Thursday, December 18, 2008

ဆန်ကြာဆံကြော်



မန္တလေးမှာ နေ့လည်ဆိုရင် ဆန်ကြာဇံကို ခေါင်းရွက်ဈေးသည်တွေ ရောင်းကြပြီ။ ဆီကလဲ နည်းနည်းနဲဆို့တော့ စားလို့ ကောင်းမှကောင်း။ ငါးရေခွံကြော်နဲ့ပါ တွဲစားမယ်ဆို သူများတို့အကြိုက်ပေါ့။ ဂေါ်ဖီဟင်းခါးလဲနဲ့ လိုက်မှလိုက်။ ကဲပါလေ လေကများတာနဲ့ ကြော်နည်းအကြောင်းလေးပြောအုံးမှ။
လိုအပ်သော အရာတွေက
ဆန်ကြာဇံ
မိမိကြိုက်နှစ်သက်ရာအသား၊ ငါး ( ကြက်၊ ၀က်၊ ပုဇွန်၊ ကြက်ဥ)
ဂေါ်ဖီထုပ်
ပဲပင်ပေါက်
ဥနီ(ခါချက်ဥ)
ဗိုလ်စားပဲသီး

ပြုလုပ်ပုံ
ဆန်ကြာဇံကို ၁ နာရီလောက်ရေစိမ်ထားပါ
သီးရွက်စုံကို ရေဆေးပြီး ရေစစ်ထားပါ
ကြော်မည့် အကြော်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ
ဆီကျက်ရင် ထည့်မယ့်အသားကိုထည့်ကြော်ပါ။ အသားကျက်ရင် ကြက်သွန်ဖြူ တစ်တက် နှစ်တက် ဓားနဲ့ရိုက်ပြားပြီး ထည့် အသီးအရွက်စုံထည့်ပါ။ အသီးအရွက်စုံမနူးခင် ဆန်ကြာဇံထည့်၊ ရေနွေးအနည်းငယ်ထည့်ပါ။ဆား၊ အချို့မှုန့်ထည့်။ အဖုံးအုပ်ထားပါ။ အပေါ်အောက်မွှေပေးပါ။ ၅ မိနစ်၊ ၇ မိနစ်လောက်ဆို ရလောက်ပါပြီ။ သူများရဲ့ စားချင်စဖွယ် ကြာဇံကြော်နည်းပါ။

No comments: