Wednesday, May 27, 2009

လက်ပံခေါင်း အချဉ်ဟင်း

လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ တ၀ဲဝဲလွင့်တဲ့ လေယာဉ်ပမာ သြော် ချစ်စရာ ချစ်စရာ........... သန်းထွန်းလေး သီချင်းလားသိတော့ဘူး။ ကျွန်မကတော့ သန်းထွန်းလေးလို သီချင်းမဆိုနိုင်ဘဲ ချက်စားပလိုက်တယ်။ အဟီးးးးးးးးးးးးးးးးး လက်ပံခေါင်း(ပွင့်) အခြောက်တွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ဒီရောက်ကတည်းက ပထမဆုံးအကြိမ် ချက်စားဖြစ်တာပါ။ ကျွန်မကတော့ လက်ပံခေါင်းကို ဆီးသီးခြောက် ချက်ရင်အကြိုက်ဆုံးပဲ။ အိမ်မှာတော့ တောချက်လေးတဲ့။ မြေအိုးနဲ့ချက်ရင် တော့ အကောင်းဆုံးပဲ။ မြေအိုးနံ့လေးလဲ သင်းနေတာပဲ။ ဆီးသီးခြောက်မရှိလို့ ကျွန်မတော့ မန်ကျည်းမှည့်နဲ့ ချက်ထားပါတယ်။



ရိုးရိုးရှင်းရှင်း ချွဲချွဲပြစ်ပြစ် လက်ပံခေါင်းချဉ်ဟင်း သုံးဆောင်သွားပါအုံးလား။


ငရုတ်သီးနဲ့ ငါးနီတူးလေးတွေ ကြော်လိုက်တယ်။ ငါးနီတူးကျွတ်ကျွတ်လေး နိုင်စားသွားအုံး။ အားနာနဲ့။


ကြက်ဥကြော် သူတလုံး၊ ကိုယ်တလုံး (ကြက်ဥကြော်ကလဲ ပုံဆိုး ပန်းဆိုးနဲ့ ကြိုက်မှ နိုက်စားသွားနော်။)


ထမင်းမြိန်စေ့မယ့် လက်ပံခေါင်းချဉ်ဟင်း





လိုအပ်သော အရာများ

လက်ပံခေါင်းခြောက်
ခရမ်းချဉ်သီး ၁ လုံး
ပုဇွန်ခြောက်
ငါးပိ လက်တစ်ဆစ်
မန်ကျည်းမှည့်


လက်ပံခေါင်း ချဉ်ဟင်းချက်နည်း

လက်ပံခေါင်းခြောက်ကို နာရီဝက်လောက် ရေစိမ်ထားပါ။ ဟင်းရည်တည်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ခရမ်းချဉ်သီးကို ပါးပါးလှီးထည့်လိုက်ပါ။ ခရမ်းချဉ်သီး အိသွားရင် ပုဇွန်ခြောက် ၊ ငါးပိလက်တစ်ဆစ် ၊ ငံပြာရည် ၊ အချိုမှုန့်ထည့်ပြီး ၅ မိနစ်လောက် လုံးလိုက်ပါ။ ပြီးရင် လိုသလောက် ရေနွေးထည့်ပါ။ ဆူအောင်တည်ထားပါ။ ချဉ်ဟင်းအိုးဆူလာရင် မန်ကျည်းမှည့်အနှစ်ရည်ထည့် ဆက်လက်ပြီး ဆူနေအောင်တည်ထားပါလေ။ ကြာကြာဆူလေ ကောင်းလေပါပဲနော်။ အနံ့မွှေးအောင်လို့ ချဉ်ဟင်းအိုး ချခါနီး ငရုတ်သီးစိမ်းလေးပါထည့်လိုက်တယ်။ ထမင်းမြိန်စေမယ့် လက်ပံခေါင်းချဉ်ဟင်း ရပါပြီ။ သုံးဆောင်သွားပါအုံးနော်။

5 comments:

Anonymous said...

မမ လာစားသွားတယ်နော်.....
အိမ်ကိုလဲတကယ်လာအုံးမှာ....

Anonymous said...

မရေးးးးးးးးးးးးးးးးးးးး
အခုမှနိုးတာမရဲ့  မနက် ၄း၃၅ ပဲရှိသေးတယ်
လက်ပံခေါင်းချည်ဟင်း တခါမှစားဖူးဘူးရယ်လေ
ကြက်ဥကြော်ကမြူးဖို့ ရှိသေးလားဟင်????
ငါးကလေးကြော်အားလုံးစားသွားပြီ နော် တာ့တာ

ကိုလူထွေး said...

ဗိုက်ဆာလာပြီကွာ...

ထမင်းအိုးသွားတည်လိုက်ဦးမယ်...

မေသစ္စာမောင် said...

ဗိုက်ဆာတယ်...မနက်စာတောင် မစားရသေးဘူးး(
အိမ်လိပ်စာက....???
မဖိတ်ပဲလာစားမလို့..ဟီး.....;-)

မိဘမေတ္တာ said...

တော်လိုက်တဲ့ ညီမ ဟင်းတွေကလည်း စုံနေတာပဲ တစ်ခါမှ မစားဘူးလို့ လာစားအုံးမယ်နော်။