ဒီနေ့တော့ ကန်စွန်းချဉ်ဟင်းလေး ပါလာပါပြီနော်။ ကန်စွန်းရွက်ကို အချဉ်ဟင်းလေးချက်လိုက်ပါတယ်။ ကန်စွန်းရွက်ဆို အရိုးပိုကြိုက်လို့ အရိုးများတဲ့အစီးတော့ ရွေးဝယ်ခဲ့လိုက်တယ်။ အမှန်တကယ် ကန်စွန်းချဉ်ဟင်းလေးကို ပုဇွန်စိတ်သေးသေးလေးနဲ့ ချက်စားရင် အကြိုက်ဆုံးပဲ။ ပုဇွန်စိတ်သေးသေး ပိစိကွေးလေးတွေတော့ တခါတလေ တွေ့တယ်။ အဲဒါနဲ့ချက်စားရင်တော့ ကောင်းမလားမသိဘူး။တွေ့မှ ချက်စားကြည့်အုံးမယ်။ ဒီနေ့တော့ ဒါလေးပဲ သုံးဆောင်သွားပါအုံးနော်။
အားနာနဲ့နော်။
အမဲသားနဲ့အာလူးချက် ( အမဲသားချက်နည်းကို ဒီမှာ ရေးဖူးပါတယ်နော်)
ရိုးရိုးရှင်းရှင်းနဲ့ ကန်စွန်းချဉ်ဟင်း
ငရုတ်သီးထောင်း (ကြက်သွန်ဖြူ ၂ တက်၊ ငရုတ်သီး ၅ တောင့်၊ ပုဇွန်ခြောက်နည်းနည်း၊ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း ထည့်ပြီးထောင်းထားပါတယ်။ နံနံပင်ရှိလဲ ထည့်ထောင်းစားနိုင်ပါတယ်။ ပိုမွှေးတယ်။ ဆီစိမ်းလေးကြိုက်လဲ ဆမ်းနိုင်ပါတယ်နော်။)
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
11 comments:
ကန်စွန်းရွက်ချဥင်္ရည်ဟင်းအရမ်းကြိုက်တယ် စားသွားတယ်မမ .. အမဲသားတော့မစားဘူး
စနေနေ့ကျတော့ မိုးကောင်းသူ ချက်သလို အမဲသားကို ချက်ကြည့်မလို့.... ဆရာမကြီးရဲ့ လက်ရာလောက် မကောင်းရင်တောင်.... တဝက်လောက်မှီရင်ကို ချက်ရကျိုး နပ်ပါပြီ။
ကစွန်းရွက်ချဉ်ရည်နဲ့ အညာထောင်း(ငရုတ်သီးထောင်းကို အညာထောင်းလို့ပဲခေါ်တတ်လို့)စားသွားတယ်။
မမ နောက်တစ်ခေါက်လာစားသွားပြီနော်။ စနေနေ့တကယ်ခေါ်မှာနော်။ဟွန်းး
အမဲသားမစားဘူးမမရဲ့ ။ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ ငရုတ်သီးထောင်းရယ်၊ ကြက်ဥတစ်လုံးကြော်ပေးနော်။အဟိ။တယ်ဂျီးများတဲ့ဧည့်သည်ဘဲ။
ဟင်းစပ် အရမ်းတည့်တယ်။
ကန်စွန်းရွက်စားနိုင်တော့ သူက သူဌေး ပေါ့..ဟဲဟဲ
ဒီမှာ ခံတွင်းပျက်နေလို့ အဲလိုလေး စားချင်လိုက်တာ
မနေ့ကပဲ ကန်စွန်းရွက်ချဉ်ရည်ဟင်းချက်ဖြစ်သေးတယ်။
အမဲသားတော့ မချက်ဖူးသေးဘူး။ အမေချက်တာပဲ စားဖူးသေးတယ်။
ကြိုက်တာတော့ ကြိုက်တယ်။
နောက်မှ ချက်နည်းလေးလာယူပြီး ချက်ကြည့်ရဦးမယ် :D
ငရုတ်သီးထောင်းကိုကြည့်ပြီးသွားရည်ယိုလာလို့
ဒီညနေထောင်းစားဘို့ဆုံးဖြတ်လိုက်တယ်...
ကြိုက်ပါတယ်ခင်ဗျား။ ကန်စွန်းရွက်ကို ဘယ်လိုလုပ်လုပ် ကြိုက်တယ်။
း)
ရှလွတ်ရှလွတ်
း)
မိုးပေါ်ထောင်မပစ်နဲ့နော်
ကိုလူထွေးက ငှက်သားဟင်း မကြိုက်ဘူး...
းဝ)
ဟင်းထောင်းမစားရတာကြာရောပေါ့။
အခုမှပဲမိတော့တယ်
ဂျားမုန်းမှာ ငရုတ်ဆုံမရှိဘူး၊ ၀ယ်လို့လည်းမရဖြစ်နေတော့၊ ကြိတ်ဆုံပဲသုံးနေရတယ်လေ။
ချက်ထားတာတွေစားချင်စရာကွယ်။
ချစ်တဲ့ညီမ
ဂျာမုန်းဒန်
အား ...
အမရေ
အမဲရွတ်တို့အကြောတို့သိပ်ကြိုက်တာ
ငရုတ်သီးထောင်းကလဲပါသေး
သားရေတမြားမြားပဲ :D
Post a Comment