- မုန့်ဟင်းခါး ဒီမှာ တင်ဖူးပါတယ်နော်။
- ကြာဇံဟင်းခါး ဒီမှာ တင်ဖူးပါတယ်နော်။
- အုန်းနို့ခေါက်ဆွဲ ဒီမှာ တင်ဖူးပါတယ်နော်။
- အာပူလျှာပူ (ခေါ်) ရခိုင်မုန့်တီ ဒီမှာ တင်ဖူးပါတယ်နော်။
- စမူဆာ ပဲရည်သုပ် ဒီမှာ တင်ဖူးပါတယ်နော်။
- မြေအိုး မြီးရှည် ဒီမှာတင်ဖူးပါတယ်နော်။
ဆိတ်ရိုးစွပ်ပြုတ်ရယ်၊ ကုလားဗယာကြော်ရယ် |
ဆိတ်ရိုးစွပ်ပြုတ် အနီးကပ် |
ပြင်းတော်သိမ်ရွက် နိုင်းချင်းနဲ့ ကြော်ထားတဲ့ ကုလားဗယာကြော် မွှေးမွှေးလေး |
ဆိတ်ရိုးရယ်၊ ဂျင်းရယ်၊ ကြက်သွန်နီ လေးခြမ်းစိတ်တွေရယ်၊ ကြက်သွန်ဖြူ လုံးခွဲထောင်းရယ်၊ စပါးလင်ရယ်၊ ဆားရယ်၊ အချိုရယ် အရင်ဆုံး လုံးလိုက်ပါတယ်။ |
ဆိတ်ရိုးစွပ် အတွက်လိုအပ်သောအရာ
ဆိတ်ရိုး ၁ ကီလို
အာလူး ကီလိုဝက် (အာလူးကို မထည့်လဲ ရပါတယ်နော်)
ကြက်သွန်နီ ကြီးကြီး ၆ လုံး (လေးခြမ်းစိတ်ထားပါ)
ကြက်သွန်ဖြူ ၁ ဥ (လုံးခွဲထောင်းထားပါ)
ဂျင်း လက် နှစ်ဆစ်စီ ၃ တက် (အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ)
စပါးလင် ၂ ချောင်း (အပေါ်အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ)
ဆိတ်ရိုး စွပ်ပြုတ်ချက်ပုံ
ဆိတ်ရိုးကို ရေ စင်စင်ဆေးလိုက်ပါတယ်။ ပြီး ဇလုံထဲထည့် သံပရာသီး တစ်လုံးကို အရည်ညစ်၊ ဆားထည့်ပြီး နာရီဝက်လောက် နယ်နပ်ထားလိုက်ပါတယ်။ သံပရာသီးညစ်ရတာက အနံ မနံအောင်လို့ပါ။ ဆိတ်ရိုးကို နယ်နပ်ထားတဲ့အချိန် အာလူးကို အခွံခွာ ၂ ခြမ်းခြမ်းပြီး ရေစိမ်ထားလိုက်တယ်။ ရေစိမ်လိုက်တာက အာလူး အရောင်မမည်းသွားအောင်လို့ပါ။ ပြီးကြက်သွန်နီကို လေးခြမ်းစိတ်ထားပါ။ ကြက်သွန်ဖြူကို လုံးခွဲထောင်းထားပါ။ ဂျင်း အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ။ စပါးလင်ကို အပေါ်အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ။ ပြီး ဆိတ်ရိုးကို နောက်ထပ် ရေစင်စင်ပြန်ဆေးပါတယ်။ ပြီး ပြုတ်မယ်အိုးထဲသို့ ဆိတ်ရိုးရယ်၊ ဂျင်းရယ်၊ ကြက်သွန်နီ လေးခြမ်းစိတ်တွေရယ်၊ ကြက်သွန်ဖြူ လုံးခွဲထောင်းရယ်၊ စပါးလင်ရယ်၊ ဆားရယ်၊ အချိုရယ် ထည့်ပြီး အရင်ဆုံး လုံးလိုက်ပါတယ်။ မိနစ် ၂၀ လောက်ဆို အားလူးထည့်၊ ရေနွေးထည့်ပြီး နူးအောင်တည်ထားပေးပါ။ ဒါဆိုရင်တော့ ဆိတ်ရိုး စွပ်ပြုတ် ပူပူလေး ရပါပြီနော်။
ကျန်းမာ ချမ်းသာကြပါစေ။
ဗယာကြော်ပဲက စက်နဲ့ ကြိတ်လိုက်ပုံ၇တယ်။ ညက်ညက်လေးရယ်။ ပျဉ်းတော်သိမ်လေးနဲ့ ဆို မွှေးနေမှာပဲ။ ဆိတ်ရိုးစွပ်လေး သောက်သွားတယ်။ :))))))))
ReplyDeleteညီမ ချက်တာလေး က သပ်သပ်ရပ်ရပ် နဲ့ အရသာ ရှိမဲ့ပုံလေး စားချင်တယ်
ReplyDeleteမိုးကောင်းသူရေ
ReplyDeleteဘေးက ဆိုက်ဘား လေ ဟင်းအမျိုးအစားတွေ drop down box လေး ဘယ်လိုလုပ်ရလဲပြောပြပေးပါ
တီလဲ ဟင်းတွေကို အကုန် အဲ့လို လုပ်ထားချင်လို့
ဟင်းတွေအကုန်စုပြီးတော့ အဲ့လိုလုပ်ထားလိုက်ရင် တခါတခါ ပြန်ရှာ ချင်ရင် လွယ်မယ်လေ နော်
တီချမ်းရေ
ReplyDeleteဘလော့လဲ မ၀င်ဖြစ်လို့ တီချမ်း မေးထားတာ မသိလိုက်ဘူး။ ခုမှ ဖြေလိုက်ပါတယ်နော်။
ကျွန်မလည်း ကိုရန်အောင် ဘလော့ကနေ ယူထားတာပါ။ ကိုရန်အောင် ဘလော့မှာ သေချာ ရှင်းပြထားပါတယ်နော်။ (http://www.yanaung.net/2007/05/dropdown-menu-box.html)
အစ်မရေ ညီမလည်း အစ်မ က ကိုသဘောကျလို့ တစ်ခုယူချိတ်လိုက်တယ်။ ဆိုက် ညွှန်ပေးတာ ကျေးဇူးနော်။
ReplyDeleteဆိတ်ရိုးစွပ်ကို အာလူးမပါပဲ ချက်လို့မရဘူးလား။
ReplyDeleteMa Ma Rice Cooker!
ReplyDeleteYou got a real cool blog. I also starting a new blog name "My Last Appetite" about foods (especially Burmese foods). Nice to meet you here.
This comment has been removed by the author.
ReplyDeleteဟင်းချက်နည်းတွေသိ၇လို့..ကျေးဖူးတင်ပါတယ်ဗျာ..သင်္ကြံန်ထမင်း..လုပ်စားချင်လို့..သိ၇င်ပြောပြပေးပါဗျာ...ကျမ်းမာပျော်ရွှင်ပါစေ...
ReplyDeleteRecipe Web site, Recipe iPad Apps များနှင့် ပတ်သက်ပြီး သိလို မေးလိုသည် များကို မေးမြန်းဆွေးနွေးနိုင်ရန် Blog က မဟုတ်ပါဘဲ တိုက်ရိုက်ဆက်သွယ် လို့ ရနိုင် မနိုင် သိချင်ပါတယ် ခင်ဗျား၊ ကျွန်တော့် gmail က kobaikpu နာမည်နဲ့ပါ။ ကျေးဇူးတင်ပါတယ်
ReplyDeleteCasino Finder - Las Vegas, NV at 3121 Boulder - JT Hub
ReplyDeleteUse 김해 출장샵 our complete casino information tool to quickly see the location 양주 출장샵 and contact the 성남 출장안마 casino's customer service representatives. Click 하남 출장안마 here 경산 출장샵 to access the