Showing posts with label ပြောချင်စရာလေးများ. Show all posts
Showing posts with label ပြောချင်စရာလေးများ. Show all posts

Friday, May 8, 2009

ယိုးဒယားရောက် ပထမဆုံးအတွေ့အကြုံ (ယိုးဒယား သို့ အလည်တစ်ခေါက်)



ဘန်ကောက်ကို ရောက်ရောက်ခြင်းလေဆိပ်မှာ Taxi ငှားတဲ့အကြောင်းလေးကို အရင်ပြောပြပါအုံးမယ်နော်။ အဖြစ်အပျက်က ဒီလိုပါ။ သူက ဒီမှာလဲ ၁နှစ်ခွဲကျော်ကျော် အလုပ်လုပ်ခဲ့ဖူးတော့ ယိုးဒယား စကားကို နည်းနည်းပါးပါးပြောတတ်ပါတယ်။ ကျွန်မအတွက်တော့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပါ။ ပြောတတ်တယ်ဆိုလို့ အထင်တော့ မကြီးလိုက်နဲ့အုံးနော်။ Taxi ငှားတဲ့ ဇာတ်လမ်းစပါပြီ။ ထွက်ထွက်ခြင်းမှာ Taxi service တွေလဲရှိပါတယ်။ အဲဒါငှားရင် သူတို့ကို service charges ပေးရတယ်။ သူတို့မှာ မငှားဘဲ ကိုယ့်ဟာကိုယ်ငှားကြပါတယ်။ အဲ....... ဘန်ကောက်ရောက်တော့ ဟိုတယ်မှာတည်းတာ မဟုတ်ပါဘူး။


ကိုယ်တော်ကြီးရဲ့ သူငယ်ချင်းအိမ်မှာတည်းခဲ့တာပါ။ လိမ်စာကဒီလိုပါ။ Assumption University, 24/3 street, အတိုကောက်က ABAC, 24/3 st အဲလိုဆိုလား။ အဲဒီတော့ ကျွန်မလဲ ယိုးဒယားလို အသံထွက်ကို မြန်မာလို ရေးသွားတယ်။ (( Assumption University ကို အေဘတ်လမ်, 24/3 ကို 24=ရီဆစ်စီ, / =ထပ်, 3 ကို ဆမ်) အေဘတ်လမ် ရီဆစ်စီ ထပ် ဆမ် )ပေါ့ ။ အိမ်ကနေတော့ အဲဒီလိမ်စာလေးကို အလွတ်ကျတ်သွားတယ်။ Taxi လဲငှားတော့ အဲလို ကိုယ်တော်ကြီးလဲ ငါးပိသံနဲ့ပြောပလိုက်တာပေါ့။ ၁ယောက်ငှားလဲ နားမလည်၊ ၂ ယောက်ငှားလဲ နားမလည်၊ ၃ ယောက်ငှားလဲ နားမလည်၊ ၄ ယောက်ငှားလဲ နားမလည်နဲ့ ကျွန်မကို ပြောခိုင်းတယ်။ ကျွန်မပြောလဲ နားမလည်။ ကျွန်မကတော့ ရီချင်တာပဲသိတယ်။ မတတ်နိုင်တဲ့အဆုံး အနားကကောင်လေး တစ်ယောက်ကငှားပေးလိုက်မှ တည်းမယ့် သူငယ်ချင်းအိမ်ကို ချောချောချူချူ ရောက်ပါတော့တယ်။

Friday, October 3, 2008

ကျွန်မရဲ့ဖြစ်ပုံ ဖြစ်ပုံ ကမ်းကုန် ကမ်းကုန်..................

အိမ်ထောင်သည် ဘ၀ အစအဖြစ်အပျက်များ

၁။ ထမင်းပေါင်းအိုး

အိမ်ထောင်သက် ၃ လအတွင်း ထမင်းပေါင်းအိုး ၃ လုံးဝယ်ရလို့ပါ။(ပထမ တလုံး နှစ်လနဲ့ပျက်၊ ဒုတိယတလုံး ၁၀ ရက်နဲ့ပျက်၊ တတိယတလုံး လျက်ရှိချက်လို့ရနေဆဲပါ။


လက်ရှိထမင်းပေါင်းအိုး (ဓာတ်ပုံတော့ အင်တက်နက်က ယူပြီး ပြန်ပြင်ထားတာပါ။)


၂။ လျှပ်စစ်ရေနွေးအိုး

ပထမတအိုး မီးတော့လင်းတယ်။ ရေက မဆူလာတော့ဘူး။ ဒါပေမယ့် ပြောအားတော့ရှိပါတယ်။ ထမင်းပေါင်းအိုးထက်စာရင် ရေနွေးအိုးက ပိုကြာမှ ပျက်တာပါလို။ ပထမရေနွေးအိုးက ၄ လကျော်အထိခံပါ တယ်။ ဒုတိယတအိုး လက်ရှိဆူနေဆဲ။


လက်ရှိရေနွေးအိုး (ဓာတ်ပုံတော့ အင်တက်နက်က ယူပြီး ပြန်ပြင်ထားတာပါ။)


၃။ လျှပ်စစ်ဘုတ်ခုံ(Extension Socket 4 way)

မီးကြွေထိုးနေရင်း(မီးပူတိုက်နေရင်း) ဖောင်း၊ဘောင်း ဆိုပြီး အသံထွက်လာသည်။ ဒီလိုလေး မီးကြွေလေးထိုးနေရင်းက လျှပ်စစ်ဘုတ်ခုံလေး ပျက်သွားသည်။ နောက်ထပ်အသစ် သုံးလို့ရနေဆဲ။

(မှတ်ချက်။ ။ ကိုယ်တော်က ပြောတယ် မိန်းမနဲ့ လျှပ်စစ်ပစ်စည်းနဲ့ မတည့်ဘူးတဲ့။)


၎။ ငရုတ်ကျည်ပွေ့

ငရုတ်ဆုံကိုရေဆေးရင် ထုံးစံအတိုင်း မှောက်လိုက်သည်။ ငရုတ်ကျည်ပွေ့လဲ အမှုမဲ့ အမှတ်မဲ့ ဒီအတိုင်းတင်လိုက်မိသည်။ လိမ့်ကျပြီး ကျိုးပါလေရော။ နောက်ထပ် ငရုတ်ကျည်ပွေ့အသစ် မကျိုးသေးပါ။ (ဒီမှာ ငရုတ်ကျည်ပွေ့ကြီးပဲ သတ်သတ်ဝယ်ရတာ ခက်လိုက်တာ။ ခွဲပြီးမရောင်းချင်ကြဘူး။ ငရုတ်ဆုံတစုံလုံးဝယ်တုံးက S$ 12 ပေးရတယ်။ ငရုတ်ကျည်ပွေ့တခုတည်းဝယ်တော့ S$ 6 ပေးခဲ့ရတယ်။ ဒါတောင် မနည်းရှာပြီးဝယ်ခဲ့ရတာ။ ဒီလိုဆိုတော့ ကိုယ်တော်က ပြောသေးတယ် လျှပ်စစ်ပစ်စည်းမဟုတ်လဲ မတည့်ဘူးတဲ့။ ကျိုးသေးတာပဲလားတဲ့။ ဟဲဟဲ တမင်တကာလုပ်တာမှ မဟုတ်တာ သတ်နိုင်ဘူးလေ။ နော်)


လက်ရှိ ငရုတ်ဆုံ (ငရုတ်ကျည်ပွေ့အသစ်နဲ့ပေါ့)