စနေနေ့ညနေစာ မူကထောက် စားသောက်ပြီးသာနဲ့ မောင်ထောင်ဌာနီ (Maung Thong Tha Ni) သူငယ်ချင်းအိမ်မှာ ကျောပိုးအိတ်တစ်ယောက်တလုံး ကိုယ်စီဆွဲလို့ သွားခဲ့ကြပြန်တယ်။ မူကထောက်စားတဲ့ တအုပ်စုလုံးသွားကြတာ။ သွားကြတဲ့ အချိန်ကလဲ ညကြီး ၁၂ ကျော်နေပါပြီ။ ဒါကို ဟိုဘက်အိမ်ကူး ဒီဘက်အိမ် ကူးလုပ်နေကြတုံးပါပဲ။ တက်စီနဲ့သွားတာ နာရီဝက်ကျော်ကျော် ကြာပါသည်။ ဒီစလုံးလို့ တက်စီက Mid night charges တွေ မရှိပေလို့တော်ပေးသေးတယ်။ ကျွန်မကတော့ တက်စီပေါ်ရောက်တာနဲ့ တန်းပြီးအိပ်လိုက်သွားတယ်။ ဒီအချိန်လေးပဲ အိပ်ချိန်ရှိတယ်။ မောင်ထောင်ဌာနီအိမ်ရောက်တော့ မနက်ကြီး ၁ ချက်ထိုးနေပါပြီ။
ဟိုရောက်တော့ ဗွီဒီယိုကြည့်သူကကြည့်၊ Farm Town လယ်စိုက်သူကစိုက်၊ ကောင်တာ ဂိမ်းဆော့သူကဆော့နဲ့။ အဲ..........ကျန်တဲ့သူတွေက ဘာလုပ်ရမှာပါလိမ့်။ ဒီတော့လဲ ဂဏန်းလေးဘားလေး တွက်ချက်ရတော့တာပေါ့။ ဟဲဟဲ.......၀ီရိယကောင်းကြတယ်နော်။ အားတဲ့အချိန်ကို အကျိုးရှိအောင် သုံးရတယ်လေ။ ဂဏန်းတွေလဲ အတွက်အချက်လွန်လာလိုက်တာ မနက် ၃ နာရီလောက်ရောက်ရောပေါ့။ မအိပ်မနေ အသက်ရှည်တဲ့။ မအိပ်တော့ ဗိုက်ကလဲ ဆာလာပါပြီ။ အိမ်ရှင်သူငယ်ချင်းမိန်းမက အားလုံးကိုကျွေးဖို့ နေ့လည်က မုန့်ဟင်းခါးဖတ် ၀ယ်ထားပြီး ငါးကိုလဲမွှေကြော်လုပ်ထားတယ်တဲ့။ အကြံပိုင်လိုက်လေ။
အဲဒီတော့.......မိန်းကလေးအားလုံးလဲ လုပ်ကူကြတာပေါ့။ မုန့်ဖတ်သုပ်သူကလဲ တစ်ပန်းကန်ပြီး တစ်ပန်းကန်သုပ်လေရဲ့။ စားကြတဲ့သူတွေကလဲ မနားတမ်းစားကြလေရဲ့။ ရေနွေးကလေးတည်ပြီး ကော်ဖီပူပူလေးနဲ့ လွေးကြတယ်။ ဘုရားစူးပါစေရဲ့ မူကထောက်စားခဲ့တာလဲ ကြက်ပျောက်ငှက်ပျောက်ပဲ။ စားသောက်ပြီး မျက်စိကလဲလေးလာ၊ ဗိုက်ကလဲလေးလာနဲ့ အိပ်မှဖြစ်ချေတော့မည် ဆိုပြီး ဂဏန်းတွက်တာလဲသိမ်း၊ လယ်စိုက်တာလဲပိတ်........အားလုံး အားလုံး........သိမ်းလိုက်ပါတော့တယ်။ ကိုယ်တော်ကြီး နဲ့ ကျွန်မကတော့ မနက်ဖြန် Dream World ဆက်စရာရှိလို့ အိပ်မှဖြစ်ချေတော့မည် ဆိုပြီး အိပ်လိုက်ပါတော့တယ်။ ကျန်တဲ့သူများကတော့ ကိုယ်အိမ်ကိုယ်ပြန်သွားကြပါတော့တယ်။
မနက် ၈ နာရီလောက်ထ မနက်စာစားပြီး Dream World သို့ ခရီးဆက်လိုက်ပါတော့တယ်။
ကွေ့သယို (ကျွန်မစားတာပါ။ ဒီတစ်ခါတော့ ကိုယ်တော်ကြီး သူငယ်ချင်းမှာပေးလို့ နန်းသေးနဲ့စားရပြီ) ဘတ် ၃၀ ပါ
ဒါက ကိုယ်တော်ကြီး စားတာပါ။ သူမှာတဲ့ဟာက ဖက်ထုပ်ပြုတ်ပါ ပါတယ်။ ဘတ် ၃၅ ပါ
ကိုယ်တော်ကြီး နေခဲ့ဖူးတဲ့ တိုက်ခန်းကို အမှတ်တရ ရိုက်ခဲ့တာပါ။ အခုအိပ်တဲ့အိမ် နဲ့ ဟိုဖက်တိုက် ဒီဖက်တိုက်
MBK Shopping Mall မှာ စားခဲ့တဲ့ ပတ်ထိုင်းကြော်ပါ။ ဘတ် ၃၅ ပါ
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
1 comment:
ဗိုက်ဆာလို့ မမ ဘလော့ဂ်ကို လာလည်တိုင်း စားစရာတွေက အဆင်သင့်ပဲ...
ဟဲဟဲ ဒီတစ်ခါလဲ မမရဲ့ စားစရာတွေကိုကြည့်ပြီး ခေါက်ဆွဲပြုတ်လေး စား.... အရသာခံလိုက်ဦးမယ်...
Post a Comment