Thursday, May 28, 2009

ဝက်သား နဲ့ မျှစ်ချဉ်ဟင်းရည်

ဒီမိုးကောင်းသူ အချဉ်တွေကြီးပဲ ဆက်တိုက်တင်နေတယ်လို့ပြောတော့မည်။ သွားရည်ယိုအောင်ပြောလိုက်ပါအုံးမယ်လေ။ နောက်ဆက်တွဲ အချဉ်ဟင်းများတင်ရန်ကျန်ပါသေးတယ်။ မန်ကျည်းရွက်ချက် နဲ့ ချဉ်ပေါင်ချက် ပါ။ :D ခုမှ ဟင်း အကြွေးကျန်တွေ တင်နေလို့ပါ။ ရာသီဥတုပူလို့ပဲလားမသိ အချဉ်ဟင်းကြီးပဲ စားချင်နေတယ်။ အဟဲ............ ၀က်သား နဲ့ မျှစ်ချဉ်ဟင်းလေး သုံးဆောင်သွားအုံးနော်။ ငါးပိထောင်းလေးနဲ့ တွဲစား ကောင်းမှကောင်း။ တခြားသူတွေတော့ ပြောတတ်ဘူး။ ကျွန်မကတော့ မျှစ်ချဉ်ဟင်း နဲ့ ငါးပိထောင်းနဲ့ တွဲစားတာ ကြိုက်တယ်။

ဒီမှာလဲ မျှစ်ချဉ်ဟင်း ရှယ်တွေနော်





ဒါက ပထမရက်က ချက်ထားတာ။ ၀က်သား သုံးထပ်သားနဲ့ချက်ထားတယ်။ (၀က်သား၊ တိုပူးတုံးဖြူ (ခေါ်) ပဲပြား၊ မုန်လာဥနီ၊ စပါးလင်၊ ခရမ်းချဉ်သီး၊ တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိ နဲ့ချက်ထားတယ်။) သုံးဆောင်သွားပါအုံးနော်။


ဒါက အသားမပါ ရိုးရိုးပလိန်းချက်ထားတယ်။


ချက်ဟင်းတွေ မစားချင်လို့ ကြက်သားကိုကြော်ထားတယ်။ ကြက်သွန်ဖြူ ဂျင်းပါးပါးလှီးပြီးကြော်ထားတယ်။


ငါးပိထောင်း သံပရာညှစ်။ ဟဲဟဲ နယ်ပြီးရိုက်ထားတာ။ စားချင်စရာပါ့နော်။ ခွက်ဘေးမှာ ပွနေတာပဲ။


ဖြည်းဖြည်းချင်း သုံးဆောင်သွားပါအုံးနော်။


မျှစ်ချဉ်ဟင်း အတွက်လိုအပ်သောအရာ

မျှစ်ချဉ်
ဝက်သား (မိမိကြိုက်နှစ်သက်ရာအသားထည့်လဲရပါတယ်နော်၊ ငါးခေါင်းနဲ့ဆိုလဲ ကောင်းပါတယ်)
စပါလင်
မုန်လာဥနီ
တိုပူးတုံးဖြူ (ခေါ်) ပဲပြား
တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိ
ကြက်သွန်ဖြူ ၃ တက်၊ ကြက်သွန်နီ ၁ လုံး
ခရမ်းချဉ်သီး ၁ လုံး


ဝက်သား နဲ့ မျှစ်ချဉ်ဟင်းရည် ချက်နည်း

ဝက်သားကို အနေတော်လှီး၊ ရေဆေး၊ ဆား၊ အချိုမှုန့် နဲ့နယ်ထားပါ။ ဟင်းရည်အိုးတည်ပါ။ မျှစ်ချဉ်ထည့် ၊ နယ်ထားတဲ့ ၀က်သားထဲ့ပြီး မျှစ်ချဉ်နဲ့ ၀က်သားနူးနေအောင်တည်ထားပါ။ မျှစ်ချဉ်နဲ့ဝက်သား တည်ထားတုံး။ ဆီနည်းနည်းတတ်လိုက်ပါအုံးမယ်။ ဆီသတ်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကြက်လာရင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီးကို တခါတည်းထည့်ပြီး ဆီသတ်လိုက်ပါ။ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီများ နီသွားအောင်အထိ မလိုပါဘူးနော်။ အိသွားရင်ရပါပြီ။ ပြီး တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိ အနည်းငယ်ထည့်ပါ။ မျှစ်နဲ့ဝက်သားအိုး ရပြီဆိုရင် ဆီတတ်ထားတာကိုထည့်။ မုန်လာဥနီထည့် ၊ ပဲပြားထည့် ၊ စပါးလင်လေးတွေကို အထုံးထုံးပြီးထည့်ပြီး တည်ထားပါ။ ဟင်းရည်အိုး ဆူလာရင်တော့ ရပါပြီ။

3 comments:

နိုင်းနိုင်းစနေ said...

တော်တော်ချက်ပြီး တော်တော်စားနိုင်တယ်
ကြည့်ရတာ နှစ်ယောက်လုံး ဝတုတ်တုတ်ကြီးတွေလား မသိဘူး... ဟီးးး :D

Anonymous said...

မရေးးးးးးးးးးးးးးး
ပလိန်းတပွဲနော်

ကိုလူထွေး said...

အချဉ်တွေချည်းစားချင်နေတာ...
ရိုးရိုးလားးးး ဆန်းဆန်းလားးးး ငါ့ညီမ

(အဲ...
ဒါ ကိုယ့်ညီမကိုယ်မေးရမယ့် မေးခွန်း မဟုတ်ပါလား...
ဘွားတေးးးး ဘွားတေးးးး)