Sunday, May 24, 2009

ဂဏန်းချက်စားခြင်း

ဒီမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ တပတ်တခါ ၊ နှစ်ပတ်တခါလောက်တော့ အနည်းဆုံး လူစုပြီးတွေ့ကြတယ်။ မတွေ့ရရင် မနေနိုင်တာကြဘူးလေ။ တွေ့ကြတဲ့ အုပ်စုကလဲ နည်းနည်းနှောနှောပဲ။ ဘောလုံးသင်း တစ်သင်းကနေ အခု အရန်တွေပါ များနေပါပြီ။ အနည်းဆုံး ၁၅ ယောက်လောက်ရှိမယ်ထင်ပါတယ်။ မနေ့က စနေနေ့ တနေ့လုံး သူငယ်ချင်းအိမ်က ထမင်းစားခေါ်လို့ ဒီလင်မယားလဲ ထမင်းဟင်းမချက်ဘဲ သွားကြတယ်။
ဟိုတခါတုံးကလဲ နောက်သူငယ်ချင်းတယောက်အိမ်မှာ ညကြီး ဂဏန်းဟင်း ချက်စားဖြစ်သေးတယ်။ အဲတုံးက အစားဘတ်အာရုံရောက်နေလို့ ဓာတ်ပုံမရိုက်လိုက်မိဘူး။ ဒီတခါတော့ အလွတ်မပေးတော့ဘူး။ အကုန်ရိုက်ခဲ့တယ်။


ဂဏန်းဟင်းချက်တဲ့သူက ကျွန်မတို့ မိန်းကလေးတွေ ဟုတ်ဘူးနော်။ ကိုယ်တော်ကြီး သူငယ်ချင်း လူပျိုသိုးကြီး ချက်တာ။ ဂဏန်းနဲ့ ၀က်လက်တွေကို လူပျိုသိုးကြီးက ၀ယ်လာလို့ သူကိုယ်တိုင်ချက်လေရဲ့။ ကောင်းလိုက်တဲ့ လက်ရာပဲ။ ချက်တတ်လိုက်လေ။ တော်ပါပေတယ်။ အဟဲ။ ဒီလိုပဲပြောရတာပေါ့ နောက်တခါချက်ကျွေးအောင်လို့။ တကယ်ပါ အမှန်ပါ တကယ်ကြီးကို ကောင်းတာပါ။ ထမင်းလာစားလို့ ခေါ်လိုက်တာနဲ့ ကျွန်မတို့ အုပ်စုတွေကလဲ ညီညီညွတ်ညွတ်လာကြတယ်။ ပြီးတော့ မကုန်မချင်းမပြန်ဘူး။ ကုန်လဲ ပြန်ချက်တယ်။ ညစာကော ညလည်စာကော စားပြီးမှပြန်ကြတယ်။ အဲလို အားနာကြတာ။ ကဲပါလေ.......အားနာနာနဲ့စားခဲ့တဲ့ ဟင်းလေးတွေကို စားသွားပါအုံးနော်။



ကြိုက်တဲ့ဟင်းစားနော်။ အားမနာနဲ့။ အလှူ လက်ဖက်နဲ့ မျက်နှာလုပ်လိုက်တယ်။ :D


ကြိုက်တဲ့ဟင်းစားနော်


အမဲခြောက်ကြော် ကျွတ်ကျွတ်လေး


ခရမ်းချဉ်သီး ငါးပိချက် နဲ့ အမဲခြောက်ကြော်


ကြက်သဲ ကြက်မြစ်နဲ့ အာလူးချက်


ဝက်စွပ်


ဂဏန်းချက်

ပူတယ်နော်။ ဖြည်းဖြည်း မြည်းကြည့်


မီးဖိုပေါ်တင်ထားတုံး မြည်းလိုက် စားလိုက် လုပ်နေကြတယ်။


ဂဏန်း နောက်တအိုး

6 comments:

WWKM said...

မမလည်း ဂဏန်းအားကြီးကြိုက်တယ် ညီမလေးရေ.
း)))) စားစရာတွေကအစုံပဲ..ပျော်စရာကြီး.း)))
ဂလု

သီဟသစ် said...

အဟင့်...
နာ့လဲခေါ်ကြဘူး...

စိတ်နာပါ့..
:D

ကိုလူထွေး said...

အလဲ့ မိုးကောင်းသူတို့ က ၁၂၃၄ (ဂဏန်း) တွေ ချက်စားနေကြတာလား....

ကိုလူထွေးက ABCD ခေါက်ဆွဲပြုတ်သောက်တယ်

မဆုမွန် said...

ဂဏန်းစားချင်လိုက်တာ ဂဏန်းစားချင်လိုက်တာ ဂဏန်းစားချင်လိုက်တာ ဟီးအီးအီး

MrDBA said...

အေးလေ အဲလိုစားပွဲဆို ခေါ်ကြဘူး။ သိပ်ဆိုးတဲ့ လင်မယား။ ကလေးတစ်ကျိတ်လောက်ရပြီး အလုပ်ရှုတ်နေပါစေတော် .. ဟမ် .ဗျာ

မီးမီးချစ် said...

ညီမကို သာကျွေးရင် တယောက် ထဲ နဲ့ ဂဏန်း အားလုံး ကုန် သွားမယ် ... သိပ် သိပ် သိပ် ကြိုက်