Monday, June 8, 2009

ကြက်သားကချင်ချက် နဲ့ ဟင်းအင့် (ခေါ်) ဟင်းလှော်

ကြက်သားကချင်ချက်ကိုတော့ ဒီမှာ တခါတင်ထားဖူးပါတယ်။အိမ်အသစ်ပြောင်းတဲ့ရက်သူငယ်ချင်းများနဲ့ မုန့်ဟင်းခါးချက်စားဖြစ်သေးတယ်။ မုန့်ဟင်းခါးတော့ မတင်လိုက်တော့ဘူးနော်။ ကြက်သားကချင်ချက်တော့ နောက်တရက်မှာ ချက်စားဖြစ်တဲ့ဟင်းပါ။ မိုးကောင်းသူဆိုတော့ မိုးကောင်းလက်ရာ လက်စွမ်း ပြလိုက်ပါတယ်။ ကြိုက်ကြလေလားတော့ မသိဘူး။ စားသွားပါအုံးလား။


ကြက်သားကချင်ချက်နည်းများ

ညီမလေးမြူးရဲ့လက်ရာ

စုဘူးအိမ်ရဲ့လက်ရာ

ရှင်မင်းရဲ့လက်ရာ


မိုးကောင်းအစားအစာလေးများ ကြိုက်တတ်ရင်ဖြင့် ဒီမှာကြည့်ပါနိုင်ပါတယ်။

မိုးကောင်း မုန့်ညှင်းပေါင်း
မိုးကောင်း တိုပူးသုပ်
ငါးပေါက်သီးဆံထောင်း
ကြက်သားကချင်ချက်
မိုးကောင်း ဆန်ဆီးရှမ်းခေါက်ဆွဲ
မိုးကောင်း သင်္ဘောသီးရှမ်းသုပ်




ကြက်သား ကချင်ချက်လေး သုံးဆောင်သွားပါအုံးလား။


ရုံးပတေသီးနဲ့ ဟင်းနုနွယ်ကြော်


ကိုက်လန်ကြော်

ကြိုက်တဲ့ဟင်းစားသွားနော်။ အားနာနဲ့။


ကြက်သားကချင်ချက်အိုးတည်နေတယ်။

----------------------

နောက်တရက်မှာတော့ ၂ယောက်တည်း စားတဲ့ဟင်းတွေပါ။ ဆီပြန်ဟင်းမစားချင်တာနဲ့ ငါးလေးနဲ့ ပုဇွန်းလေးကို ကြော်လိုက်တယ်။ ဆီလဲ သိပ်မများတဲ့ ဟင်းအင့် (သို့) ဟင်းရွက်စုံဟင်းလှော် လုပ်လိုက်တယ်။ ဒါလေးတွေလဲ စားသွားပါအုံးလား။


ငါးကြော် နဲ့ ပုဇွန်ကြော်စားသွားနော်။


ဟင်းအင့် (သို့) အသီးအရွက်စုံဟင်းလှော်


ဟင်းအင့် (သို့) အသီးအရွက်စုံဟင်းလှော် အတွက်လိုအပ်သောအရာ
ကန်စွန်းရွက်
ဟင်းနုနွယ်
ရုံးပတေသီး
ပဲတောင့်ရှည် (ကျွန်မက ဒီအသီးအရွက်လေးမျိုးနဲ့ပဲ လုပ်လိုက်ပါတယ်နော်)
ခ၀ဲသီး
ဟင်းပြင်းရွက် ( ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မှာတော့ ဒီအရွက်ရှိတယ်။ ကျန်တဲ့ဒေသမှာ ရှိမရှိတော့ မသိဘူး)
ဂေါ်လခါးညွန့်
ခရမ်းဂစော့သီး
ကြက်သွန်ဖြူထောင်း ၊ ကြက်သွန်နီထောင်း ၊ ပုဇွန်ခြောက်ထောင်း ၊ ငရုတ်သီးစိမ်း ၊ ငါးပိ ၊ ပင်စိမ်း
မုန့်နှစ်(ခေါ်) ဆန်မုန့် (ရိုးရိုး ဆန်မုန့်ပါ)


ဟင်းအင့် (သို့) အသီးအရွက်စုံဟင်းလှော် ချက်ပုံ

အသီးအရွက်လှော်မယ့်အိုးတည်ပါ။ ဆီနည်းနည်းလေးပဲထည့် ၊ ကြက်သွန်ဖြူထောင်း ၊ ကြက်သွန်နီထောင်း ၊ ပုဇွန်ခြောက်ထောင်း ၊ ငါးပိထည့် ၊ ဆားနည်းနည်းထည့် ၊ အချိုမှုန့်နည်းနည်းထည့် ၊ ရေထည့်ပြီး ဆူနေအောင်တည်ထားပါ။ ရေဆူလာရင် ရေဆေးထားတဲ့ အသီးအရွက်အစုံထည့်ပါ။ အပေါ်အောက် မွှေပေးပါ။ အသီးအရွက် နည်းနည်းအိသွားရင် ဆန်မုန့်ကို ရေဖျော်ထည့်ပါ။ ကျွန်မကတော့ ဆန်မုန့်များများနဲ့ အရည်ပျော်ပျော်ကြိုက်လို့ ရေကျဲကျဲလေးနဲ့ထည့်လိုက်ပါတယ်။ ပြီးရင်မွေပါ။ ဆား အချိုမြည်းကြည့်ပါ။ အိုကေပြီဆိုရင်တော့ ငရုတ်သီးစိမ်းလေး အလုံးကွဲရုံ ထောင်းထည့် ၊ ပင်စိမ်းလေးအုပ်ပြီး စားနိုင်ပါပြီ။ ဆီမပါ ပြားမပါတဲ့ ဟင်းတခွက်ပေါ့။ ဒီအတိုင်း ပူပူလေးစားကို ရေနွေးကြမ်းလေးနဲ့စားလဲ ကောင်းတယ်နော်။ ကျွန်မကတော့ စားနေကြမို့လို့လားမသိဘူး။ အရမ်းကြိုက်တယ်။ ကိုယ်တော်ကြီးတော့ အစတုံးက ဟင်းအင့် ၊ မုန့်ညှင်းပေါင်းတွေဆို မစားတတ်သေးဘူး။ ခုတော့ မိုးကောင်းအစားအစာလေးတွေကို တော်တော်လေးစားတတ်လာပါပြီ။ ဒီလိုလေး တမျိုးတဖုံလုပ်စားကြည့်ပါလား။

9 comments:

  1. ကြက်ကချင်ချက် ကြိုက်စ်

    ReplyDelete
  2. ကြက်သားကချင်ချက်ကတော့ အရင်တစ်ခေါက်တည်းက စမ်းကြည့်ပြီးပြီ၊ အခု ဟင်းလှော်လေးကလည်း အရမ်းကို စားချင်စဖွယ်ပဲ။ ကြိုးစားပြီး ချက်ကြည့်လိုက်ဦးမယ်။ ဒီနေ့တော့ ကြက်သားနဲ့ ပဲချက်တာ တူးသွားတယ် အမရေ၊ ဟင့်

    ReplyDelete
  3. ကြက်သားကချင်ချက်ကတော့ အရင်တစ်ခေါက်တည်းက စမ်းကြည့်ပြီးပြီ၊ အခု ဟင်းလှော်လေးကလည်း အရမ်းကို စားချင်စဖွယ်ပဲ။ ကြိုးစားပြီး ချက်ကြည့်လိုက်ဦးမယ်။ ဒီနေ့တော့ ကြက်သားနဲ့ ပဲချက်တာ တူးသွားတယ် အမရေ၊ ဟင့်

    ReplyDelete
  4. မရေးးးးးးးးးးးးးး
    အကြိုက်တွေချည်းဆိုတော့
    စားပြီးထလို့ မရတော့ဖူရယ်
    လာထူပေးလေ

    ReplyDelete
  5. ကြက်ကချင်ချက် စားချင်တယ်
း)
    နှစ်ယောက်စာပေမဲ့ ကြက်သားအိုးက အကြီးကြီးနော်
း)

    ReplyDelete
  6. မမရေ
    မေလေးလာတာနောက်ကျသွားလို့ ပန်းကန်ဘဲ ဝိုင်းဆေးသွားတယ်နော်

    မမကို ချစ်တဲ့
    မေလေး

    ReplyDelete
  7. ဒီအပတ်စနေ ရုံးပိတ်ရက်မှာ စမ်းပြီးချက်စားကြည့်မယ်နော်။

    ပြီးရင်အကြောင်းပြန်မယ်
    အဟီးးးးးးး
း)

    ReplyDelete
  8. ကြက်သားကချင်ချက်ကို အရမ်းကြိုက်တယ်
    ဆီမကုန်လို့။ စားလို့လဲကောင်းတယ်

    ReplyDelete
  9. ဖြိုး
    ကြိုက်ရင် များများစားသွားနော်။

    ခေးကို
    ကြက်သားကချင်ချက်တော့ အောင်မြင်သွားပြီပေါ့။ ဟင်းအင့်လေး စမ်းချက်ကြည့်လိုက်ပါအုံး။ အရမ်းလွယ်တယ်။ ကြက်သားပဲဟင်း တူးတူးလေးလာစားအုံးမယ်။ :D

    မြူး ညီမလေး
    ခုမှ လာထူပေတယ်။ မနေ့က နေ့လည် အပြင်သွားနေလို့။

    လွတ်ငြိမ်းလေပြေ
    နှစ်ယောက်တည်းစားတာဟုတ်ဘူး။ သူငယ်ချင်းတွေကောပါတယ်။ ဒါကြောင့် များများချက်လိုက်တာပါ။

    မေလေး
    ပန်းကန် ဆေးကူသွားလို့ ကျေးဇူး။

    ကျောပိုးအိတ်လေး
    စမ်းပြီးချက်လိုက်။ အောင်မြင်တယ်ဆို အစ်မပါ လာစားကူပေးမယ်။

    ယူမီကို
    ကြက်သား ကချင်ချက်က ဆီမကုန်ဘူး။ ဆီနည်းလေ ကောင်းလေပဲ။

    ReplyDelete