Saturday, September 26, 2009

ပျော်ပျော်ပါးပါး ချက်စားကြရာဝယ်

ဟိုနေ့က ဂဏန်းဟင်းချက်စားတဲ့ ၈ ယောက်ပေါ့။ ဂဏန်းနဲ့ ခရုချက်ကုန်လဲ မပြန်ကြလို့ နောက်နေ့မှာ ဆက်လက်ပြီးချက်စားကြတယ်။ ဒီနေ့ဟင်းမှာ ပဲထောင့်ရှည်သုပ်မှလွဲလို့ ကျန်တာတွေကို အဂ္ဂဘုန်းမေမေ ချက်တာ ကျွန်မက ဘေးကနေ ကြက်သွန်ဖြူ နီခွာ တောက်တိုပေါ့။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။

ရှည်ရှည်ဝေးဝေး မရေးတော့ဘူးနော်။ ကျန်းမာ ချမ်းသာကြပါစေ။



ဆိတ်သားချက်၊ ခရမ်းချဉ်သီး ငါးပိချက်၊ ငါးကြော်၊ ပဲထောင့်ရှည်သုပ်၊ ကန်စွန်းဥ အရွက်ကြီး ချဉ်ဟင်း (အားနာနဲ့နော်။ ဒီကနေပဲ ခေါ်ခေါ်ကျွေးလို့ ပြောကုန်ကြပြီ။ ဟီးဟီး )


ပဲထောင့်ရှည်သုပ် (ပုဇွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီ ဆီချက်ဝါ၀ါနဲ့ ထည့်ပြီး သုပ်ထားပါတယ်။)


ဆိတ်သားချက် (ပြင်းတော်သိမ်ရွက် ထည့်ပြီးအုပ်ထားပါတယ်)


ကန်စွန်းဥ အရွက် ကြီးကြီး (ကန်စွန်းရွက်ကြီး လို့ခေါ်မလားဘဲ) ကို ချဉ်ဟင်းချက်လိုက်ပါတယ်။ ကန်စွန်းရွက်ကြီး အရသာက လေးလေးပင်ပင်ရှိတယ်။ ဒီအရွက်ကြီးကြီးက ချဉ်ဟင်းချက်စားလို့ ကောင်းတယ်။

ငါးကြော် ကျွတ်ကျွတ်လေး

11 comments:

Vista said...

အားပါးပါး သရေတွေကျလာပြီ

Phyo Evergreen said...

ချားချင်ဒယ်ဂျို့

Nge Naing said...

ဆိတ်သားကလွဲရင် ကျန်တာ အကုန်လုံးကို စားသွားပါတယ်နော့်။

rose of sharon said...

သွားရည်ကျအောင် သိပ်လုပ်တတ်တယ်နော်

ကိုလူထွေး said...

စားဖိုမှူးအဆင့်ကနေ အော်တိုငုပ်တုပ် တောက်တိုမယ်ရအဆင့် ကျသွားရရှာတယ်...

းဝ)

Anonymous said...

မရေ................
စားချင်တယ် ဆိတ်သားချက်နော်
ဆိတ်သားက ပျဉ်းတော်သိမ်ရွက်မပါရင်
မကောင်းဖူးရယ်နော် ညီသလိုပဲလေ

Anonymous said...

မမ မိုးကောင်းသူရေ ပဲသီးသုပ်လေး စားချင်လိုက်တာ
မစားဖူးဘူး အဲ့လိုမျိုးလေး
သွားရည်ယိုစရာတွေချည်းပဲ :P

စူးနွယ်လေး said...

ချက်ထားတာတွေ အကုန်လုံးစားချင်တယ်
အကုန်လုံးကြိုက်တယ်

ရေတမာ said...

အားးးးးးးးးးးး ဗိုက်ဆာတယ်................ ဂလု ဂလု ဂလု ဂလု

Anonymous said...

hello... hapi blogging... have a nice day! just visiting here....

T T Sweet said...

မစားရတာကြာလို့ အ၀စားသွားပါတယ်။ ဟင်းတွေက စုံမှစုံ။ မိုးကောင်းသူနဲ့ အိမ်နီးနားချင်းဖြစ်ချင်တယ်။