ရိုးရိုးရှင်းရှင်း ချွဲချွဲပြစ်ပြစ် လက်ပံခေါင်းချဉ်ဟင်း သုံးဆောင်သွားပါအုံးလား။
ငရုတ်သီးနဲ့ ငါးနီတူးလေးတွေ ကြော်လိုက်တယ်။ ငါးနီတူးကျွတ်ကျွတ်လေး နိုင်စားသွားအုံး။ အားနာနဲ့။
ကြက်ဥကြော် သူတလုံး၊ ကိုယ်တလုံး (ကြက်ဥကြော်ကလဲ ပုံဆိုး ပန်းဆိုးနဲ့ ကြိုက်မှ နိုက်စားသွားနော်။)
ထမင်းမြိန်စေ့မယ့် လက်ပံခေါင်းချဉ်ဟင်း
လိုအပ်သော အရာများ
လက်ပံခေါင်းခြောက်
ခရမ်းချဉ်သီး ၁ လုံး
ပုဇွန်ခြောက်
ငါးပိ လက်တစ်ဆစ်
မန်ကျည်းမှည့်
လက်ပံခေါင်း ချဉ်ဟင်းချက်နည်း
လက်ပံခေါင်းခြောက်ကို နာရီဝက်လောက် ရေစိမ်ထားပါ။ ဟင်းရည်တည်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ခရမ်းချဉ်သီးကို ပါးပါးလှီးထည့်လိုက်ပါ။ ခရမ်းချဉ်သီး အိသွားရင် ပုဇွန်ခြောက် ၊ ငါးပိလက်တစ်ဆစ် ၊ ငံပြာရည် ၊ အချိုမှုန့်ထည့်ပြီး ၅ မိနစ်လောက် လုံးလိုက်ပါ။ ပြီးရင် လိုသလောက် ရေနွေးထည့်ပါ။ ဆူအောင်တည်ထားပါ။ ချဉ်ဟင်းအိုးဆူလာရင် မန်ကျည်းမှည့်အနှစ်ရည်ထည့် ဆက်လက်ပြီး ဆူနေအောင်တည်ထားပါလေ။ ကြာကြာဆူလေ ကောင်းလေပါပဲနော်။ အနံ့မွှေးအောင်လို့ ချဉ်ဟင်းအိုး ချခါနီး ငရုတ်သီးစိမ်းလေးပါထည့်လိုက်တယ်။ ထမင်းမြိန်စေမယ့် လက်ပံခေါင်းချဉ်ဟင်း ရပါပြီ။ သုံးဆောင်သွားပါအုံးနော်။
5 comments:
မမ လာစားသွားတယ်နော်.....
အိမ်ကိုလဲတကယ်လာအုံးမှာ....
မရေးးးးးးးးးးးးးးးးးးးး
အခုမှနိုးတာမရဲ့  မနက် ၄း၃၅ ပဲရှိသေးတယ်
လက်ပံခေါင်းချည်ဟင်း တခါမှစားဖူးဘူးရယ်လေ
ကြက်ဥကြော်ကမြူးဖို့ ရှိသေးလားဟင်????
ငါးကလေးကြော်အားလုံးစားသွားပြီ နော် တာ့တာ
ဗိုက်ဆာလာပြီကွာ...
ထမင်းအိုးသွားတည်လိုက်ဦးမယ်...
ဗိုက်ဆာတယ်...မနက်စာတောင် မစားရသေးဘူးး(
အိမ်လိပ်စာက....???
မဖိတ်ပဲလာစားမလို့..ဟီး.....;-)
တော်လိုက်တဲ့ ညီမ ဟင်းတွေကလည်း စုံနေတာပဲ တစ်ခါမှ မစားဘူးလို့ လာစားအုံးမယ်နော်။
Post a Comment