Showing posts with label အာလူးဟင်း. Show all posts
Showing posts with label အာလူးဟင်း. Show all posts

Wednesday, August 19, 2009

အာလူး ကတ်သလိတ်ကြော်

အာလူး ကတ်သလိတ်လို့ ရေးလား။ အာလူး ကတ်သလစ်လို့ရေးလားတော့ မသိဘူး။ အဆင်ပြေသလို ပေါင်းလိုက်ပါတယ်နော်။ ဟိုနေ့က ဘလော့ဂါ မောင်နှမတွေအတွက် မွေးနေ့ဟင်းလေး တင်ပေးတုံးကလဲ အာလူး ကတ်သလိပ်ကြော် တစ်ပွဲပါပြီးသားပါ။ အခု သတ်သတ်ပြန်တင်လိုက်ပါတယ်နော်။ ညီမလေး နွေးနေခြည် ကြော်စားတာ မြင်ကတည်းက စားချင်နေတာ။ :D လုပ်စားမယ် လုပ်စားမယ်နဲ့ မလုပ်စားဖြစ်ဘူး။ ခုတော့ ပြီးခဲ့တဲ့ ပိတ်ရက်က လုပ်စားလိုက်ပါတယ်။ အခုက အာလူးကို ထောင်းထားတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူ နီကို လက်လှည့်ပြီးကျိတ်တဲ့ ကျိတ်စက်လေးနဲ့ လှည့်ပြီး ကျိတ်လိုက်ပါတယ်နော်။ ကဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ဒီမှာလဲ အာလူး ကပ်သလိပ် ကြော်နည်းတွေပါရှင်။






ကြိုက်တာကို အားမနားတမ်း သုံးဆောင်သွားပါအုံးနော်။


အာလူး ကတ်သလိတ် အမဲသား အစာသွတ်ကြော် ကျွတ်ကျွတ်လေး။


အာလူး ကတ်သလိပ်ကြော် ကျွတ်ကျွတ်လေး။ (အမဲသားအစာသွတ်နဲ့ မစားတဲ့သူတွေအတွက် အထူးစပယ်ရှယ် သတ်သတ်လွတ်ကြော်ထားပေးတယ်နော်။)


အစာသွတ်အတွက် အမဲသားတောက်တောာက်ကြော်။ မုန်လာဥနီ၊ ဂေါ်ဖီထုပ်ပါထပ်ထည့်ထားပါတယ်။ ကုလားလေး မဆလာပါထည့်ထားတယ်နော်။


အမဲသား တောက်တောက်ကို ဆား၊ အချိုမှုန့်ထည့်ပြီး ကြက်သွန်နီနဲ့ ရောကြော်ထားပါတယ်။


မန်ကျည်းမှည့် အချဉ်ရည် ( မန်ကျည်းမှည့်ရည်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်ထည့်ထားပါတယ်နော်။)


အာလူးပြုတ်ပြီး ဆား၊ အချိုမှုန့်ထည့်ပြီး ဒီလိုထောင်းထားပါတယ်။


ထမင်းပူပူနဲ့ အာလူး ကက်သလိပ်ကြော်နဲ့ စားကြပါတယ်။


အာလူး ထောင်းပုံ

အာလူးကို အရင်နူးအိနေအောင် ပြုတ်ထားပါတယ်။ ပြီး အခွံခွာပြီး ကျိတ်စက်လေးနဲ့ လှည့်ပြီး ထောင်းထားလိုက်တယ်ပေါ့။ ပြီး ဆား၊ အချိုမှုန့်၊ ကော်မှုန့်ထည့်ပြီး စီးနေအောင် နာနာနယ်လိုက်ပါတယ်နော်။


အာလူး ကတ်သလိပ် ကြော်နည်း

ကြော်မယ့်အိုးတည်ပါ။ ဆီထည့်ပါ။ ဆီကျက်လာရင် အာလူးကို ဂေါ်လီလုံးလောက်လုံးပြီး ပြန်ပြားပါ။ ပြီး မီးဖြည်းဖြည်းနဲ့ကြော်ပါ။ ကျွတ်မှ တစ်ဖက်သို့ ပြန်လှန်ပါ။ မဟုတ်ရင် ကပ်နေမှာစိုးလို့ပါ။ ဒါကတော့ ရိုးရိုး အာလူး ကတ်သလိပ်ကြော်နည်းပါရှင်။

အစာသွတ်ပြီး ကြော်မယ်ဆိုရင် ကြိုက်ရာ အသားထည့်ပြီး အစာသွတ်နိုင်ပါတယ်နော်။ ဒီနေ့ ကျွန်မတော့ အစာသွတ်အတွက် လုပ်ထားတဲ့ အမဲသားတောက်တောက်ကြော် ထည့်လိုက်ပါတယ်နော်။

Monday, August 17, 2009

မွေးနေ့ရှင်များအတွက် အထူးစပယ်ရှယ် ဂဏန်းချက် နဲ့ တခြားဟင်းလျှာများ

ဒီလထဲ ကျွန်မသိတဲ့ ဘလောဂါ မွေးနေ့ရှင် လေးယောက်ရှိပါတယ်။ ဒီနေ့မှာ မွေးနေ့ရှင် နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ကိုယ်တော်ကြီးနဲ့ကျွန်မတို့ရဲ့ သူငယ်ချင်း ကိုသီဟသစ်ပါ။ နောက်တစ်ယောက်က ညီမလေး နွေးနေခြည်ပါ။ သူတို့က အဖေမတူ အမေကွဲ အမွှာပူး မောင်နှမတွေပေါ့။ အဘိုးကြီး နဲ့ မြေးမအရွယ်။ ဟီးဟီး။ နောက်နှစ်ယောက်က ၁၄ ရက်နေ့မှာမွေးကြတာပါ။ တစ်ယောက်က မေတ္တာရပ်ဝန်း မီးဖိုးဆောင်ပိုင်ရှင် မမလု ပါ။ နောက်ထပ် တစ်ယောက်ကတော့ ညီမလေး မေဇင်ပါ။ ဒီနှစ်ယောက်လဲ အဖေမတူ အမေကွဲ အမွှာပူး ညီအစ်မတွေပေါ့။ ဟီးဟီး။ ညီမလေးမြူးက ဘလော့ဂါ မောင်နှမတွေအတွက် မွေးနေ့လက်ဆောင်ဟင်းလေးတွေ တင်ပေးတာနဲ့ ကျွန်မလဲ မြူးလေးရဲ့အတုကို ခိုးပြီး မွေးနေ့လက်ဆောင်တင်ပေးလိုက်ပါတယ်နော်။ အသက်ဘယ်လောက်ပြည့်ကြလဲလို့တော့ ထည့်မရေးပေးလိုက်တော့ဘူးနော်။ တော်နေ အရိုက်ခံနေရမှာစိုးလို့။ :D ။ မွေးနေ့ရှင်များ အသက် ၁၂၀ ရှည်စေသော်။


Happy Birthday all !!!!!!!!!!!!!!!!!!!!!!




ဂဏန်းချက် စပ်စပ်လေး သုံးဆောင်သွားပါအုံးလား။


အရည်သောက် အဖတ်စား ချက်ထားပါတယ်။


အိုးလိုက် ချထားပေးတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။


ချက်နည်းက လူပျိုသိုးကြီးရဲ့ ချက်နည်းကို တစ်သွေမတိန်းလိုက်နာပြီးချက်ထားပါတယ်နော်။ ကြက်သွန်ဖြူ နီကို ဒီလို အရင်ဆီသတ်ထားလိုက်ပါတယ်။


ဂဏန်းတွေကို ရေနဲ့ပြုတ်ထားပါတယ်။

ဂဏန်းတွေကို ရေဆေးပြီး လက်မတွေကို ထုထောင်းထားပါတယ်။


ဂဏန်းချက် အတွက် လိုအပ်သောအရာများ

ဂဏန်း (မိမိကြိုက်ရာ ဂဏန်း ချက်နိုင်ပါတယ်နော်။ ပျောက်ကျားလိုအကောင်တွေလဲ ရှိလို့ပါ။ ဒီနေ့ရေးလိုက်တာက လူ ၅ ယောက်စာချက်အတွက်ပါနော်။ )
ပြင်းတော်သိမ်ရွက် ၂ ခက်
ကြက်သွန်နီ ၆ လုံး
ကြက်သွန်ဖြူ ၂ ဥ
ငရုတ်သီးစိမ်း ၁၅ တောင့် ပါးပါးလှီးထားပါ။ ကျွန်မတော့ ခပ်ရှည်ရှည် အမြောင်းလိုက်လှီးလိုက်ပါတယ်။ (ဒီမှာက ငရုတ်သီးအနီထောင့်က ပိုစပ်ပါတယ်။ အစိမ်းထောင့်က အနံ့မွှေးပါတယ်။ အစပ်မကြိုက်လဲ လျှော့ထည့်နိုင်ပါတယ်နော်)
မန်ကျည်းမှည့် ကွမ်းသီးလုံး ၂ လုံး လောက် (ရေနွေးနဲ့ စိမ်ထားပြီး အနှစ်ရည်လုပ်ထားပါ။)
ကုလားလေး မဆလာ
ငံပြာရည်


ဂဏန်းချက်နည်း

ဂဏန်းတွေကို ရေသေချာဆေးပြီး လက်မတွေကို ထောင်းလိုက်ပါတယ်။ ဂဏန်း လက်မတွေက စားတဲ့အခါ ကိုက်နေရတာမာနေမှာစိုးလို့ပါ။ ဂဏန်းမှာပါတဲ့ အဆီအနှစ်တွေကို ပန်းကန်သတ်သတ်နဲ့ ဖယ်ထားလိုက်ပါ။ ပြီးရင် ရေထည့်ပြီး ပြုတ်ထားလိုက်ပါ။ ရေကတော့ မိမိလိုသလောက်ထည့်ပါနော်။ ကျွန်မကအရည်များများနဲ့ ကြိုက်လို့ အရည်ကိုများများထည့်လိုက်ပါတယ်။ ကြက်သွန်နီ ကို အခွံခွာပြီး လေးခြမ်းစိတ် စိတ်ထားပါ။ ကြက်သွန်ဖြူ ကိုလဲ အခွံခွာပြီး အလုံးကွဲလောက်အောင်ပဲ ထောင်းထားပါ။ ဂဏန်းချက်ထဲ ထည့်ဖို့ ဆီသတ်တော့မယ်နော်။ ချက်သတ်မယ့်အိုးတင်လိုက်ပါ။ ဆီ အနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ လေးခြမ်းစိတ်ထားတဲ့ ကြက်သွန်နီကို နည်းနည်းအိအောင်အထိကြော်ပေးပါ။ ပန်းကန်သတ်သတ်နဲ့ဖယ်ထားတဲ့ ဂဏန်းအဆီအနှစ်ကိုထည့်လိုက်ပါ။ အနံ့မွှေးသွားပါလိမ့်မယ်။ ပြီးရင် မန်ကျည်းမှည့်ရည်ထည့်ပါ။ ပြင်းတော်သိမ်ရွက် ၂ ခက်ကို အရွက်ခြွေပြီး ထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်ပါ။ ဆားထက် ငံပြာရည်နဲ့ချက်တာ ပိုကောင်းပါတယ်နော်။ ဆားထည့်လဲ ရပါတယ်။ ဆားနည်းနည်း ငံပြာရည်နည်းနည်းဆီထည့်ပေါ့။ ဆီလေးပြန်လာရင် ကုလားလေး မဆာလာထည့်ပါ။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းထည့်လိုက်ပါ။ ဆီသတ်လို့ပြီးပါပြီရှင်။ ပြီးရင် ဂဏန်းပြုတ်အိုးထဲသို့ ထည့်လိုက်ပါတယ်။ ပြီးရင်ဆူနေအောင်တည်ထားလိုက်ပါ။ အပေါ့ အငန့် မြည်းကြည့်ပါ။ အချဉ်အငံ ထပ်ထည့်ချင်လဲ ထည့်ပါအုံးနော်။ အရည်သောက် အဖတ်စား ဂဏန်းချက် ရပါပြီရှင်။ လူပျိုသိုးကြီးကတော့ ထမင်းနဲ့ စားတာထက် ၀ီစကီနဲ့ မြည်းတာ အကောင်းဆုံးလို့ ပြောပါတယ်။ ဒီအတိုင်းလေးစားလဲကောင်းပါတယ်။ ကဲ သုံးဆောင်သွားပါအုံးနော်။

-------------


ကြက်ကြော် ကျွတ်ကျွတ်လေး (အသားကော အရိုးကော အားလုံးကြော်ထားပေးတယ်နော်)

-------------


ဝက်ဦးနှောက်ကြော် ပျော့စိစိ

-------------


အာလူး ကတ်သလစ်ကြော် ကျွတ်ကျွတ်လေး (ဒါတော့ ညီမလေးနွေးနေခြည်အကြိုက်ထင်တယ်နော်)

-------------


အားဖြစ်စေမယ့် မှိုစွပ် (Mushroom soup)

------------

အသီးအနှံ နဲ့ အချိုပွဲကတော့ ဟိုနေ့က အပြင်မှာသွားစားတဲ့ဟာ တင်ပေးလိုက်တယ်နော်။



အသီးအနှံ ထုတ်ထိုး (စတော်ပယ်ရီရိုးရိုး နဲ့ စတော်ပယ်ရီ ချောကလက်စိမ်၊ စပျစ်သီးရိုးရိုးနဲ့ စပျစ်သီး ချောကလက်စိမ်၊ ယိုယို့ ပျော့စိစိ နဲ့ ယိုယို့ ချောကလက်စိမ်၊ ဆမ်းကစ်သီး တစ်စိတ်၊ နဂါးမောက်သီးတစ်စိတ်၊ ဖရဲသီး တစ်စိတ်၊ ချိစ်ကိတ်၊ ချောကလက်ကိတ် နဲ့ ကျောက်ကျော တို့ပါနော်)


စတော်ပယ်ရီ ရေခဲမုန့် (ထူးရေခဲမုန့်တော့ ဟုတ်ဘူးကွယ်)


အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။

Monday, April 6, 2009

ခရမ်းသီး နဲ့ အာလူးချက်

ဒီနေ့တော့ ဘာချက်ရမလဲလို့စဉ်းစားလိုက်တယ်။ မမအယ်ဇီလို လှချင်တာနဲ့ ဒီနေ့တော့ ခရမ်းသီးကို အာလူးနဲ့ရောပြီး ချက်စားလိုက်ပါတယ်။ အာလူးရောလိုက်တော့ ပိုများလှလားမလားလို့ပါ။ မမအယ်ဇီရေ လှချင်လို့ ဒီလိုလေး ချက်လိုက်ပါရစေနော်။ ခရမ်းသီးနဲ့အာလူး အလုံးသေးလေးတွေလဲ ရှိတာနဲ့ ရောပြီးချက်စားလိုက်ပါတယ်။ အာလူးအလုံးသေးဆိုလို့ ပြောရပါအုံးမည်။ ကျွန်မရဲ့သူငယ်ချင်း အမျိုးသမီး (ခုတော့ ကျွန်မနဲ့သူငယ်ချင်းဖြစ်နေပါပြီ) ဒီလိုပဲ ဖုန်းဆက်ဖြစ်ကြရင် ဟဲ့ ... ဒီနေ့ဘာချက်စားလဲ ဘာလဲ ညာလဲပေါ့။ ကျွန်မလဲ အာလူးသေးသေးလေးကို ၀က်သားနဲ့ရောချက်တယ်၊ ဆိတ်သားနဲ့ရောချက်တယ်၊ အမဲသားနဲ့ရောချက်တယ် စသဖြင့်ပေါ့။ အာလူးသေးသေးလေးက စားလို့လဲကောင်းတယ်။ ဆီးဆီးလေးလို့ပြောလိုက်တယ်။ အဲဒီတော့ သူလဲ ကျွန်မပြောသလို အာလူးသေးသေးကိုဝယ်ပြီးချက်စားပါတော့သည်။


အဲဒီမှာ အာလူးအလုံးသေး ဇာတ်လမ်းစပါပြီ။ ကျွန်မက အာလူးအလုံးသေးရင် အရင်ပြုတ်လိုက်တယ်။ ကျက်ပြီဆိုမှာ အခွံနွှာလိုက်ပါတယ်။ ဒါမှလဲ အခွံနွှာရတာ ပိုမြန်တာလေ။ အဲ ကျွန်မရဲ့သူငယ်ချင်းအမျိုသမီးကတော့ အစိမ်းလိုက်အာလူးကို အရင်နွှာတယ်။ အာလူးလေးက သေးသေးလေးဆိုတော့ နွှာရခတ်တာပေါ့။ သူ့မှာ တမနက်လုံး အာလူးနွှာနေတာ အချိန်တွေကုန်သွားတယ် အာလူးက နွှာလို့မပြီးသေးဘူးတဲ့။ အင်း ..........စိတ်ထဲမှာ ကျွန်မကိုလေ ရိုက်ချင်လိုက်တာတဲ့။ ပေါက်ပေါက်ရှာရှာ အာလူးသေးသေးကိုများ အလုပ်ရှုပ်ခံပြီး စားရတယ်ပေါ့။ ဒီလို အာလူးကို နွှာနေရရင်တော့ ထမင်းငတ်တော့မယ် မဖြစ်ချေဘူး ရသလောက်နဲ့အရင်ချက်မယ် ညနေမှ ကျန်တာကိုနွှာမယ်ဆိုပြီး တ၀က်ကိုသာချက်စားလိုက်ရတယ်။ အဲဒီနေ့လည်ကြတော့ ကျွန်မကိုဖုန်းဆက်ပြီးပြောလို့ သိလိုက်ပါ။ ဒါနဲ့ အာလူးအသေးကို ခရမ်းသီးနဲ့ရောချက်ရပါတော့တယ်ရှင်။

ိ
ဒီနေ့ သူငယ်ချင်းတယောက်ပါ ထမင်စားခေါ်ထားလို့ ဟင်းကို နည်းနည်းပိုချက်လိုက်ပါတယ်။



ခရမ်းသီး နဲ့ အာလူးချက်နေ သုံးဆောင်သွားပါအုံးလား




ဒီနေ့တော့ အမဲသားကို အတုံးသေးသေးတုံးပြီး ဆား၊ အချိုမှုန့်၊ ဂျင်းလက်တဆစ်ထောင်းအရည်၊ ဆနွင်းထည့်ပြီး ကြော်ထားတာပါရှင်။ အမဲကြော်လေးကော သုံးဆောင်သွားပါအုံးလား။



အစပ်လေးပါအောင်လို့ ငါးနီတူးလေးပါ ကြော်လိုက်တယ်။ ငါးနီတူးကြော်စပ်စပ်လေး သုံးဆောင်သွားပါအုံးလား။



ဒါကတော့ ထုံးစံအတိုင်း မုန်လာဥ ချဉ်ဟင်းပါ။ အချဉ်ဟင်းလေးပါ သုံးဆောင်သွားပါအုံးလား။




ခရမ်းသီး နဲ့ အာလူးချက် အတွက် လိုအပ်သောအရာ

ခရမ်းသီး အနေတော် ၂ လုံး
အာလူးသေးသေး ၁၀ လုံး
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၅ တက်
ပုဇွန်ခြောက်ထောင်း


ခရမ်းသီး နဲ့ အာလူးချက်ပုံ

အာလူးသေးသေးကို အရင်ဆုံး ပြုတ်ထားလိုက်ပါ။ အာလူးကျက်ရင်တော့ အခွံနွှာထားပါ။ အာလူးသေးသေးက အရင်ပြုတ်လိုက်မှ အခွံနွှာရတာ ပိုလွယ်ပါတယ်။ ခရမ်သီးကို အတုံးတုံးထားပြီး ရေးဆေးပါ။ါချက်ခါနီးမှ ရေဆေးပြီးတုံးပါ။ မဟုတ်လို့ရှိရင် ခရမ်းသီးက မည်းသွားတတ်ပါတယ်။ ဒါမှမဟုတ် အတုံးတုံးထားပြီး ရေနဲ့စိမ်ထားပေးပါ။ အာလူးပြုတ်နေတုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အခွံနွှာပြီး ထောင်းတာပါ။ီချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့် ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်တို့ကို ဆနွင်း၊ အရောင်တင် နည်းနည်းထည့်ပြီး ဆီသတ်ပါ။ နည်းနည်းလေးအိသွားအောင်အထိ ဆီသတ်ပါ။ ကြက်သွန်နီ ကြက်သွန်ဖြူလဲ အိသွားရင် တုံးထားတဲ့ ခရမ်းသီး နဲ့ ပြုတ်ပြီးအခွံနွှာထားတဲ့ အာလူးတို့ကိုထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်ပြီး ၅ မိနစ်လောက် ခဏလုံးထားပါ။ ပြီးရင် ရေနွေးနည်းနည်းထည့်ပြီး ဆီပြန်လာအောင်တည်ထားပေးပါ။ ဆီပြန်လာရင်တော့ ခရမ်းသီး နဲ့ အာလူးချက်ရပါပြီ။ သုံးဆောင်သွားပါအုံးလား။

Monday, March 23, 2009

ဆိတ်သားနဲ့အာလူး ပလာတာ

ဒီနေ့တော့ ထမင်းမချက်ဘဲ ပလာတာပဲကြော်စားလိုက်တယ်။ ခါတိုင်းတုံးကတော့ ပလာတာကြော်ရင် ကြက်သားနဲ့အာလူးချက်ပဲချက်ဖူးတယ်။ ဆိတ်သားကလဲ မချက်တတ်ရင် ညှီတယ်လေ။ ဒီနဲ့လဲ ဆိတ်သားချက်နဲ့အာလူးချက်ရာမှာ ဆရာစားမချန်ဘဲ ရှိသမျှအစွမ်းအကုန်ထုတ်ပြီးချက်ထားတာပါ။
(ဆိတ်သားကို ခုမှ ၃ ခါသာချက်ဖူးပါတယ်) ဟဲဟဲ



ဆိတ်သားနဲ့အားလူးချက်


ပလာတာကြော်


သခွားသီးအချဉ်သုပ်(သူလေးက မပါမဖြစ်နော်)


ဒီအထုပ်ကိုဝယ်ပြီးကြော်တာပါ။ ဒီတခါဝယ်တာ ဟင်းအနှစ်လေးတောင်လက်ဆောင်ပါသေး။ နောက်တခါကြော်မှပဲ ဒီဟင်းအနှစ်နဲ့စားတော့မယ်။


လိုအပ်သောအရာ

ဆိတ်သား
အာလူး ၂ လုံး
သခွားသီး တခြမ်း
ကြက်သွန်နီ ၂ လုံး
ငရုတ်သီးစိမ်း ၂ တောင့်
သံပရာသီးသေးသေး ၃ လုံး
ဂျင်း လက်တဆစ်ထောင်း
ကြက်သွန်ဖြူ ၃ တက်ထောင်း

ဆိတ်သားအာလူးချက်ပုံ

ဆိတ်သားကို အတုံးသေးသေးတုံးပြီး ဆားနဲ့အရင်နယ်ပြီးရေဆေးလိုက်တယ်။ ပြီးတော့ မန်ကျည်းမှည့်ကိုရေဖျော်ပြီး ဆိတ်သားကိုပြန်ဆေးလိုက်တယ်။(၂ ခါ၊ ၃ ခါလောက်ဆေးလိုက်ပါ) အိမ်မှာတော့ ငါးဟင်းချက်ရင် မန်ကျည်းမှည့်နဲ့ဆေးတယ်။ အဲလိုဆေးလိုက်ရင် ငါးညှီတဲ့အနံတွေပျောက်သွားတယ်။ အဲဒါနဲ့ဆိတ်သားလဲ အညှီနံပျောက်အောင်ဆိုပြီး ဆေးလိုက်တယ်။ ပြီးတော့ ဆိတ်သားကိုဆား၊ အချိုမှုန့်၊ ဆနွင်း၊ ဂျင်းထောင်းရည်တို့နဲ့နယ်ပေးပါ။ အာလူးကို အခွံနွှာပြီး အတုံးတုံးထားပါ။ ပြီးချက်မယ့်ထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်ဖြူထည့်ပြီးဆီသတ်ပါ။ ပြီးနယ်ထားတဲ့ ဆိတ်သားထည့်ပါ။ ရေနွေးထည့်ပြီး နာရီဝက်လောက်နူးနေအောင်တည်ထားပါ။ ၁၅ မိနစ်လောက်ကြာလာရင်တော့ အာလူးတုံးများထည့်ပါ။ ဆီပြန်လာခါးနီး မဆလာထည့်ပေးပါ။ အနံများမွှေးကြိုင်လာရင်တော့ ဆိတ်သားနဲ့အာလူးချက်ရပါပြီ။ သုံးဆောင်သွားပါအုံးလား။


သခွားသီးအချဉ်သုပ်

သခွားသီးကို ပါးပါးလှီး၊ အရှည်လိုက်ပြန်လှီးပါ။ ကြက်သွန်နီကိုလဲပါးပါးလှီးပါ။ သုပ်မယ့်ပန်းကန်ထဲသို့ ပါးပါးလှီးထားတဲ့ သခွားသီး၊ ကြက်သွန်နီကိုထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ငရုတ်သီးထည့်၊ သံပရာသီးညှစ်ထည့်ပြီးနယ်ပေးပါ။

Tuesday, March 3, 2009

ကြက်သားနဲ့အာလူးချက်



လိုအပ်သောအရာ

ကြက်သား
အာလူး
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ဆီ
အရောင်တင်အနီ၊ ဆနွင်း၊ မဆလာ

ချက်ပြုတ်ပုံ

ကြက်သားကို ရေဆေးပြီး မိမိစိတ်ကြိုက် အတုံးတုံးထားပါ။ ဆား အချိုမုန့်၊ ဆနွင်း အနည်းငယ်ထည့်နယ်ထားပါ။ ကြက်သွန်နီ၂ လုံး ၊ ကြက်သွန်ဖြူ ၅ တက်ကို ထောင်းထားပါ။ ချက်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့် ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုထည့်ပါ။ နီလာအောင်အထိ ဆီသတ်ပါ။ အရောင်တင်အနီ၊ ဆနွင်း အနည်းငယ်ထည့် ပြီးရင် တုံးထားသော ကြက်သားကိုထည့်ပါ။ ၁၀ မိနစ်လောက်လုံးထားပါ။ ပြီး အာလူးကိုထည့်ပါ။ ပြီး ရေနွေးထည့်ပြီး တည်ထားပါလေ။ ဆီပြန်လာရင်တော့ မဆာလာခတ်ပေးပါ။ မွှေးကြိုင်သော ကြက်သားအာလူးချက်ရပါပြီ။

Sunday, February 15, 2009

အမဲသားနဲ့အာလူးကြော်


ဒီနေ့ ချစ်သူများနေ့မှာ (Valentines Day) သူငယ်ချင်းများနဲ့ အပြင်ထွက်မှာမို့လို့ ဟိုနေ့က ပြုတ်ထားတဲ့ အမဲသားကို အာလူးနဲ့ရောကြော်လိုက်တယ်။ အမြန်ဆုံးနည်း သုံးပြီး ကြော်လိုက်လို့ ဟိုနေ့က အမဲသားနဲ့အာလူးချက်လောက် သိပ်မကောင်းဘူးလို့ အိမ်ကကိုယ်တော်က ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ဒါပဲချက်၏။



အိမ်ကပါးလိုက်သော မရမ်းသီးကြော်



ဒီနေ့တော့ ဟင်းရည် မပါလို့ ရေနွေးကြမ်းနဲ့ မျောချရတယ်။