မြန်မာပြည်မှာ သင်္ကြန်ပိတ်ရက်က ရက်ရှည်ဖြစ်လို့ ဒီအချိန် အိမ်မှာ အမျိုးတွေလဲ ရောက်နေကြပေါ့။ ပြီးတော့ သင်္ကြန်တွင်းမှာ မုန့်မျိုးစုံလုပ်စားနေလောက်ပြီ။ ဘာမှ မလုပ်စားရင်တောင်မှ နေ့လည် နေ့ခင်း စားဖို့ဆိုပြီး အမေက မချစ်စု သရက်သီးစိမ်းတော့ ၀ယ်ထားပေးတယ်။ မဟုတ်လဲ မုန့်ညှင်းချဉ်ကိုတည်ထားပေးတယ်။ နေ့ခင်းဆို ရေနွေးကြမ်းနဲ့ အချဉ်သုပ်တော့ စားကြတယ်။ မဖြစ်မနေတော့ မိုးကောင်းမျှစ်ချဉ်ခေါက်ဆွဲ လုပ်စားတယ်။ (မိုးကောင်း မျှစ်ချဉ်ခေါက်ဆွဲလုပ်နည်းကို ဒီမှာ ရေးဖူးပါတယ်။) တအိမ်လုံးကလဲ ကြိုက်ကြတာကိုး။ ကျွန်မ အစ်ကိုဝမ်းခွဲ တယောက်ဆို လူကလဲ ထွားထွားကြီးဆိုတော့ တခါစားရင် ရှမ်းခေါက်ဆွဲဖတ်ကြီးပဲ ၂၅ ကျပ်သားလောက်ရှိမယ်။ ဟီးဟီး အဲလိုအစားကြီးကြတယ်။ မိုးကောင်းသူ ကျွန်မကို အိမ်ခေါ်ကျွေးမယ်ဆို စဉ်းစားအုံးနော်။ ပြီးတော့ ဂျိုးဂျိုးကျွတ်ကျွတ်စားဖို့ ဆိုပြီး နေကြာစေ့၊ ငါးမုန့်၊ စာကလေးကြော် အဲတာလေးတွေဝယ်ထားပေးတတ်တယ်။ သင်္ကြန်တွင်းဆိုတော့လဲ အိမ်ကို သတိရတယ်။ ကျန်တဲ့အချိန်များမှာလဲ သတိရပါတယ်နော်။ မနေ့က သင်္ကြန်အကြိုနေ့ဆိုတော့ တခုခုတော့ လုပ်စားအုံးမှဆိုပြီး အလွယ်တကူး ချက်လို့ရတဲ့ အုန်းနို့ခေါက် ဆွဲလုပ်စားလိုက်ပါတယ်။ ဒါလေးကို သုံးဆောင်သွားပါအုံးနော်။
အုန်းနို့ခေါက်ဆွဲ သုံးဆောင်သွားပါအုံးလား။
လိုက်ပွဲ (အမှန်က နံနံပင်၊ ကြက်သွန်နီ၊ ပါပလာကြော် နဲ့ ငရုတ်သီးမှုန့် မထည့်ခင် ရိုက်ထားတာ) :D
နံနံပင်၊ ကြက်သွန်နီ၊ သံပရာသီး
ခေါက်ဆွဲခြောက်ကြော်အစား ပါပလာကြော်
ကြက်ဥ ခေါက်ဆွဲပြုတ် ကြိုက်သလောက်သာ စားနော်။ အားမနာနဲ့။
လိုအပ်သောအရာ
ကြက်သား (အရိုး နဲ့ အသား မိမိကြိုက်သလောက်ထည့်)
ကြက်ဥ ၄ လုံး
ပဲပြား ၁၀ တုံး (ကြော်ပြီးသား ၀ယ်ထည့်လိုက်ပါတယ်)
ခေါက်ဆွဲ
အုန်းနို့ အနှစ် (200 ml) အသေးတဗူးပဲထည့်လိုက်တယ်
မွှေး ပဲကျက်မှုန့် အထုပ်သေး ၁ ထုပ်
နံနံပင်
သံပရာသီး
ကြက်သွန်နီ ၄ လုံးကြီးကြီး (အသေးဆိုရင် ၁၀ လုံး)
သကြား
အုန်းနို့ ခေါက်ဆွဲ ဟင်းရည်ချက်ပုံ
ကြက်သားကို အတုံးသေးသေးတုံးပြီး ရေဆေးပါ။ ဆား၊ အချိုမှုန့်၊ ဆနွင်း ထည့်ပြီးနယ်ပါ။ ဟင်းရည်ချက်မယ်အို့တည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် နယ်ထားတဲ့ ကြက်သားကိုထည့်ပြီး အရင်လုံးပေးပါ။ ၁၀ မိနစ်လောက်ဆိုရပါပြီ။ ကြက်သွန်နီ ၃ လုံးကို လေးခြမ်းစိတ်ထည့်ပါ။ အလုံးသေးသေးကိုထည့်ရင် ပိုကောင်းပါတယ်။ ကျွန်မက အကြီးပဲရှိလို့ လေးခြမ်းစိတ်ထည့်လိုက်ပါတယ်။ ကြက်သွန်နီကိုပါ ခဏလုံးလိုက်ပါ။ ပြီးရင် မိမိလိုသလောက် ရေနွေးထည့်ပါ။ ကျွန်မကတော့ ထမင်းပေါင်းအိုး (၄ လုံးချက်) ရေနွေး အပြည့်နီးပါးထည့်ပါတယ်။ ရေအေးထည့်လဲ ရပါတယ်နော်။ ကျွန်မက ဟင်းရည်ချက်ရင် ရေနွေးထည့်တဲ့ အကျင့်ဖြစ်နေလို့ပါ။ အုန်းနို့အနှစ်ထည့်ပါ။ ပြီးရင် ဆူနေအောင်တည်ထားပါ။ ဆူလာရင် ပဲကျက်မှုန့်ကို ရေကျက်အေးနဲ့ ပဲကျက်မှုန့်များ ပျော်သွားအောင်ဖျော်ပါ။ ပြီးရင် ဆူနေသောအိုးထဲသို့ ထည့်ပါ။ အိုးအဖုံး အဖုံးထားပါနဲ့နော်။ ပဲကျက်မှုန့် အမြုပ်တွေထလာတယ်။ ဝေကျသွားမှာစိုးလို့ပါ။ ပြီးရင် ဆား၊ အချိုမှုန့်၊ သကြားထည့်ပြီး ဆူနေအောင်တည်ထားပေးပါ။ ကြက်ဥကိုလဲ ပြုတ်ပြီး ပါးပါးလှီးပြီးထည့်ပါ။ အလုံးလိုက်ထည့်လဲ ရပါတယ်နော်။ ဆူပြီး အမြုပ်များလဲ ကုန်သွားရင်တော့ အုန်းနို့ခေါက်ဆွဲ ဟင်းရည် ရပါပြီနော်။ သုံးဆောင်းသွားပါအုံးနော်။
လူသစ်
-
နေရာတော်တော်များများမှာ ကျမ လူသစ်တယောက်အဖြစ် ကြုံဖူးပါတယ်။
လူသစ်တယောက်အနေနဲ့ နေရာသစ်မှာ အလုပ်သစ်မှာ အရင်ရှိနေပြီးသားလူတွေကြားမှာ
အရာရာကိုလေ့လာရင်း တန်ညှိ...
6 months ago
5 comments:
မမမိုးရေ အုန်းနို့ခေါက်ဆွဲစားချင်နေတာ ကြာပြီ... အဟင့်... မြင်သာမြင်ရ မကြင်ရတဲ့ဘ၀ပါလား..
အုန်းနို့ခေါက်ဆွဲစားချင်တယ်။ အရင်နေ့ကလည်း ထမင်းသုပ်စားသွားတယ်။ ဟိုပန်းကန်က နည်းနည်း၊ ဒီပန်းကန်က နည်းနည်း။
မဇနိ
နှိပ်စက်တယ်နော်. နှိပ်စက်တယ်.. ကျေနပ်ဘူး..
အုန်းနို့ခေါက်ဆွဲအလွန်ကြိုက်ပါသည်။ အခုပုံတွေ့တော့လဲစားချင်ပါသည်။ မနေ့ကပဲ ဆန်ဘာဝမ်း ကျောင်းမှာ စားလာခဲ့ပြီးပြီ။
oh gosh!! i want to eat i want to eat.
thet htar
Post a Comment