Saturday, May 9, 2009

မနက်စားခြင်းက အစ (ယိုးဒယား သို့ အလည်တစ်ခေါက်)

မြဘုရားသို့ မသွားခင် မနက်စာကိုလဲ ကျောင်းနားက ဆိုင်မှာပဲ ကွေ့သယို စားလိုက်တယ်။ ကျွန်မ စားချင်တာက ရှမ်းခေါက်ဆွဲလို နန်းသေးနဲ့စားချင်တာ ကိုယ်တော်ကြီးက နန်းပြားနဲ့ နန်းသေးကို အပြောမှားသွားလို့ နန်းကြီးပဲ စားခဲ့ရတယ်။ နန်းသေးနဲ့ကို ဆင့်လတ် လို့ ပြောရမှာကို သူက ဆင့်ယိုင်လို့ ပြောလိုက်တော့ နန်းပြားကြီးနဲ့ စားလိုက်ရပါတော့တယ်။ စားပွဲထိုးကောင်မလေးက အနားလာပြီး ယိုးဒယားလို ဘာတွေပြောမှန်းမသိ။ အဲဒီတော့ အအေးသောက်မှာလားမေးတယ်ဖြစ်မယ်ပေါ့။ drink လားလို့မေးလိုက်တယ်။ ဘာမှ မပြောဘူး ရီနေလေရဲ့။ အဲဒီတော့ ကိုယ်ကလဲ ဒီလို ဒီလိုလားလို့ လက်ဟန်ခြေဟန်ပြရတော့တာပေါ့။ ဒီလိုလားမေးတော့လဲ ဘာမှ မပြောဘူး ရီနေတာပဲ။

ဒါနဲ့ အရှေ့ခေါက်ဆွဲပြင်နေတဲ့ အန်တီကြီးဆီသွားပြီး မီနူး/Menu လေးများရှိလားလို့ မေးလိုက်မှ အင်္ဂလိပ်လို နဲ့ ယိုးဒယားလို နှစ်မျိုးရေးထားတဲ့ မီနူးစာရွက်လေးလာချပေးလို့ အုန်းရည်ကို ဒါဒါဆိုပြီး လက်ညိုးထိုး သောက်ခဲ့ရပါတော့တယ်။ ဒါတောင်ကိုယ်တော်ကြီးက ပြောတယ် ကျောင်းနားမှာမို့လို့ အဲ အင်္ဂလိပ်လိုမီနူးရှိတာတဲ့။ ယိုးဒယားတွေရဲ့ ထူးခြားချက်ကတော့ ဘာပြောပြော နားမလည်လဲ ယိုးဒယားလိုတာဆက်ပြောတယ်နော်။ ပြီးတော့ အမြဲတမ်း အပြုံးလေးတွေနဲ့ပဲ။ ဒါကိုတော့ ကျွန်မ အင်မတန်ကျေနပ်မိပါတယ်ရှင်။ ဒီနိုင်ငံမှာ ဒီလိုမျိုး သွားပြောနေရင်တော့ ................





ဝက်သားနဲ့ ကွေ့သယို။ နန်းပြားနဲ့အရည်ကြည် ကွေ့သယိုပါ။ (ယိုးဒယားလို ဆင့်ယိုင်လို့ခေါ်တယ်ဆိုလား။ စားလုံးပေါင်း အသံထွက်မှာလဲ ခွင့်လွတ်ပါနော်) တပွဲ ဘတ် ၃၀ ပါ။ သုံးဆောင်သွားအုံးနော်။


အုန်းရည် တခွက် ၁၅ ဘတ် ပါ။ အေးအေးလေးနဲ့ ချိုနေတာပဲ။ အမောပြေ သောက်သွားပါအုံးနော်။


တစ်ယောက် တပွဲ ဆွဲကြတယ်။

8 comments:

စူးနွယ်လေး said...

အစားအသောက်တွေ သတိရလိုက်တာ..ဘယ်သွားသွား ကြိုက်တာစားလို့ရတယ်။ အုန်းနို့ပါတဲ့ ဟင်း ကလွဲလို့ အကုန်ကြိုက်တယ်။

khin oo may said...

ဘာဘြဲ့ပပြ စားချင်တာဘဲ။ မသွားချင်ဘူး စားဘဲစားချင်တယ။်

ကိုလူထွေး said...

တစ်ယောက်တစ်ပွဲဆွဲလိုက်တော့ ကုန်သွားပြီပေါ့..
ရှိသေးရင် နည်းနည်းကျွေးပါ..

:P said...

မမကေအိုအမ်..စိတ်ထိန်းပါ

Unknown said...

ယိုးဒယားတွေရဲ့ ထူးခြားချက်ကတော့ ဘာပြောပြော နားမလည်လဲ ယိုးဒယားလိုတာဆက်ပြောတယ်နော်။ ပြီးတော့ အမြဲတမ်း အပြုံးလေးတွေနဲ့ပဲ။ ဒါကိုတော့ ကျွန်မ အင်မတန်ကျေနပ်မိပါတယ်ရှင်။ ဒီနိုင်ငံမှာ ဒီလိုမျိုး သွားပြောနေရင်တော့ ................
<<<< ဒီနိုင်ငံဆိုတာ ဘယ်နိုင်ငံကို ဆိုလိုတာ ပါလဲဗျာ ??? မြန်မာပြည် ကိုဆိုလိုတာဆိုရင်တော့ ... မစဉ်းစားမဆင်ခြင်ဘဲ ၀ါးလုံးရှည်နဲ့ ရမ်းလိုက်တဲ့ အယူအဆတစ်ရပ်လို့ပဲ ပြောခြင်ပါတယ်။

Unknown said...

ယိုးဒယားတွေရဲ့ ထူးခြားချက်ကတော့ ဘာပြောပြော နားမလည်လဲ ယိုးဒယားလိုတာဆက်ပြောတယ်နော်။ ပြီးတော့ အမြဲတမ်း အပြုံးလေးတွေနဲ့ပဲ။ ဒါကိုတော့ ကျွန်မ အင်မတန်ကျေနပ်မိပါတယ်ရှင်။ ဒီနိုင်ငံမှာ ဒီလိုမျိုး သွားပြောနေရင်တော့ ................
<<<< ဒီနိုင်ငံဆိုတာ ဘယ်နိုင်ငံကို ဆိုလိုတာ ပါလဲဗျာ ??? မြန်မာပြည် ကိုဆိုလိုတာဆိုရင်တော့ ... မစဉ်းစားမဆင်ခြင်ဘဲ ၀ါးလုံးရှည်နဲ့ ရမ်းလိုက်တဲ့ အယူအဆတစ်ရပ်လို့ပဲ ပြောခြင်ပါတယ်။

မိုးကောင်းသူ said...

စူးနွယ်
ဟုတ်တယ်။ အစ်မကတော့ နဂိုကတည်းက အချဉ်အစပ်ကြိုက်တော့ သူတို့အစားအသောက်နဲ့ အဆင်ပြေတယ်။ အုန်းနို့ပါတာတော့ မစားခဲ့ဘူးနဲ့တူတယ်။

မမ kom
ဒီကနေပဲ စားသွားပါနော်။

ကိုလူထွေး
တစ်ယောက်တစ်ပွဲဆိုတာ ကိုလူထွေးတို့နှစ်ယောက်အတွက်ပါ။ စားပါနော်။

sin dan lar
အဟီး။ စိတ်ထိန်းခိုင်းနဲ့တော့။ မမ kom က စားသွားပြီ။

min
ဒီနိုင်ငံဆိုတာက စလုံးကိုပြောတာပါ။

Anonymous said...

အစ်မ မိုးကောင်းသူရေ အလည်လာရင်းနဲ့ မုန့် ပါ စားသွားပြီနော် ..
ကျနော်က မိုးကောင်းမှာ မွေးပြီး နည်းနည်းလေး ကြီးတော့ ကောလင်းဘက် ပြောင်းသွားတာ ...
ရေစက်က မကုန်သေးတော့ တက္ကသိုလ်ပြီးတာနဲ့ မိုးကောင်းမှာပဲ တာဝန်ပြန်ကျတယ်လေ :)