Thursday, May 7, 2009

ယိုးဒယား သို့ အလည်တစ်ခေါက်

ကိုယ်တော်ကြီး နဲ့ ကျွန်မ လည်လည်သွားသောနေရာမှာ ယိုးဒယားတိုင်းပြည်သို့ လည်လည်သွားခြင်းသာဖြစ်ပါသည်။ တပတ်လုံး non stop သွားခဲ့လို့ လူမှာလဲ နဲ့နဲ့သာကျန်ပါတော့သည်။ မိုးကောင်းသူလေး စားခဲ့သော အစားအသောက်များကိုလဲ ဖြည်းဖြည်းခြင်း ပို့စ်တင်သွားပါမည်။ ဘန်ကောက်ရောက်ရင် ဘယ်ကိုအရင်သွားရမလဲဆိုပြီး သွားမယ့်နေရာတွေကိုလဲ အိမ်မှာကတည်းက စာရင်းလုပ်သွားပါတယ်။ ဒါမှ ကိုယ်သွားချင်တဲ့နေရာနဲ့ အချိန်နဲ့ တွက်ဆလို့ရအောင်ပါ။ ယိုးဒယားတိုင်းပြည်လဲရောက်တော့ ကျန်တဲ့နေရာမရောက်ဖူးလဲ နေပစေ မြဘုရားကိုတော့ ရောက်အောင်လိုက်ပို့ပေးနော်ဆိုလို့ ရောက်ပြီးနောက်နေ့ မနက်စောစော မြဘုရားဖူးရန် သွားခဲ့ပါတယ်။ ဒီနေ့တော့ လာလည်သူအားလုံးကို မိုးကောင်းသူလေး သွားဖူးခဲ့တဲ့ ဘုရားဖူးလို့ရအောင် ပို့စ်တင်ပေးလိုက်ပါတယ်နော်။ ကျန်းမာ ချမ်းသာကြပါစေ။



မြဘုရား (Emerald Buddha/ Wat Phra Keow)




မြဘုရား (Emerald Buddha/ Wat Phra Keow) ဒီမြဘုရားပုံတော်ကတော့ ကျွန်မ၀ယ်ခဲ့တာကို ဓာတ်ပုံပြန်ရိုက်ထားတာပါ။




နန်းတော် (Grand Place)

6 comments:

စူးနွယ်လေး said...

တိုက်ဆိုင်တယ်..တို့လည်း ထိုင်းက လည်စရာတနေရာအကြောင်း ပို့စ်တခုရေးထားပြီးသား မနက်ဖြန်တင်ဖို့ ဒိတ်လုပ်ထားတယ်။ မြဘုရားအကြောင်း မဟုတ်ပါဘူး။ ဖတ်ကြည့်နော်:P

ဂျူနို said...

မြဘုရား ဖူးလိုက်တယ်။ သာာဓုပါ။

ဒါ နွေသင်္ကန်းနဲ့ ပုံတော်ဖြစ်ရမယ်။
ရာသီလိုက် ဘုရင်ကိုယ်တိုင်သင်္ကန်းလဲပေးတယ်ပြောကြတယ်။

ဘုရားဂေါပကတစ်ယောက်က ဗမာ။တော်တော်သဘောကောင်းတယ်။

ဗမာကို ယိုးဒယားလို .....တဲ့ ။ ဆိုးလိုက်တာ။

ဇနိ said...

မြဘုရား ဖူးသွားပါတယ်။
မဇနိ

Anonymous said...

မြဘုရား ဖူးသွားတယ် ညီမလေးရေ..
ကျန်းမာပျော်ရွှင်ပါစေ.

Anonymous said...

မရေ........
လွမ်းလိုက်တာ.........မရယ်
မြဘုရားဖူးခဲ့လား
အင်းဘယ်တွေရောက်ခဲ့သေးလဲ
မွန်ဘူလန်.ဆိုတဲ့မြို့ ဟောင်းရောက်သေးလား
မြူးလဲ(၇)ပိုင်းသွားမယ်လို့ စီစဉ်ထားတယ်
SUKHUMVIT ရောရောက်လား
မြူးတို့ အဲဒီမှာ(၃)နှစ်တောင်နေခဲ့တာငယ်ငယ်တုန်းကလေ
အဲဒီကိုသွားမယ်မှန်းသိရင်.အမျိုးတွေတပုံကြီးပေါ့
လိပ်စာပေးမှာပေါ့...ဟွန့် အခုတော့ဘာမှမလုပ်ပေးလိုက်ရဘူး

မိုးကောင်းသူ said...

စူးနွယ်
စူးနွယ်ရေးတာ ဖတ်ပြီးပြီ။ အဲကိုမရောက်ခဲ့ဘူး။

မမအယ်ဇီ
အင်တာနက်ကယူထားတဲ့ပုံပါ။ ဗမာ ဂေါကကတော့ တွေ့ခဲ့ဘူး။

မဇနိ နဲ့ မမ၀ါ
အားရအောင် ဖူးသွားနော်။

မြူးရေ
မွန်ဘူလန်ဆိုတဲ့ မြို့ဟောင်းလဲရောက်ခဲ့ဘူး။ ကိုယ်တော်ကြီးကပြောတယ် SUKHUMVIT တော့ဖြတ်ခဲ့တယ်ပြောတာပဲ။ အစ်မကတော့ သူခေါ်ရာလိုက်လိုက်တာ။ ဘာမှမသိဘူး။ နောက်တခါမှ အမျိုးတွေလိပ်စာတောင်းပါအုံးမည်။ ကျေးဇူးပါ ညီမလေးမြူးရေ :D