Friday, May 29, 2009

မန်ကျည်းရွက် စပ်စပ်ချက်

အချဉ်ဟင်းတွေပဲ ဆက်တိုက်တင်လိုက်ပါတယ်နော်။ မန်ကျည်းရွက်က ပင်နီဆိုလာသွားတုံးက တွေ့လို့ ၀ယ်ခဲ့တာ။ နုနုလေးတွေ။ မစားရတာ ကြာလို့လားမသိဘူး ကောင်းလိုက်တာ။ အိမ်က အမေဆို ဒီထက် ခြောက်ခြောက်လေးကြော်ထားပေးတယ်။ အိမ်မှာတော့ ကြက်သားကြော်ကျွတ်ကျွတ်လေးနဲ့ ဆီဆမ်းပြီးတွဲစားတယ်။ ဒီမှာတော့ ဒီလိုလေးစားလိုက်တယ်။


မန်ကျည်းရွက် စပ်စပ်ချက်လေး သုံးဆောင်သွားပါအုံးလား။ ဆီတော့ နည်းနည်းများသွားတယ်။ ဆီစစ်စားနော်။


ကြက်တောင်ပံကို အာလူးတစ်လုံးနဲ့ ဆီလည်ရေလည်ရောချက်လိုက်တယ်။


ငါးရံခြောက် ဆီဆမ်း (ဘန်ကောက်သွားတုံးက တည်းတဲ့အိမ်က ညီမလေးက ပေးလိုက်တာ :D)


ကြိုက်တာလေး စားသွားနော်။

8 comments:

လွတ်ငြိမ်းလေပြေ (breeze) said...

မန်ကျည်းရွက် စားချင်တယ်
း)

Anonymous said...

ဟီးးးးးးးးးးးးးးးးးး
အိပ်ရေးတွေပျက်နေတယ
စားချင်လိုက်တာနော်

yehtutnaung said...

အမရေ.. အိမ်လာရင် ဟင်းကောင်းကျွေးမယ် ဆိုတာနဲ့  ချက်ခြင်းလာလိုက်တာ..ဟီ။

JuneOne said...

သွားရေကျလိုက်တာ မန်ကျည်းရွက်သုပ်။

စန္ဒကူး said...

မန်ကျည်းရွက်ကြိုက်တယ်...
ချဉ်ချဉ်လေး.... အကုန်ဝါးသွားတယ်..
ဟင်းအစပ်ဟပ်တည့်လိုက်တာ...း)

ကိုလူထွေး said...

ကိုလူထွေးငယ်ငယ်က မန်ကျည်းရွက်တက်ခူးရင် ဖိနပ်ပျောက်ဖူးတယ်...

း)

WWKM said...

မကျီးရွက်ကြော်နဲ့ ငရဲ့ခြောက်ဆီဆမ်းလေးစားချင်လိုက်တာ..ဂလု.

T T Sweet said...

နေ့တိုင်း ဟင်းကောင်းတွေ ချက်စားတာ။ အိမ်မှာဧည့်သည် လာလုပ်ချင်တယ်။ လိပ်စာပေးနော် ... နော် ... ပုံထဲက ဟင်းတွေ အကုန်စားချင်တယ်။ ချင်ခြင်းတက်တယ်။း)