Monday, October 26, 2009

မွေးနေ့ပွဲများလှသော ဒီလေးလ

စက်တင်ဘာလမှ စ၍ ဒီဇင်ဘာလအထိ မွေးနေ့ပွဲများ ဆက်တိုက်ရှိနေပါသည်။ မိုးကောင်းသူတို့လင်မယားမှာလည်း ရုံးပိတ်ရက်ဆို ရက်ချိန်းများပြည့်နေပါသည်။ ခုလဲ ဘောလုံး တစ်သင်းစာရှိတဲ့အထဲက မိုးကုတ်သား နဲ့ မိုးကုတ်သူ ညီမလေး တုတ်တုတ်တို့ရဲ့မွေးနေ့ပွဲရယ်၊ ရန်ကုန်သား မောင်ငယ်လေးရဲ့မွေးနေ့ပွဲရယ် သုံးပွဲဆက်တိုက် ၀ါးတီးဆွဲခဲ့ပါသည်။ ဒီလကုန်လဲ ကျွန်မတို့သူငယ်ချင်း မကွေးသားရဲ့နောက်ထပ်မွေးနေ့ပွဲရှိပါသေးသည်။ ဒီဇင်ဘာလလဲ အဂ္ဂဘုန်း မေမေ ကြိုတင်ဘိုကင်ရက်ချိန်းယူထားပါသေးသည်။ ကြားရက်တွေတော့ အားနေပါသေးသည်။ ဘယ်သူတွေများ ကြိုတင်ရက်ချိန်းယူချင်ပါသေးလဲရှင်။ အဟဲ .......... ကိုယ်တော်ကြီးနဲ့ကျွန်မတို့ရဲ့မွေးနေ့ပွဲကိုတော့ အားရက်မကျန်သောပါသောကြောင့် နောင်နှစ် နောင်နှစ်တွေမှပဲ ကျွေးပါတော့မည်။ သူငယ်ချင်းအားလုံးကလဲ သဘောတူပါသည်။ :D ဒီနေ့လဲ အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။


မွေးနေ့ရှင်အားလုံး အသက်ရာကျော်ရှည်စေသော်။


မိုးကုတ်သားရဲ့ မွေးနေ့ပွဲ


ဟင်းရည်ကိုတော့ မာလဟင်းရည်ရယ်၊ ရိုးရိုး အချိုဟင်းရည်ရယ် ယူပါတယ်။


အရိုးကြိုက်တဲ့ ကျွန်မ ကြက်ခြေထောက်ကို များများယူခဲ့ပါတယ်။


ဂဏန်းရယ်၊ မှိုရယ်၊ ၀က်သားပြားရယ်


ပုဇွန်ရယ်၊ ကင်းမွန်ရယ်၊ ဂဏန်းရယ်


ခရုရယ်၊ ငါးခေါင်းရယ်၊ မျှစ်ရယ်၊ ကြာစွယ်ရယ်


ကျွန်မကိုယ်တိုင် စပ်ထားတဲ့ငရုတ်သီးအချဉ်


နောက်တစ်မျိုးအချဉ်


------------------

ရန်ကုန်သား မောင်ငယ်လေးရဲ့ မွေးနေ့ပွဲ

့မွေးနေ့ကိတ်


ယူရိုပီယမ် စတိုင်ကျွေးပါတယ်။ ဟာဝါရီ ပီဇာလား မသိ။


အမဲသားနဲ့လား မသိ


ငါးကြော် ကျွတ်ကျွတ်လေး


အားလူးချောင်းကြော် ကျွတ်ကျွတ်လေး


လက်မနှေးစေနဲ့နော်။ :D

-------------------

မိုးကုတ်သူ ညီမလေး တုတ်တုတ်ရဲ့ မွေးနေ့ပွဲ



ငရုတ်ကောင်းနဲ့ ကြက်ကင်ပါ။ ကျွန်မ စားတာပါ။


အီတာလီယမ် ဟော့ဒေါ့ပါ။ ကိုယ်တော်ကြီးစားတာပါ။

8 comments:

nandar_oo said...

အမ ဘလော့ကို မမြဲဖတ်ပါတယ် ..ကျတော် အချည်ရည် လုပ်တာစိတ်ဝင်စားတယ် ..အချည်ရည်လုပ်နည်းလေးမျှပါဦး အမရယ် ကျေးဇူးတင်ပါတယ်..

Unknown said...

အစ်မရေ... ဘူဖေးကို ဘယ်မှာသွားစားတာလဲ၊

WWKM said...

အဲ..ညီမလေးရေ.
မိုးကုတ်သားမွေးနေ့လည်းမသိလိုက်ဖူး.ဘယ်နေ့
ကလည်းမသိ.း) သူကတော့ အစ်မမွေးနေ့ မနက်ဖြန် မုန်ညင်းပေါင်းကျွေးမယ်ဆိုပဲ။
ရန်ကုန်သားမွေးနေ့လည်း မသိဘူး။း)))

မနက်ဖြန်တော့ မမမွေးနေ့နော်.. ဘာမုန်ချက်
ကျွေးဦးမလဲ.း)))

သတိရနေတဲ့

မမ၀ါ

Yu Ya said...

အားပါး.. မမိုးရေ.. မုန့်တွေ၊ ဟင်းတွေ အများကြီး လာတီးသွားပါတယ်ခင်ဗျာ။

ကျွန်တော်မွေးနေ့လည်း ဘိုကင်လုပ်ချင်ပါတယ်မမိုးရေ...အဟီး။

yu ya

စိမ်း... said...

အောင်မလေး သွားရည်တောင်ကျကုန်ပါပြီ :)

Anonymous said...

ဝေးးးးးးးးးး မွေးနေ့တွေ လိုက်စားပီး ဗိုက်တင်းပီး အိပ်တော့မယ် မမရေ
မွေးနေ့လေးတွေ ဆုတောင်းပေးတာ ကျေးဇူးတင်လိုက်တာ
ဟိဟိ ဖားထားတာ :)

Waing said...

မွေးနေ့ပွဲတွေက ဆက်နေတာပဲနော် ဒါနဲ့ နိုဝင်ဘာလအတွက် မွေးနေ့ရှင်မတွေ့သေးဘူးနဲ့တူတယ် ၀ိုင်းမွေးနေ့အတွက် အော်ဒါမှာချင်လို့ပါ ရလားဟင်း) လာပြန်ပြီ နောက်တစ်ယောက်ဆိုပြီး စိတ်မဆိုးရဘူးနော် ဒါပဲ :D

rose of sharon said...

အကုန်လုံးကို သွားရည်တွေကျပြီး အားပေးသွားပါတယ်