ညီမလေးမြူး မုန့်ဟင်းခါးချက် တင်တုံးက ပဲခြမ်းကြော်လေးကိုယ်တိုင်ကြော်တယ်ဆိုလို့ လုပ်နည်း သိချင်ပါတယ်လို့ လှမ်းမေးလိုက်တယ်။ ပဲခြမ်းကို တစ်ခါမှ မကြော်ဖူးဘူး။ အိမ်မှာကြော်မယ်ဆိုရင်များများလဲ စားရတယ်။ ပြီးတော့ စမ်းကြော်ချင်တာလဲပါတယ်။ ကိုယ်တော်ကြီး နဲ့ ကျွန်မက မုန့်ဟင်းခါးစားရင် ပဲခြမ်းကြော်ထက် အီကြာကွေးတာ ၀ယ်စားများတယ်။ သူက အီကြာကွေးထည့်စားတာ ပိုကြိုက်တယ်။ အီကြာကွေးလေးနဲ့တွဲစားတော့ အဆာလဲခံတယ်။ ဗိုက်ခဏ ခဏမဆာတော့ဘူးပေါ့။ အကြံနဲ့နော်။ နို့မို့လို့ရှိရင် ထမင်းဟင်းပြန်ချက်နေရမယ်လေ။ ကုန်သွားလို့ ပြန်ချက်ရတာက အရေမကြီးဘူး မကုန်ဘဲ တခြားဟာတွေ ပြန်မချက်ချင်ဘူး။ နှမျှောစရာကြီးလေ။
အိမ်မှာဆိုရင် ကျွန်မကို ကျန်တာတွေ အကုန်သိမ်းကျုံးစားလို့ ကျန်ကျုံး (ခေါ်) စည်ပင်သာယာလို့လဲခေါ်တယ်။ နှမျှောလို့ စားတာနဲ့ လူလဲဖက်တီးပုပ်ဖြစ်နေပြီ။ :D ပင်နီဆိုလာရောက်တိုင်း မုန့်ဟင်းခြောက်ထုပ်နဲ့မုန့်ဖတ်ခြောက်တော့ အမြဲဝယ်ခဲ့တယ်။ အဆင်သင့်ဆိုတော့ ဘာမှသိပ်လုပ်စရာမလိုဘဲ ချက်စားလို့ရတယ်လေ။ လွယ်လဲလွယ်တယ်။ နောက်ပိုင်းဝယ်စားဖြစ်တဲ့ မုန့်ဟင်းခါးခြောက်ကတော့ ခင်ထွေးရီတံဆိပ်ပဲ ၀ယ်စားဖြစ်တယ်။ ခင်ထွေးရီမှာ မုန့်ဖတ်ခြောက်လဲရှိတယ်။ ခုတစ်ခါမှ ခင်ထွေးရီမုန့်ဖတ်ခြောက်ဝယ်ခဲ့တာ။ မုန့်ဖတ်က နန်းသေးပါ။ နန်းသေးကြိုက်သူများ ခင်ထွေးရီမုန့်ဖတ်လဲ မဆိုးဘူးနော်။ စားကောင်းတယ်။
ညီမလေး မြူးရဲ့မုန့်ဟင်းခါး
ညီမလေးမြူးရဲ့ပဲခြမ်းကြော်နည်း (ညီမလေးမြူးရေ ကျေးဇူးပါနော်။ ညီမလေးပြောတဲ့အတိုင်း ကြော်စားလိုက်ပါတယ်။ အစ်မကြော်တာ ဆီတော့များတယ်။ ဆီဘယ်လိုစစ်လဲဟင်။ အဲနေ့က အကြော်စားတာ တော်တော်လေး အီသွားတယ်။ ကြော်လိုက် မြည်းလိုက်နဲ့မို့လို့)
အိမ်နီးလို့ မင်းသား နဲ့ မင်းသမီးကိုလဲ လှမ်းခေါ်လိုက်သေးတယ်။ အိမ်သားတစ်ယောက်လဲ တိုးလာပြီကွယ်။ လူဆိုးပေါ့။ :D ။ အဂ္ဂဘုန်းဖေဖေ နဲ့ အဂ္ဂဘုန်းမေမေ မခေါ်လို့ စိတ်ဆိုးနဲ့အုံးနော်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုပ်စားတာပါ။
နောက်တစ်ကြိမ်စားတော့ ရခိုင်သုပ်လေး စားကြတယ်။ အိမ့်စည်းစိမ် အာပူလျှာပူ တံဆိပ်ပါ။ ကျန်တဲ့ ၄ ယောက်က အသုပ်စားကြတယ်။ (ငါးပိထောင်းစပ်စပ်ရယ်၊ ဆီကျက်ဝါ၀ါရယ်၊ ငံပြာရည်၊ အချိုမှုန့်၊ ပဲကျက်မှုန့်၊ မန်ကျည်းရည် ထည့်ပြီး သုပ်ထားပါတယ်။)
ကျွန်မကတော့ အရည်နဲ့စားပါတယ်။ ငါးပိထောင်းက မြုပ်နေတယ်နော်။ (မန္တလေး အာပူလျှာပူလို ငါးပိထောင်းနဲ့စားတယ်ရှင်)
အီကြာကွေး
ကိုယ်တိုင် ပထမဆုံး ကြော်ဖူးတဲ့ ပဲခြမ်းကြော်။ ဗူးသီးလဲရှိနေတာနဲ့ တစ်ခါတည်းကြော်လိုက်ပါတယ်။
မုန့်ဟင်းခါး ဟင်းရည်အိုး
ပုံမလှ ပန်းမကျ ပဲခြမ်းကြော် ကျွတ်ကျွတ်လေး။ ပထမဆုံးဆိုတော့လဲ ဒီလောက်တော့ ရှိတော့မပေါ့လေ။
လူသစ်
-
နေရာတော်တော်များများမှာ ကျမ လူသစ်တယောက်အဖြစ် ကြုံဖူးပါတယ်။
လူသစ်တယောက်အနေနဲ့ နေရာသစ်မှာ အလုပ်သစ်မှာ အရင်ရှိနေပြီးသားလူတွေကြားမှာ
အရာရာကိုလေ့လာရင်း တန်ညှိ...
5 months ago
12 comments:
ပလပ်ပလပ် ဒါပဲပြောမယ် မမရေ
စားမယ်း
ရခိုင်မုန့် တီသုပ်လေးနည်းနည်းကျွေးပါရှင့်
တယောက်တိုးလာတာကဘီသူလဲမမ
သိချင်နေတယ်နော်း)
ပဲခြမ်းကြော်လေးကရသားပဲ
ချစ်တဲ့
မြူးလေး
စားချင်တယ် မလုပ်တတ်ဘူး
လုပ်ရင်ဖြစ်မှာ မဟုတ်ဘူးထင်တယ်
အကြော်ကို ပြောတာ
မုန့်ဟင်းခါးရော။ အာပူရော ကြိုက်တယ်။ ညီမကတော့ ပဲကပ်ကြော်ကို သိပ်မကြိုက်လို့ တကူးတကကြော်မစားဖြစ်ဘူး။ ကြော်ရင်လည်း ကုလားပဲရေတစ်ညစိမ်ပြီး အကြော်မှုန့် ထုတ်နဲ့ ကြော်စားတယ်။ ဟင်းရေထုတ်ကတော့ခင်ထွေးရီကိုအကြိုက်ဆုံး။
မုန့်ဖတ်ကတော့ကြုံရာဘဲ။ အကြိုက်ဆုံးက အိမ်ချက်မုန့်ဟင်းခါး။ ငါးခူများများနဲ့ 
ကုလားပဲတွေ အဲလိုကြော်မယ်ဆိုပြီး ဝယ်ထားတာ တလလောက် ရှိတော့မယ်၊ ခုထိ မကြော်ဖြစ်ဘူး။ အာပူရှာပူထဲ ထည့်စားရရင် သိပ်ကြိုက်။ မုန့်ဟင်းခါးလည်း အရမ်းကြိုက်၊ အိမ်နီးရင် ကောင်းမှာဘဲ (အဟင့် ရွှတ်ဖတ် :P)
ရုံးမှာ ဗိုက်တကယ်ဆာနေတာပါ...ပြန်လဲ မပြန်ရသေးဘူး...။ ဂလု ဂလု လုပ်ပြီး ပြန်သွားတယ်...း( ..။ စားချင်တယ်..။း)
အိုးးးးးးးးးးးးး ရှလွတ် ဂွတ်
သံစုံကို မြည်သွားတာဘဲ။
စားချင်တယ်။ မုန့် ဟင်းခါးဆို တစ်ရေးနိုးထကျွေးလဲ စားတယ်ဆရာ။
ဒီလိုငတ်တာ။ အဲလေ ဒီလိုကြိုက်တာ။
း)
မီးမီး လဲ စားချင်တာပေါ့လို့  ..
ရောက်တာ နောက်ကျလို့  ကုန်ပြီထင်တယ်.. အဟင့်
စနေနေ့ အိမ်မှာ မုန့်ဟင်းခါးချက်စားမလို့
တစ်ခါမှတော့ မချက်ဖူးဘူး
ပုံလေးတွေကြည့်ပြီး စားတောင်စားချင်လာတယ် :)
မိန်းမနဲ့တိုင်ပင်လိုက်ဦးမယ်...
စင်ကာပူကို အိမ်ပြောင်းလာခဲ့ဖို့လေ...
းဝ)
အကြော် ကြော်ထားတာ စားချင်တယ်ဗျို့
အားလုံး ၀ါးချင်စရာတွေပဲ...။
မုန့်ဟင်းခါးကတော့ အကြိုက်ဆုံးပဲ....။
ခင်မင်စွာဖြင့်
ဂျစ်
မုန့်ဟင်းခါးရောရခိုင်မုန့်တီရောကြိုက်တယ်... ပဲကြော်လေးကကြည့်ရတာအဆင်ပြေသား.. ရုပ်မဆိုးပါဘူး...
Post a Comment