Sunday, May 10, 2009

မြဘုရား အပြန် နေ့လည်စာ (ယိုးဒယား သို့ အလည်တစ်ခေါက်)

မြဘုရားကနေပြန်ထွက်လာတဲ့ အချိန်က နေ့လည်စာစားတဲ့အချိန်လဲရောက်နေပါပြီ။ မနက်ကစားထားတဲ့ ကွေ့သယိုလဲ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းမသိ။ ဗိုက်ကလဲဆာ၊ နေပူတော့ ရေကလဲဆာ။ သူတို့ထည့်တာ နည်းတာလဲပါပါတယ်လေ။ ကိုယ်တော်က နေ့လည်စာကို အခုချက်ချင်းစားမလား။ ဒါမှမဟုတ် မော်တော်ဘုတ်လေးစီးပြီးမှ ၀က်သားထမင်းစားမလားတဲ့။ အဲဒီဆိုင်က နာမည်ကြီးတယ်ဆိုလားပဲ။ ကျွန်မမြင်ခဲ့တာတော့ ၀က်သားနဲ့ တမျိုးတည်းပဲရောင်းတယ်။ အင်း ရပါတယ်။ နေနိုင်ပါသေးတယ်ပေါ့။ ငှက်ပျောသီးလေးလဲ စားလိုက် ရေလဲသောက်လိုက်တော့ နေသာထိုင်သာရှိသွားပါပြီ။ :D

အဓိက ကိုယ်တော်ကြီးက သူအလုပ်လုပ်ခဲ့တဲ့ ရုံးကိုလဲ ပြရင်း မော်တော်ဘုတ်လေးလဲ စီးဖူးအောင်လို့ပေါ့။ Saphan Taksin ဆိုတဲ့မှတ်တိုင်မှာဆင်းပြီး ၁၀ မိနစ်လောက် လမ်းလျှောက်မှ နေ့လည်စာ စားမယ့်ဆိုင်ကို ရောက်တော့တယ်။ လမ်းလဲလျှောက်ခဲ့တော့ ဗိုက်လဲ ပြန်ဆာလာပါပြီ။


ဝက်စတူး တပွဲ ဘတ် ၆၀ ပါ။


တယောက်တပွဲ ဆွဲကြတယ်။ ထမင်းကတော့ နည်းနည်းလေးပဲပါတယ်။ ဟိုဟာ ဒီဟာ နည်းနည်း စားထားတော့ တပွဲပဲ စားလိုက်တယ်။ တပွဲ ဘတ် ၃၀ ပါ။ (ယိုးဒယားလို ခေါက်ခါမူ လို့ခေါ်တယ်ဆိုပဲ)


ရေနွေးကြမ်းကို ရေခဲတုံးနဲ့ ပေးတယ်။ နေကပူပူ မောမောနဲ့ တ၀ကြီးသောက်ပလိုက်တယ်။



အသားတွေကတော့ နူးအိနေတာပဲ။



ကိုယ်တော်ကြီးက ဒီအဆောက်အဦးမှာ အလုပ်လုပ်ခဲ့ရတာပြောလို့ အမှတ်တရ ရိုက်ခဲ့တယ်။



မော်တော်ဘုတ်ပေါ်ကနေ လှမ်းရိုက်လိုက်တယ်။


ဈေးတန်းလေးတွေ့လို့ မက်မန်းသီး အစိမ်း ၀ယ်စားလိုက်တယ်။ ဆားထုပ်လေးနဲ့ တို့စားတယ်။ တထုပ် ဘတ် ၂၀


ငှက်ပျောချဉ်လဲ စားချင်လို့ တဖီးဝယ်စားလိုက်တယ်။ ကုန်ဘူး။ တဖီး ဘတ် ၂၀


မြဘုရားက ထွက်လာပြီး ဒီလမ်းအတိုင်း မော်တော်ဆိပ်ကို လမ်းလျှောက်သွားခဲ့တယ်။ တည့်တည့်သာသွားနော်။ ပြီး လမ်းဖြတ်ကူး။ ဘာမှ စားမနေနဲ့ ဈေးတန်းလေးကို ကျော်သွား မော်တော်ဆိပ်ရောက်လိမ့်မယ်။

7 comments:

မြရွက်ဝေ said...

ဝက်သားလေးက နူးအိနေမှာဘဲ၊ စားချင်စရာ ရှလွတ် :P

နွေးနေခြည် said...

ဝက်သားစားချင်တယ် ....

ဇနိ said...

မက်မန်းသီး ဘတ် ၂၀ ဖိုးရယ် ငှက်ပျောချဉ် ဘတ် ၂၀ ဖိုးရယ် စားသွားတယ်။
မဇနိ

Anonymous said...

မရေ..................
ရေနွေးကြမ်းနဲ့ မက်မန်းသီးသောက်စားသွားတယ်နော်

ကိုလူထွေး said...

ဘုရားလဲဖူး ဝက်ဥလဲတူး.. အဲ ဟုတ်သေးပါဘူး.. ဝက်သားဟင်းလဲစား ပေါ့ ဟုတ်လား

ကျောက်ဖရားမြစ်ထဲမှာ လှေစီးရတာလဲ အရသာပဲလေ နော်..

ပုံတွေကို အလွမ်းပြေ ကြည့်သွားပါတယ်...
ကော့ပွန် ခပ်

Unknown said...

i miss the food i ate at bkk. thanks for sharing thai food. i wanna to eat now.

မလိခ said...

ရေနွေးကြမ်းရေခဲစိမ်ကို ညီမလဲကြိုက်တယ်... ၀က်သားဆို ဘာပုံစံချက်ချက်ကြိုက်တယ်... :P