မာလာဟင်းအနှစ် ကိုလုပ်စားတဲ့နည်းများ
မာလာငါးဟင်း (တစ်ခြားတံဆိပ် မာလာဟင်းအနှစ်ထုပ် ဓာတ်ပုံကို ဒီမှာ တင်ဖူးပါတယ်။ ဒီတံဆိပ်ထုပ် မဟုတ်လဲ တခြားမာလာဟင်းအနှစ်ထုပ်နဲ့လဲ ချက်စားလို့ ရပါတယ်နော်။)
မာလာဟင်း အသီးအရွက်အစုံသုပ်
မြေအိုးမြီးရှည်
မြေအိုးမြီးရှည် ပူပူလေး
ပုဇွန်လေး ပြုတ်ထားတယ်
ငုံးဥ ဈေးကြီးလို့ ကြက်ဥပဲ ပြုတ်လိုက်တယ်
ကြာစွယ်ရယ်၊ ပဲပြားရယ်၊ ဂဏန်းချောင်းရယ်၊ မှိုခြောက်ပန်းခြောက်လို့ခေါ်တဲ့ ပန်းခြောက်ရယ်၊ ဘေဘီ မုန့်ညှင်းရယ်
ရွှေပဲသီးရယ်၊ ဘေဘီ ပြောင်းဖူးရယ်၊ ပန်းပွင့်ရယ်၊ ဥနီရယ်
အရွက်ပြုတ်ထဲ ပိုလာတာက ကြွက်နားရွက်ရယ်၊ ပဲပင်ပေါက်ရယ်ပါ။ မြီးရှည်ဖတ်ကိုတော့ ဒီအထုပ်ဝယ်လိုက်ပါတယ်။ မြီးရှည်ဖတ် အစစ်တော့ မဟုတ်ဘူးပေါ့။
မြေအိုးမြီးရှည် ဟင်းရည်ထဲ ကြက်သားလေး သေးသေးတုံးပြီးထည့်တယ်။ ကွမ်းမိတ် မာလာဟင်းအနှစ်ထုပ် ၂ ထုပ် ဖောက်ပြီးထည့်လိုက်တယ်။ ဒါပါပဲ။
အမေ့အိမ်က ထည့်ပေးလိုက်တဲ့ ကွမ်းမိတ် မာလာဟင်းအနှစ်ထုပ်ပါ။ (မန္တလေးက ရွှေမူဆယ်ဆိုင်မှာ ၀ယ်လို့ ရပါတယ်။)
နောက်ကျောမှာ လုပ်နည်းပါ ထည့်ရေးထားပေးတယ်။ အလွယ်တကူ နည်းလေးဖတ်ကြည့်ပြီး လုပ်စားလို့ ရတာပေါ့။
မြေအိုးမြီးရှည်အတွက် လိုအပ်သောအရာ
ကြက်သား (သို့) ၀က်သား
ပုဇွန် (မထည့်လဲ ရပါတယ်)
ငုံးဥ (ကြက်ဥပဲ ထည့်လိုက်တယ်)
အသီးအရွက် အစုံ (မိမိကြိုက်သော အသီးအရွက် ထည့်လို့ရပါတယ်နော်။ အပေါ်မှာလဲ အရွက်တွေ ရေးပြီးပြီမို့ နောက်ထပ် မရေးတော့ဘူး)
မြေအိုးမြီးရည် အရည်ချက်နည်း
ကြက်သား (သို့) ၀က်သားကို အတုံးသေးသေးတုံးပြီး ဆား ၊ အချိုမှုန့် နည်းနည်းထည့်ပြီး နယ်ပါ။ ပြီး ဟင်းရည်အိုးတည်ပါမယ်။ တုံးထားတဲ့ အသားထည့်၊ ရေထည့်ပြီး ဟင်းရည်အိုးကို ဆူနေအောင်အရင်ဆုံး တည်ပါတယ်။ ဆူလာရင် ကွမ်းမိတ် မာလာဟင်း အနှစ်ထုပ် ၂ ထုပ်ကိုဖောက်ပြီးထည့်လိုက်ပါတယ်။ ကွမ်းမိတ် အထုပ်မှာ ဆားထုပ်ရယ်၊ နောက်ထပ် ဟင်းခတ်မှုန့် သေးသေး ၂ ထုပ်ကိုဖောက်ထည့်လိုက်ပါတယ်။ နောက်ထပ် ဆား အချိုကို လိုမှ ထပ်ထည့်ပါ။ ငံသွားမှာစိုးလို့ပါ။ ဒါဆိုရင်တော့ မြေအိုးမြီးရှည် စားလို့ ရပါပြီ။ မြေအိုးမြီးရှည် ပြင်ပါပြီ။ မြေအိုးထဲ မြီးရှည်ဖတ်ရယ်၊ အသီးအရွက်အပြုတ်မှန်သမျှရယ်၊ ဟင်းရည်ရယ် ထည့်ပြီး စားလို့ ရပါပြီနော်။ ဒီနေ့ အားမနာတမ်း မြေအိုးမြီးရှည် သုံးဆောင်သွားပါအုံးလား။
ကျန်းမာချမ်းသာကြပါစေ။
3 comments:
မြေအိုးမြီးရှည်ဆိုလို့ လာကြည့်သွားတယ်ဗျို့
မြေအိုးမြီးရှည် လာစားသွားပါတယ်.. စားချင်နေတာနဲ့အတော်ပဲ.. ဘယ်လိုလုပ်ရမလဲလည်း မသိတာ.. အခုတော့ အတော်ဖြစ်သွားတယ်.. ကျေးဇူးပါ..
အရမ်းကြိုက်တဲ့ အစားအစာတစ်ခုမို့ သေသေချာချာလုပ်စားကြည့်လိုက်ဦးမယ်း)
ကျေးဇူးတင်ပါတယ်
နှင်းဟေမာ ...
www.hninhaymar.com
Post a Comment