Friday, May 15, 2009

Dream World မှာ နေ့လည်စာ

Dream World မှာ နေ့လည်စာကိုတော့ ချဉ်ချဉ်စပ်စပ်တွေ မစားခဲ့တော့ဘူး။ ရိုးရိုးကြက်ဆီထမင်းပဲ စားလိုက်တယ်။ ဒါတောင် မနေနိုင်လို့ အချဉ်နှစ်မျိုးနဲ့စားလိုက်သေးတယ်။ မနေ့ညက မူကထောက် နဲ့ မုန့်ဖတ်သုပ်တွေ စားခဲ့တော့ ဒီနေ့ ဗိုက်အခြေအနေက သိပ်မကောင်း။ ၀မ်းပိတ်ဆေးလေးများရှိရင် ပေးပါအုံး။ တော်နေ လမ်းမှာ တခုခုဆို ဆေးသောက်ရအောင်လို့ဆိုပြီး တောင်းခဲ့ရသေးတယ်။ ဒါတောင် အချဉ်ပေါင်းလို ချဉ်ချဉ်စပ်စပ်အသီးတွေ မစားခဲ့ရသေးဘူး။ စိတ်ထဲမှာတော့ စားချင်သား။

ဒီနေ့တော့ Dream World မှာတနေကုန် ပတ်လိုက်တယ်။ ဓာတ်ပုံရိုက်လဲ မနားတမ်းရိုက်ခဲ့တယ်။ ဒါတောင် ဟိုစီး ဒီစီးအရမ်းကြီး သိပ်မလုပ်ခဲ့ဘူး။ ပိတ်ရက်ဆိုတော့ လူကလဲအတော်လေးများတယ်။ တန်းစီလိုက်ရင် အနည်းဆုံးနာရီဝက်လောက်ကြာတယ်။ အကုန်စီးနေရင် အချိန်လောက်မှာမဟုတ်ဘူး။ ၀င်ကြည့် ၀င်စီးရတာလဲ အမျိုးပေါင်း ၄၀ လောက်ရှိမယ်။ အ၀င်ချင်ဆုံးဖြစ်တဲ့ Snow Town ကိုလဲဝင်ခဲ့၊ ရှောလဲစီးခဲ့တယ်။ အဟဲ......... နောက်ပြီး ကိုယ်မစီးဘူးတဲ့ Space Mountain ကိုလဲ အရင်ဆုံးဝင်စီးခဲ့တယ်။ ကျန်တာတွေကို ရွေးပြီးစီးခဲ့တယ်။ ညနေ ၃နာရီ ၄၅မိနစ်မှာတော့ The Colors of the World Parade ကိုကြည့်ပြီး ပတ်တရားကမ်းခြေသို့ ခရီးဆက်လိုက်ပါတော့တယ်။






ကြက်ဆီထမင်း (တပွဲ ဘယ်လောက်ပါလိမ့် ကိုယ်တော်ကြီး သွားဝယ်ခဲ့တော့ မေးဖို့မေ့နေတယ်။ ဈေးနှုန်း သိမှ ပြန်ထည့်ပေးလိုက်မယ်နော်)


သူတပွဲ ကိုယ်တပွဲ (ဒါလေးနဲ့ မ၀လို့ နောက်ထပ် နှစ်ယောက် တပွဲ ထပ်စားကြသေးတယ်။ အိပ်ရေးလဲပျက် ခရီးလဲမနားတမ်း တောက်လျှောက် သွားနေတော့ အားရှိအောင်များများစားရမယ်တဲ့။ သူ့စကား နားထောင်လိုက်၏။ :D)


ကျွန်မ စားခဲ့တဲ့ အသီးအရွက်(သူက သခွားသီးပဲ စားတယ်။ ကျန်တာ အကုန်တီးပလိုက်တယ်)


ရေညှိ ဟင်းရည်


ဖက်ကပေါင်းရွက်လို့ ခေါ်လားမသိ။ ရေခဲစိမ်ထားလို့ ကောင်းမှကောင်း


ခရမ်းချဉ်သီး


ကြက်သွန်မြိတ်


ဂေါ်ဖီ


ပဲပင်ပေါက်



သခွားသီး


ဒီလို ကူပွန်နဲ့ ၀ယ်စားရတယ်။ ကြိုက်သလောက် ကူပွန်လဲနိုင်ပါတယ်နော်။ အဲ........လက်ကျန်ကူပွန်ကို ပိုက်ဆံပြန်လဲ ခဲ့ဖို့မမေ့နဲ့အုံး။


ကျွန်မစားခဲ့တဲ့ အချဉ်ရည်


ကျွန်မစားခဲ့တဲ့ အချဉ်ရည်


ရေခဲစိမ် အသီးအရွက် အေးအေးလေး..........စုံနေတာပဲနော်


ကြိုက်တဲ့ ငံပြာရည်ထည့်စား


အချဉ်မျိုးစုံ


ကလေး ကုလားလုပ်ပြီး ဒါပါ ၀ယ်စားခဲ့တယ်။ ၀က်ရုံပုံ ၀ယ်စားခဲ့တယ်။ နည်းနည်းချိုတယ်။ တခု ၁၀ ဘတ်



ပြောင်းဖူးတဖက် ၀က်ရုပ်တဖက်နဲ့ အလုပ်ဖြစ်နေတဲ့ ကျွန်မ။ ပြောင်းဖူးက တဖူး ဘတ် ၂၀ ။ ဆားလေးပွတ်ပေးခဲ့တယ်။ စားလို့ကောင်းတယ်။ (ရုပ်ဖျက်ထားလိုက်တယ်နော်။ လူမြင်ရင် အစားအသောက် မစားချင်မှာစိုးလို့။ :D)

5 comments:

ဇနိ said...

အရွက်တွေပေါတာနဲ့ကို အလည်သွားချင်လာပြီ။ ဓါတ်ပုံတကူးတကရိုက်လာပေးတာ ကျေးဇူး။ လူပုံလေးပါ တင်ပါဗျို့။ အဲဂလို မွှားစိလေး မတင်ပါနဲ့ဗျို့။
မဇနိ

JuneOne said...

နောက်ဆုံးပုံကိုအကြိုက်ဆုံးပဲ။

khin oo may said...

ဂျွန်ဝမ်းပြောတာမှန်တယ်။

ကိုလူထွေး said...

အမှတ်တရ ယိုးဒယားပြီးရင် အိမ်ထမင်းအိမ်ဟင်းတွေ ပြန်ချက်ဦးမှာလား..

မေသစ္စာမောင် said...

လူမြင်ရင် အစားအသောက် မစားချင်မှာစိုးလို့ တဲ့လား...။
အဲဒီလို မပြောပါနဲ့ အမရယ်.....း-(

အမရဲ့ပုံလေးတင်ထားရင် ပိုစားဝင်မယ်.. :-)