Dream World ကနေပြန်လာတော့ ညနေ ၄ နာရီကျော်နေပါပြီ။ ဒါနဲ့ ပတ်တရားသွားဖို့ ခရီးဆက်ရပြန်တယ်။ Dream World ကနေ Future Park အရင်သွားလိုက်တယ်။ Future Parkt နားမှာတဲ့ သူငယ်ချင်း ဒီကနေ ကားစီးရင်လဲရတယ်ဆိုလို့ သွားကြတယ်။ ဟိုရောက်တော့ ဒီကနေ ပတ်တရားထွက်တဲ့ ကားမရှိဘူးတဲ့။ ဒါနဲ့ Mo Chit Bus Terminal ကို ဆက်ပြီး သွားပြန်တယ်။ သူတို့နဲ့တောင် အချိန်မရှိလို့ စကားကောင်းကောင်းမပြောခဲ့ရဘူး။ Mo Chit Bus Terminal လဲရောက်ရော ၆ နာရီရှိနေပါပြီ။ ပတ်တရားသွားမယ့် ကားလက်မှတ်ရောင်းတဲ့နေရာကိုရှာပြီး လက်မှတ်ဖြတ်လိုက်တယ်။ ကံကောင်းချင်တော့ ကားက ၆ နာရီ ၊ ၂၀ မိနစ်ဆိုထွက်မယ်တဲ့။ ညနေစာ စားဖို့အချိန်မရတော့ဘူး။ မုန့်ဝယ် ရေ၀ယ် ဖျော်ရည်လေးဝယ်ပြီး ကားတောက်လျှောက်စီးလာခဲ့တယ်။ မုန့်လေးစား ရေလေးသောက်ပြီးတာနဲ့ တစ်လမ်းလုံး အိပ်လိုက်သွားတယ်။
ဘန်ကောက်ကနေ ပတ်တရားကိုကားစီးရတာ၂နာရီခွဲလောက်ပဲကြာပါတယ်။ အိပ်ရေးတောင်မ၀လိုက်ဘူး။ ပတ်တရားကိုရောက်သွားပြီ။ ပတ်တရားရောက်တော့ တည်းမယ့် ဟိုတယ်ကို သွားကြပြန်တယ်။ ဟိုတယ်ရောက်တော့ ၉ နာရီခွဲကျော်နေပါပြီ။ ရေမိုးချိုးပြီး ညနေစာစားဖို့ရယ်၊ walking steet မှာလမ်းလျှောက်ဖို့ရယ် သွားကြပြန်တယ်။ ပတ်တရားကို ညနေလာရတဲ့ ရည်ရွယ်ချက်က walking street ကို လျှောက်ချင်တာလဲ ပါပါတယ်။ walking street ကလဲ နာမည်ကြီးတာဆိုတော့ ဘာလိုလဲလို့ သိချင် စပ်စုချင် တာလဲပါတယ်။ အဟဲ..........
Walking street ဘက် လမ်းမလျှောက်ခင် ဈေးတန်းတွေ အရင်လျှောက်ကြည့်လိုက်ပါသေးတယ်။ ဟိုကြည့် ဒီကြည့် လုပ်ပြီး ခြေလဲ နည်းနည်းညောင်းလာတော့ ထိုင်အုံးမှ ဖြစ်တော့မည်။ ထိုင်လိုက်တဲ့ဆိုင်ကလဲ ဘီယာဆိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေရဲ့။ တော်လိုက်တဲ့ ခြေထောက်နော်။ ပင်ပန်းတော့ အမောပြေ ဘီယာလေးသောက်ချင်တယ်ပေါ့။ ကျွန်မ ဟုတ်ဘူးနော်။ သူ...သူ............သူ.................အဲလိုလွဲချလိုက်တယ်။ အဲ.....သူတစ်ယောက်တည်းသောက်တော့ ပျင်းနေမည် ကျွန်မပါ လိုက်သောက်ပေးမှ ဖြစ်ချေတော့မည် ဆိုပြီး ကျွန်မပါ လိုက်သောက်ပေး လိုက်ပါတယ်။ အသောက်ဆိုတော့လဲ အဖော်လေးရှိမှ ကောင်းတယ်မဟုတ်ဘူးလား။ အဖော်မရှိလို့ လိုက်သောက်ပေးဒါပါ။ (အိမ်ကသိရင်တော့ အရိုက်ခံရတော့မည်။ ရှူးတိုးတိုးးးးးးးးးး)သိပ်တော့ မကြိုက်ပါဘူးနော်။ အဟီးးးးးး ဘီယာကြီးပဲ ဆိုတော့ သောက်လို့ မ၀င်ဘူး အမြည်းလေး ဘာလေးပါမှ ကောင်းတယ်မဟုတ်လား။
ဒီတော့ အမြည်းက ဘီယာဆိုင်မှာ မရတော့ အမြည်းသွားဝယ်တယ်။ လှည်းကလေးနဲ့ တွန်းလှည်းသည်မှာ အကောင်စုံ အကြော်ကို လက်ညိုးထိုးပြီး ၀ယ်လိုက်ပါတယ်။ နောက်တခါ ဆီပူပူနဲ့ကျွတ်ကျွတ်လေးပြန်ကြော်ပေးတယ်။ ဒီအကောင်တွေ ၀ယ်နေတုံး ဘေးမှာ အဖြူ ၂ယောက်ကလဲ စိတ်ဝင်တစားနဲ့ လာကြည့်နေတယ်။ အထူးတစမ်းနဲ့ပေါ့။ မျက်နှာတွေလဲ ရှုံမဲ့လို့ပဲ။ သူတို့က မနေနိုင်တဲ့အဆုံး ကိုယ်တော်ကြီးကို မေးတော့တယ်။ အဲဒါတွေကို မင့်တို့စားမလို့လားတဲ့။ ကိုယ်တော်ကြီးက ဟုတ်တယ် စားကောင်းတယ်လို့ပြောတော့ မင့်တို့ထဲက နည်းနည်းမြည့်ကြည့်လို့ရသလားတဲ့။ ရပါတယ်လို့ပြောတော့ ကြော်ပြီးရတာနဲ့ တစ်ကောင်ဆီ မြည်းကြည့်သွားလေရဲ့။ အင်းမဆိုးဘူး ကောင်းတယ် ဘာတယ်နဲ့ပြောသွားလေရဲ့။
ဘာကောင်စုံတုံး မိုးကောင်းသူရဲ့လို့ မမေးနဲ့နော်။ ကျွန်မလဲ အကောင်သုံးမျိုး နာမည်ပဲသိတယ်။ ပုရစ်ရယ်၊ ပုစဉ်းရယ်၊ ဖားရယ်၊ ကျန်တာ ဘာအကောင်လဲတော့ သိဘူး။ ပုရစ်ကြော် နဲ့ ဖားကြော်တော့ စားဖူးပါတယ်။ ကျန်တဲ့အကောင်ကြော်က အခုမှ ပထမဆုံးစားဖူးတာပါ။ ကျန်တဲ့အကောင်တွေက မစားဖူးတော့ စားရမှာ စိတ်ထဲတမျိုးပဲ။ ဒီအကောင်တွေကို ကြည့်ပြီးစားရင်တော့ ၀င်မှာမဟုတ်ဘူး အဲဒီတော့ မျက်စိကို မိုးကောင်းကင်ပေါ်ကြည့်ပြီး စားခဲ့တယ်။ ဒီတော့ ဘာကောင်လဲ ဆိုတာမြင်တော့ဘူး။ လက်ကပါလာတဲ့ အကောင်ကိုယူ ပါးစပ်ထဲထည့်လိုက်တော့ သွားက အလိုက်သင့်လေးသာ လိုက်ဝါးနေရုံပဲ။ :D ဒီကောင်ကြော်ကြီးတွေ စားရတာလဲ အတော်လေးကိုမှ ဆိမ့်လှပါတယ်။ ခေါင်းတော်တွေတောင်မှ မူးတယ်။ ဘီယာသောက်လို့ပဲ မူးလား။ ဒီကောင်ကြီးတွေကို စားလို့ပဲမူးလားတော့ မသိပါဘူး။
ဒါနဲ့ Walking street ဘက်ကို လမ်းလျှောက်ကြတယ်။ အဲလိုလေးးးးးး အဲလိုလေးးးးးးးးး အဲလိုတွေလားပေါ့။ ဒီတခါမှာတော့ ကျွန်မလဲ အထူးတစမ်းဖြစ်နေပါပြီ။ နဂိုက မျက်လုံးမှေးမှေးက အပြင်ရောက်မတတ် ဖြူးနေတာပဲ။ မူးတဲ့အရှိန်လေးတောင် ဘယ်ရောက်သွားသလဲ မသိတော့ဘူး။ မမြင်ဘူး မလျှောက်ဖူးတော့ လမ်းဆုံးထိ ၂ ခါလောက်လျှောက်ခဲ့တယ်။ (တောသားမြို့ရောက်ဆိုတော့ ၂ ခါပြန်ရောက်ခဲ့တယ်) အတော်လေး လမ်းလျှောက်ပြီးလို့ ခြေထောက်လဲ ညောင်း၊ ဗိုက်လဲ ဆာနေပါပြီ။ စားသောက်ဆိုင်မှာ စားမလဲတဲ့။ အဲလိုကြီးစားချင်ဘူး။ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ များများစားချင်တာဆိုလို့ ဟိုဟာလေးနည်းနည်း ဒီဟာလေးနည်းနည်းဝယ်ပြီး ဟိုတယ် အခန်းထဲမှာပဲ နှစ်ယောက်သား စားသောက်ကြပါတော့တယ်။
ဟိုတယ် အခန်းထဲမှာ (ဟိုတယ်သို့ အပြန်လမ်း seven eleven မှာ ၀ယ်ခဲ့တာ။ အအေးဗူးမတွေ့လို့ တွေ့တာပဲ ဆွဲခဲ့တယ်။ ယုံနော်။ အဟီးးးးးးးးး အားလူးကြော်၊ ခေါက်ဆွဲကြော်၊ စပိုင်၊ ရေခဲ၊ ရေဗူး အားလုံးပေါင်း ဘတ် ၃၀၀ ကျော်ကျော် ကျခဲ့တယ်။)
ဂဏန်းကြော် တပွဲ ၃၅ ဘတ်။ စားလို့ကောင်းတယ်။
တပွဲ ၂၅ ဘတ်
ကျွန်မ ၀ယ်ထားတဲ့ဟာလေးတွေကို ကင်ပေးနေတာ။ အားလုံး ဘတ် ၁၁၀။ ငရုတ်သီးစိမ်းလေးပါ တောင်းခဲ့တယ်။ ၀က်သားချဉ် တကိုက် ကိုက်၊ ငရုတ်သီး တကိုက် ကိုက်နဲ့ စားလို့ အတော်လေး အဆင်ပြေခဲ့တယ်။ ၀က်သားချဉ် တခုတည်းဝယ်ခဲ့လို့ စိတ်မကောင်းလိုက်တာ။ နောက်ထပ် ထပ်စားချင်သေးတာ။
ကောက်ညင်းပေါင်းကိုလဲ ထုတ်ဒိုးပြီး ကင်ပေးတယ်။ တော်တော်လေး စားလို့ကောင်းတာပဲ။ မွှေးနေတာပဲ။ အဲလို တခါမှ မစားဖူးဘူး။ ဆီတိုပူး (သို့) ခရမ်းချဉ်သီးပန်ထရွေဖျော်နဲ့တာ တို့စားလိုက်ချင်တယ်။
ဒီ ကြက်တောင်ပံယူလိုက်တယ်။ ဆီဖူးတချောင်းယူလိုက်တယ်။ ဆီဖူးကင်က ကိုယ်ပဲစားတယ်။
ကြက်နှလုံးခေါ်မလားမသိ နှစ်ချောင်းယူလိုက်တယ်၊ ကြက်ရေခွံတချောင်းယူလိုက်တယ်။ အဲဒါတော့ သူစားဘူး။
ဝက်သားချဉ် အနီဝယ်စားခဲ့တယ်။ ကောင်းလိုက်တာ အရမ်းပဲ။
အသားတချောင်းယူလိုက်တယ်။
ပုရစ်ကြော် နဲ့ နွားချီးပိုးထိုးခေါ်လားမသိ တူလို့ ကျွန်မဟာ ကျွန်မနာမည်ပေးလိုက်တယ်။ အဟီးးးးးးးး နွားချီးပိုးထိုးလို့ပြောတော့ ဘယ်စားချင်တော့မလဲနော်။
ပုစဉ်းကြော် နဲ့ ဘာပိုးကောင်ကြော်လဲမသိ။
ပိုးကောင်းကြော် စိမ့်နေတာပဲ။
ဖားကြော် ကျွတ်ကျွတ်လေး
အကောင် အစုံကြော် ဘတ် ၃၀၀ ကျခဲ့တယ်။ (အမွှေးရွက် ထည့်ပြီး ပြန်ကြော်ပေးတယ်) စားနော် အားမနာနဲ့။
ကြောက်နဲ့ မျက်စိမှတ်ပြီးသာ နိုက်စားသွားနော်။
သူတခွက် ကိုယ်တခွက် ( တဂျား ဘတ် ၁၂၀ လားမသိတော့ဘူး)
ဆိုင်းဘုတ်လေးတွေ အမှတ်တရ တင်ပေးလိုက်တယ်နော်။
ဆိုင်းဘုတ်လေးတွေ အမှတ်တရ တင်ပေးလိုက်တယ်နော်။
ဆိုင်းဘုတ်လေးတွေ အမှတ်တရ တင်ပေးလိုက်တယ်နော်။
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
13 comments:
ပတ်တရာမှာ အဒေါ်ရှိတယ်။
မအယ်က မရောက်ခဲ့ပါဘူး။
အရမ်းပူလို့ ။
ကောက်ညှင်းလေး စားချင်တယ်။
ငယ်ငယ်တုန်းက ပဇင်းရင်ကွဲတွေ ပရစ်တွေ စားဖူးတယ်။
စားချင်စရာတေါချည်းပဲနော်
း)
လူလည်း ဝလာလောက်ရောပေါ့နော်
အကင်အစုံစားချင်တယ်။ ဂဏန်းလည်း စားချင်တယ်။ အကောင်ကြော်တွေတော့ ကြောက်ကြောက်။
မဇနိ
I wanna see the photos along the walking street.
:)
ကြည့်ရတာ ပုစဉ်းကြော်ဘေးနားက အကောင်တွေ ကသစ်မောင်းပိုးတွေလားမသိ။
စားစရာတွေကလည်းစုံနေတာပဲ..
ပျော်စရာကြီိးနော် ညီမလေး..
မမက ပုရစ်ကြော်ကြိုက်တယ်.း)
ဘီယာမကြိုက်ဘူးမဟုတ်လား..
အမြည်းမပါလို့ ...
အကောင်တွေ ဂယ်ချားတာရား....အီး..။ စီဘုံးကအော်မရဘူးသာပြောတယ်နော်.. အာဗြဲကြီးနဲ့လာအော်သွားတာ ၃ ခါတောင်..ငှင်းငှင်း။
Walking Street ကို ထပ်သွားချင်လိုက်တာ...။ ဟို ရုရှားမကြီး ကနေတဲ့ အပေါ်က ဖန်ပေါင်းချောင်ထဲ သွားချင်လိုက်ထှာ...။ ဟီး...။
အ၀တ်တွေ တော်သေးရဲ့လားဟင်။
အချဉ်ရည်လေးဆမ်းထားတဲ့ ကင်းမွန်ကင် စားချင်တယ်။
အဲဒီ ပတ္တရားမှာ အစားအသောက်တွေ ကောင်းတယ်။ အရမ်းကြိုက်တယ်။ လူတွေတော့ စိတ်ညစ်တယ်။ တို့သွားတုန်းက gay တွေချည်း တွေ့ခဲ့လို့။
Screen အကြီးကြီးနဲ့ ဘောလုံးပွဲ ကြည့်ခဲ့ရတာလဲ သဘောကျမိတယ်။ တို့ကတော့ ယဉ်ယဉ်လေးကနေတဲ့ ကောင်မလေး သီချင်းဆိုနေတာကို အားရပါးရ လက်ခုပ်ထိုင်တီးနေမိတာပဲ။ အဆိုကောင်းလို့။
ပုရစ်ကြော်ဘေးက “သင်ပေါင်းပိုး” ကြော်ပါ၊ အဲ့အကောင်က မစားခင် နွားနို့ (နို့) အရင်တိုက်ထားရတယ်၊ ဒါမှ ပိုစိမ့်တယ်။ ဒါပေမယ့်လဲ သူ့ကို အရှင်လတ်လတ် ဆီထဲထည့် ကြော်လိုက်တဲ့ခါမှာ တွန့်သွားပုံကို ကြည့်ရင် ကိုယ်တိုင် ၀င်ပြီး အကြော်ခံနေရသလိုပဲ အတော်လေး အကုသိုလ်များမယ့် အကောင်ပါ။ စားလို့တော့ ကောင်းတယ်။ ၀ါးပိုးမျှစ်တွေထဲ နေတယ်လို့ ထင်တာပဲ။ လာရောင်းတဲ့သူက အဲ့ဒီ အမြစ်တွေထဲက ခွါထည့်ပေးတယ်။ သနားပါတယ်။
ပုစဉ်းက စားလို့ရလို့လား အစ်မရဲ့ တစ်ခါမှ ကြားဖူးဘူး။ ပုရစ်တော့ စားဖူးတယ် (ကြိုက်တယ်)
မမိုးကောင်းသူရေ စားစရာတွေ အချုံပဲ တရေကျတာ ဂျဂါး အပီတော့ဝူး :D
Post a Comment