Monday, May 11, 2009

Chatuchak Weekend Market သို့သွားရာဝယ် (ယိုးဒယား သို့ အလည်တစ်ခေါက်)

မြဘုရားပြီး နောက်ထပ်သွားချင်တဲ့ နေရာတွေထဲမှာ Chatuchak Weekend Market လဲပါပါတယ်။ မြဘုရားက အပြန်နေ့လည်စားပြီး Chatuchak အပြေးအလွှားသွားရတာပေါ့။ ညနေ ၅ နာရီ၊ ၆ နာရီ လောက်ဆို ပိတ်တယ်ဆိုပဲ။ ဘန်ကောက်က ကိုယ်တော်ကြီးသူငယ်ချင်းတွေကတော့ အစ်မရေ မသွားနဲ့ နေပူတာပဲ အဖတ်တင်တယ်တဲ့။ ကျွန်မလဲ နာမည်ကြီးဆိုတော့ သွားလိုက်ချင်သေးတယ်။ မရောက်ဖူးတော့ သွားချင်တာပေါ့နော့်။ ပူလဲ ပူပစေတော့ သွားလိုက်အုံးမယ်လို့။ နဂိုကလဲ အသားကဖြူတယ်ဆိုတော့ အရေးမကြီးပါဘူးလေ။ အဟီး။


Chatuchak ကိုတော့ ရထားလေးစီးပြီးသွားခဲ့တယ်။ Saphan Taksin မှတ်တိုင်ကနေ Mo Chit မှတ်တိုင်အထိစီးသွားကြတယ်။ Mo Chin မှတ်တိုင်ကနေ နောက်ပြန်လျှောက်လာရင် လူတွေစည်စည်ကားကားနဲ့ တွေ့ရရင်တော့ Chatuchak ဈေး ရောက်ပါပြီနော်။ ဒီဈေးကို အမှန်တကယ် ပတ်ကြည့်ရင်တော့ တရက်နဲ့တောင်ကုန်နိုင်မယ်မထင်။ သွားစရာတွေကလဲ တန်းစီနေတော့ ဘယ်နေရာမှာ အချိန်ဘယ်လောက်နေမယ် ဆိုတာ အခါတည်းတွက်သွားရတယ်။ မဟုတ်ရင် ကိုယ်ရောက်ချင်တဲ့နေရာမစုံမှာစိုးလို့။ ဟိုနားအချိန်နည်းနည်း ဒီနားအချိန်နည်းနည်းနဲ့သွားရတာပေါ့။


အင်း.........နေကလဲ ပူသမို့ ရေကိုလဲ အမြဲသောက်နေရတယ်။ သတိရရင် ရေသောက် သတိရရင် ရေသောက် အဲလိုလုပ်နေရတယ်။ ဒါပေမယ့် နည်းနည်းလေး မိုးအုံ့လို့တော်သေးတယ်။ ဈေးထဲလဲလျှောက်ရော မျက်စိနှစ်လုံးကိုလဲ အနားမပေး၊ ခြေနှစ်ချောင်းကိုလဲ မနားမပေး၊ ပါးစပ်ကိုလဲ အနားမပေး..........နဲ့ မမောနိုင် မပမ်းနိုင်နဲ့ ညနေထိအောင်လျှောက်ကြည့်လိုက်တယ်။ ပြန်မယ်ဆိုလဲ လုပ်ရော လာရာလမ်းကို မျက်စိလည်သွားလို့ နောက်ထပ် ၂ ပတ် ၃ ပတ်လောက် ပတ်လိုက်ရပါသေးတယ်။ ကြာကြာမျက်စိလည်လေ ကျွန်မကတော့ ကြိုက်လေပါပဲ။ :D မျက်စိလဲ အလည်ပြေလို့ ရထားလေးစီးပြီး MBK shopping Mall ကို ခရီးဆက်လိုက်ပါတယ်။




စပျစ်သီး ၁ကီလို ဘတ် ၆၉ ။ ဘတ် ၃၀ ဖိုးဝယ်စားခဲ့တယ်။



ကြက်မောက်သီး ၀ယ်စားခဲ့ဘူး။ ဓာတ်ပုံပဲ ရိုက်ခဲ့တယ်။



ဒုတ်ထိုး တစ်ကင် ၁၀ ဘတ်။ တစ်ယောက် တချောင်းဝယ်စားခဲ့တယ်။ များသွားလား။ အဟီး



မုန့်ဟင်းခါးစားဖို့ ပေးတဲ့အသီးအရွက်တွေ။ စားချင်တယ် မနည်းစိတ်ထိန်းထားရတယ်။ ခရီးတွေက ဆက်စရာရှိသေးတော့ အစားမသောင်းကျန်းရဲဘူး။




ဒီဟင်းရည်နဲ့ စားလိုက်ရရင်တော့ ရှယ်ပဲ။



ကဲ ဒါက နောက်တစ်ဆိုင်။ သွားရည် တများများကျပြီး ရိုက်ခဲ့တယ်။



ဒါကို ဘာခေါ်လဲမသိဘူး။ ကျွန်မကတော့ ရန်ကုန် J Donut က အီကလဲနဲ့တူလို့ ၀ယ်စားလိုက်တယ်။ စားကောင်းတယ်။ အရမ်းလဲချိုဘူး။ တဗူး ဘတ် ၃၀။ အထုပ်က ဘတ် ၂၀။ တဗူးဝယ်စားလိုက်တယ်။



ဒါကိုတော့ စားခဲ့တော့ဘူး။



ကြိုက်တာစား တပွဲ ဘတ် ၂၀။ ပုဇွန်ကြော် တပွဲစားခဲ့တယ်။




မ၀ယ်စားခဲ့တော့ ဘယ်လောက်လဲသိဘူး။



ဒီလိုလေးတွေ တန်းစီလုပ်နေတယ်။



မောလို့ ရေခဲချောင်းဝယ်စားတယ်။ တစ်ချောင်း ၄ ဘတ်



သူတချောင်း ကိုယ်တစ်ချောင်း။ သူ့စားတာက ခရမ်းရောင် ကျွန်မစားတာက အစိမ်းရောင်။




ဝက်စတူးကလဲ စားချင်စရာ။ စားခဲ့ပါဘူး။ ဓာတ်ပုံရိုက်ခဲ့ရုံပဲ။




အသားကင် တချောင်းစားခဲ့တယ်။ သူစားတုံး သိလား။ တစ်ချောင်း ၁၀ ဘတ်




မုန့်လင်မယား အသေးစားခဲ့တယ်။ ကောင်းတယ်တော့။ အသေးက ဘတ် ၂၀



လာပါပြီ လာပါပြီ အုန်းသီး ရေခဲမုန့်



အုန်းသီးဖတ်လေးတွေကို ဒီလို ဒီလိုခြစ်ထားတယ်။ ၀ယ်စားရင် ရေခဲမုန့်ထည့်ပေးတယ်။



တခွက် ဘတ် ၂၀။ ဒါလဲ သူစားတုံး သိလား။

7 comments:

ဇနိ said...

အယ် သူတို့ဆီက စားစရာတွေ ပေါလိုက်တာ။ အသီးတွေလည်း ပေါတယ်နော်။
မဇနိ

မဆုမွန် said...

အယ် ညနေက ကျပ်သူကျပ်မှာ ရှိနေတယ် သိလား ပန်းခြံထဲမှာ အရမ်းသာယာတယ် ဈေးပတ်ပြီးမောရင် ထိုင်ကြတယ် အဲ့ထဲမှာ သဘောင်္သီးထောင်းသိပ်ကောင်း...

khaingzm said...

အဲကမုန့်ဟင်းခါး စားချင်တယ်.. :(

Unknown said...

မုန့်ဟင်းခါး is not our type. Some are spicy, sweet and some with coconut and kapi=Ngapi=fermented fish.
I like Chatuchak for shopping but you should go before noon coz it is so hot inside. Coconut ice cream is my boo.

ကိုလူထွေး said...

မိုးကောင်းသူတို့ နှစ်ယောက်မှာ ဘယ်သူက ပိုစားသလဲ...

Anonymous said...

မရေ...............
မ....ကလက်သဲကိုတိတိရိရိဖြတ်တတ်တယ်
အသန့် အပြန့် ကြိုက်တယ်မဟုတ်လား???
ဟီးးးးးးးးးးးးးးးးးးမြူးကလက်ချောင်းလေးတွေပဲမြင်လိုက်တာကိုး

မလိခ said...

အုန်းသီးရေခဲမုန့်ဆိုတာကို စားချင်တယ်... စားကောင်းမဲ့ပုံလေးတော့...