Friday, October 3, 2008

ကျွန်မရဲ့ဖြစ်ပုံ ဖြစ်ပုံ ကမ်းကုန် ကမ်းကုန်..................

အိမ်ထောင်သည် ဘ၀ အစအဖြစ်အပျက်များ

၁။ ထမင်းပေါင်းအိုး

အိမ်ထောင်သက် ၃ လအတွင်း ထမင်းပေါင်းအိုး ၃ လုံးဝယ်ရလို့ပါ။(ပထမ တလုံး နှစ်လနဲ့ပျက်၊ ဒုတိယတလုံး ၁၀ ရက်နဲ့ပျက်၊ တတိယတလုံး လျက်ရှိချက်လို့ရနေဆဲပါ။


လက်ရှိထမင်းပေါင်းအိုး (ဓာတ်ပုံတော့ အင်တက်နက်က ယူပြီး ပြန်ပြင်ထားတာပါ။)


၂။ လျှပ်စစ်ရေနွေးအိုး

ပထမတအိုး မီးတော့လင်းတယ်။ ရေက မဆူလာတော့ဘူး။ ဒါပေမယ့် ပြောအားတော့ရှိပါတယ်။ ထမင်းပေါင်းအိုးထက်စာရင် ရေနွေးအိုးက ပိုကြာမှ ပျက်တာပါလို။ ပထမရေနွေးအိုးက ၄ လကျော်အထိခံပါ တယ်။ ဒုတိယတအိုး လက်ရှိဆူနေဆဲ။


လက်ရှိရေနွေးအိုး (ဓာတ်ပုံတော့ အင်တက်နက်က ယူပြီး ပြန်ပြင်ထားတာပါ။)


၃။ လျှပ်စစ်ဘုတ်ခုံ(Extension Socket 4 way)

မီးကြွေထိုးနေရင်း(မီးပူတိုက်နေရင်း) ဖောင်း၊ဘောင်း ဆိုပြီး အသံထွက်လာသည်။ ဒီလိုလေး မီးကြွေလေးထိုးနေရင်းက လျှပ်စစ်ဘုတ်ခုံလေး ပျက်သွားသည်။ နောက်ထပ်အသစ် သုံးလို့ရနေဆဲ။

(မှတ်ချက်။ ။ ကိုယ်တော်က ပြောတယ် မိန်းမနဲ့ လျှပ်စစ်ပစ်စည်းနဲ့ မတည့်ဘူးတဲ့။)


၎။ ငရုတ်ကျည်ပွေ့

ငရုတ်ဆုံကိုရေဆေးရင် ထုံးစံအတိုင်း မှောက်လိုက်သည်။ ငရုတ်ကျည်ပွေ့လဲ အမှုမဲ့ အမှတ်မဲ့ ဒီအတိုင်းတင်လိုက်မိသည်။ လိမ့်ကျပြီး ကျိုးပါလေရော။ နောက်ထပ် ငရုတ်ကျည်ပွေ့အသစ် မကျိုးသေးပါ။ (ဒီမှာ ငရုတ်ကျည်ပွေ့ကြီးပဲ သတ်သတ်ဝယ်ရတာ ခက်လိုက်တာ။ ခွဲပြီးမရောင်းချင်ကြဘူး။ ငရုတ်ဆုံတစုံလုံးဝယ်တုံးက S$ 12 ပေးရတယ်။ ငရုတ်ကျည်ပွေ့တခုတည်းဝယ်တော့ S$ 6 ပေးခဲ့ရတယ်။ ဒါတောင် မနည်းရှာပြီးဝယ်ခဲ့ရတာ။ ဒီလိုဆိုတော့ ကိုယ်တော်က ပြောသေးတယ် လျှပ်စစ်ပစ်စည်းမဟုတ်လဲ မတည့်ဘူးတဲ့။ ကျိုးသေးတာပဲလားတဲ့။ ဟဲဟဲ တမင်တကာလုပ်တာမှ မဟုတ်တာ သတ်နိုင်ဘူးလေ။ နော်)


လက်ရှိ ငရုတ်ဆုံ (ငရုတ်ကျည်ပွေ့အသစ်နဲ့ပေါ့)

















No comments: