ပတ်တရားကနေ ကားစီးလာတာ ဘန်ကောက်ကို ည ၇ နာရီလောက်ရောက်တယ်။ ညနေစာ စားဖို့ နာမည်ကြီး ကွေ့သယိုဆိုင်ကို သွားကြတယ်။ ကွေ့သယို အရည်အနှောက်လို့ပြောတယ်။ ၀က်သွေးထည့်ချက်ထားတာ ဆိုလားပဲ။ စားလို့တော့ ကောင်းပါတယ်။ ဘတ်ကားဂိတ်က နေ Victory Monument မှတ်တိုင်အထိ ရထားစီးလာတယ်။ အနုတ်ဆာဝါတီမှတ်တိုင်ပေါ့။ အဲဒီနားက Chao Phraya boat noodle ညနေစာစား ၊ အဲဒီနားက ဈေးတန်းပတ်ပြီး မောင်ထောင် ဌာနီ သူငယ်ချင်းအိမ်ဖက်ကို သွားကြပြန်တယ်။ အထုတ်တွေချန်ထားခဲ့သေးလို့ ယူရင်းသွားကြတာလေ။
မောင်ထောင် ဌာနီဖက်ရောက်တော့ ည ၉ နာရီခွဲကျော်နေပြီ။ သူငယ်ချင်းတွေလဲ ရုံးပြန်ညနေစာမစားသေးလို့ တခါထပ်စားကြပြန်တယ်။ မောင်ထောင် ဌာနီနားက အ၀င်ဝမှာ ကြက်ဖရုပ်ထုကြီးနဲ့ဆိုင်မှာ သူငယ်ချင်း လင်မယားနဲ့အတူ ညနေစာ တခါထပ်စားကြပြန်တယ်။ ဒီတခါတော့ နည်းနည်းပဲ စားလိုက်ပါတယ်နော်။

ကွေ့သယို ပွဲကြီးတဲ့ ။ ကျွန်မစားတော့ လေးခါလောက်စားရင်ပဲ ကုန်သွားတယ်။ စားလို့တော်တော်လေးကောင်းတယ်။ ကန်းဇွန်းဆို အရိုးပဲ ကြိုက်တော့ အတော်လေးအဆင်ပြေတယ်။ (ဒီတခါ နန်းပြားနဲ့ စားခဲ့တယ်)

ကိုယ်တော်ကြီး စားတဲ့ ကွေ့သယို (ဘယ်လောက်ပေးခဲ့ရလဲ မမှတ်မိတော့ဘူး)

ကျွန်မသောက်တဲ့ လိမ်မော်ရည်။ သူက 7up သောက်တယ်။ ရိုက်လိုက်တော့ဘူး။

ငရုတ်သီးတွေနဲ့ သကြား။ ဟောဟော........ဘေးက 7up က သူသောက်တာ။

ငရုတ်သီး ရည် တစ်ဇွန်းတော့ ထည့်လိုက်သေးတယ်။

ခေါက်ဆွဲ မျိုးစုံကို ပုလင်းထဲ တန်းစီလို့ ထည့်ထားတာကို ဓာတ်ပုံရိုက်ခဲ့တယ်။

ဈေးတန်းဘက် ပတ်ရင်း နှင်းသီး ၀ယ်စားခဲ့တယ်။ အလုံးကလဲ ကြီးပြီး ချိုနေတာပဲ။ တစ်ကီလို
၂၅ ဘတ် ( ၁၅ လုံးလောက် ရတယ် ထင်တာပဲ။ လမ်းလျှောက်ရင်း စားချင်တာနဲ့ တစ်သျှူးနဲ့သုတ်ပြီး စားခဲ့တယ်။
ကောင်းမှကောင်းပဲ)

မောင်ထောင် ဌာနီနားက ကြက်ဖကြီးနဲ့ဆိုင်။ နာမည်တော့ ယိုးဒယားလို ရေးထားလို့ သိဘူးနော်။

အဲ ဒီပန်းကန်က ကျွန်မ ပန်းကန်ပဲ။ ကောက်ညှင်းနဲ့ စားခဲ့တယ်။

ဂုံးနဲ့ သင်္ဘောသီးထောင်း။ ခရမ်းသီးကျွတ်သီးလေးပါ ပါတယ်။

ကြက်ကြော်

ဝက်သားသုပ်

ဝက်နံရိုး တုံယမ်း ဟင်းရည် (၀က်နံရိုးနဲ့ ပထမဆုံးအကြိမ် စားဖူးတယ်)

ရေခဲစိမ်အသီးအရွက် (ကျွန်မပဲ စားတာများတယ်)

ကောက်ညှင်းပေါင်း စီးနေတာပဲ
(ဒါလဲ ဘယ်လောက်ကျလဲ သိဘူး။ သူငယ်ချင်းကျွေးလို့။)