပ်ထည့်တော့နော်။ )
ရုံးပတေသီးကြော် (ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့် ဆီနည်းနည်းနဲ့ကြော်ထားပါတယ်)
ဖရဲသီးလဲ စားသွားအုံးနော်။ အားနာနဲ့။
9 comments:
  1. မရေးးးးးးးးး
    သက်သားကလွဲပြီးအားလုံးစားသွာတယ်နော်
    ReplyDelete
  2. မြူးကတော့ အစောကြီးလာကြိတ်သွားတယ်နော်။
    ခင်းထားတာတွေအကုန်ကြိုက်တယ်မရေ။
    ရုံးပတေသီးကိုပိုကြိုက်လို့ ခွက်ပါမသွားတယ်နော်။
    ဟိုနေက ပုံဇောက်ထိုးအကြောင်းပြောပြလို့ကျေးဇူးနော။
    ချစ်တဲ့
    ဂျာမုန်းဒန်
    ReplyDelete
  3. ဟင်းစပ်ကလေးတွေ တွဲထားတာကောင်းတယ။် နည်းကလေးတွေ မှတ်ထားတယ်။ ဒီလောက်တော့လုပ်တတ်မယ်ထင်တာဘဲကေျးဇူး
    ReplyDelete
  4. ကြံမဆိုင် နဲ့ ကြက်သား စမ်းချက်ကြည့်အုံးမယ်။ တခါမှ မစားဖူးသေးဘူး။
    ReplyDelete
  5. မိုးပေါ်ထောင်မပစ်တတ်ပါဘူး...
    ကောင်းတာတွေပဲ ရွေးပြီး ချက်တတ်လွန်းလို့
    သူမခေါ်လဲ လာလည်တယ်...
းဝ)
    ReplyDelete
  6. မြူးရေ
    ညီမ ဂျာမုန်းဒန်
    ပြောပြလို့ ကျေးဇူးဆို မုန့်ကျွေးအုံးလေ။ စတာနော်။
    မမ kom
    ဟင်းစပ်ကောင်းလား မကောင်းလားတော့သိဘူး။ စားချင်တာလေးတွေကို အဆင်ပြေအောင်ချက်လိုက်တာ။
    မမကြီး မိုးချိုသင်း
    ချက်စားကြည့် စားကောင်းတယ်ဆို။ ကျွန်မက အချဉ်ပဲကြိုက်လို့လားတော့ သိဘူး။
    ကိုလူထွေး
    မိုးပေါ်ထောင်ပစ်လို့ မဟုတ်ရပါဘူး။ လာပါ လာပါ။ အမြဲတမ်းလာလို့လဲ ၀မ်းသာနေတာ။ အခွင့်အခါသင့်ရင် အိမ်ကို တကယ်ခေါ်ကျွေးအုံးမယ်။ တကယ်ကြီးပါ။
    ReplyDelete
  7. ကြံမဆိုင်အရမ်းကြိုက်တယ်မမရေ။ ပြီးတော့ ရုံးပတီသီးကြော် ကြိုက်မှကြိုက်
    တကယ်တော့ မကြိုက်တာ ဘာမှမရှိပါ။ ရှုးးးးးးးးးးးး တိုးတိုးနော်။ မြူးလေးမကြားစေနဲ့ နော် မမ
း)
    ReplyDelete
  8. မိုး...
    ကောင်း...
    သူ....
    ပြန်ပြင်ထားတယ်...
းဝ)
    ReplyDelete
  9. ဘယ်တော့ ထမင်းဖိတ်ကျွေးမှာလဲ...
    ReplyDelete