နောက်နေ့မနက်ကျတော့ ပတ်တရားကနေ ကျွန်းဖက်ကိုသွားဖို့ ပြင်ရပြန်တယ်။ ဟိုတယ် အခန်းကိုလည်း တခါးတည်းအပ်ခဲ့တယ်။ အပြန်ဘယ်အချိန်ရောက်မှန်းမသိ။ နေ့လည် ၁၂ နာရီကျော်ရင် နောက်တစ်နေ့စာ အခန်းခထပ်ပေးနေရမည်။ တစ်ခါတည်းအပ်ခဲတော့ ပိုကောင်းတယ်။ မနက် ၈ နာရီလောက်ထ ပြီး Koh Larn Island ဖက်သွားမယ့် သင်္ဘောဆိပ်ကို လမ်းလျှောက်သွားကြတယ်။ အဲ.....တစ်ခုကောင်းတာက ကိုယ်တော်ကြီးက ရောက်ဖူးတော့ သွားရလာရတာအဆင်ပြေပါတယ်။
Walking Street လမ်းကို မနက်လျှောက်တော့ ပိုဝေးနေသလားလို့ ထင်ရတယ်။ မနေ့ညကလမ်းလျှောက်ခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ။ တိတ်ဆိတ်နေတာပဲ။ သူတို့လဲ မောလို့ နားနေရောပေါ့။ ဒီကတော့ ခရီးဆက်လိုက်အုံးမယ်။ ဟဲ........... သင်္ဘောဆိပ်ရောက်တော့ လက်မှတ်ဖြတ်တဲ့နေရာမှာ ကျွန်းနှစ်ကျွန်းရှိတယ်။ တစ်ခုက ပြည်တွင်းကလူတွေသွားတာပိုများတယ်။ နောက်တစ်ခုက နိုင်ငံခြားသားတွေသွားတာပိုများတယ်။ ဒါနဲ့ နိုင်ငံခြားသားတွေ အသွားများတဲ့ဟာပဲ ဖြတ်လိုက်တယ်။ သွားမယ့်ကျွန်းနာမည်က Koh Larn Island တဲ့။ အဲဒီကျွန်းကို ရောက်ဖို့ ၄၅ မိနစ်လောက် သင်္ဘောစီးရတယ်။
အဲဒီ သင်္ဘောက ကမ်းနားအထိတော့မရောက်ဖူး။ နောက်ထပ် ဘုတ်အသေးလေးက တစ်ဆင့်ပြန်လာခေါ်တယ်။
ကျွန်းဖက်ကို ရောက်တဲ့အချိန်က ၁၀ နာရီခွဲကျော်နေပါပြီ။ နေကလဲ ပူတာမှ အရမ်းပဲ။ ဟိုရောက်တာနဲ့ ထိုင်ခုံနေရာယူ။ ကျောပိုးအိတ်ကိုချ။ အကျီလဲပြီး ပင်လယ်ထဲ တမ်းဆင်းတော့တာပဲ။ ရေကလဲ ကြည်လို့။ လည်ပင်းအထိရောက်တာတောင် ခြေထောက်ကိုမြင်ရသေးတယ်။ ဖူးခတ်လိုနာမည်ကြီးတဲ့ ကမ်းခြေဆိုတော့ ဒီထက် အဆဘယ်လောက်ရေကြည်သလဲမသိဘူးနော်။ ရေကြိုက်တဲ့ ကျွန်မ နေပူလို့ ပူမှန်းမသိ။ ပင်လယ်ထဲ ရေဆင်းစိမ်နေရတာမှ နေပူတာသက်သာသေးတယ်။ နေပူပူ မပူပူ ရေစိမ်မှာပဲ စိမ်မှာပဲ။ ရေစိမ်လိုက် ကမ်းပေါ်တက်လာလိုက်။ ပြန်စိမ်လိုက်နဲ့ အလုပ်တွေရှုပ်နေလေရဲ့။
မနက်က အအေးနဲ့ အာလူးကြော်ပဲ စားထားတော့ ဗိုက်ကလဲဆာနေပြီ။ စားစရာ မှာတော့ မှာတော့လို့ ကိုယ်တော်ကြီးကို ပြောလိုက်တယ်။ မှာတာတွေရောက်တော့ တလုပ်စားလိုက် ရေထဲဆင်းလိုက်နဲ့။ ကျွန်မကလဲ ကလေး ကုလားပဲနော်။ ကိုယ်တော်ကြီးလဲ ပြီးတော့ ဆင်းလာပါတယ်။ ရေစိမ်နေလိုက်တာ အချိန်လဲ နေ့လည် ၂ နာရီရှိသွားပြီ။ ကိုယ်တော်ကြီးနဲ့ ကျွန်မ နှစ်ယောက်မှာလဲ ငမဲလုံးဖြစ်နေပြီ။ မဖြစ်သေးဘူး ရေစိမ်တာ တက်အုံးမှဆိုပြီး ရေမိုးချိုး ခဏအနားယူ၊ ပတ်တရားဖက်ကို ၃ နာရီပြန်မယ့် သင်္ဘောလေးစောင့်ရင်း အုံးရည် ချိုချိုအေးအေးလေးမှာသောက်လိုက်တယ်။ ပတ်တရားဖတ်ရောက်တော့ ဘန်ကောက်ကိုပြန်မယ့် ကားဂိတ်သို့သွား ၄ နာရီခွဲ ကားနဲ့ တလမ်းလုံးအိပ်ပြီး လိုက်လာပါတော့တယ်။
ဆီးဖု ထမင်းကြော် (Fried Seafood rice)
ဆီးဖုသုပ် (Seafood Salad)
ဆီးဖု တုံယမ်းဟင်းရည် (Seafood Tom Yam)
ရေဗူးပါ အားလုံးပေါင်း ဘတ် ၅၅၀
ရေမိုးချိုးပြီး အမိုးကြီးကြီးနဲ့ နေပူသက်သာမယ့် ဆိုင်တစ်ဆိုင်ပြောင်းလိုက်တယ်။ ပြီး အုံးရည်မှာလိုက်တယ်။ အုံးရည် တလုံး ဘတ် ၃၀။ အဲဒီပန်းနှစ်ပွင့်နားမှာပန်ပြီး အရူးမလို ဓာတ်ပုံရိုက်လိုက်သေး။ ပြတော့ ဘူး။ ကြောက်သွားမှာစိုးလို့။ :D
ထိုင်ခုံခ တစ်ယောက် ဘတ် ၅၀
ကျွန်မကို မြင်လား။ အဟီးးးးးးးးး ပါဘူးကွယ်။
အမိုးအောက်မှာ ကျွန်မရှိနေတယ်နော်။
အမှတ်တရ ရိုက်ခဲ့တယ်။
အမှတ်တရ ရိုက်ခဲ့တယ်။
အမှတ်တရ ရိုက်ခဲ့တယ်။
အမှတ်တရ ရိုက်ခဲ့တယ်။
အမှတ်တရ ရိုက်ခဲ့တယ်။
အမှတ်တရ ရိုက်ခဲ့တယ်။ အပြန်လမ်း ဘုတ်အသေးပေါ်ကနေ လှမ်းရိုက်လိုက်တယ်။
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
5 comments:
ထမင်းကြော်နဲ့ ဆီးဖုသုပ်မှာလည်း ပန်းပွင့်တွေနဲ့နော်။
စားချင်စရာတွေ
လူလည်း ဝနေလောက်ပြီနော်
း)
ပတ္တရားထက်တော့ ပိုသာယာတယ်နော်၊ အမိုးတွေ ရိုက်ထားတဲ့ ဓာတ်ပုံလေး ကြိုက်ပါတယ်
မမကို.သမီးမြင်တယ်နော်
မမကလက်သဲရှည်ထားဘူး
အင်ကျီဆို စပို့ ရှပ်လောက်ပဲဝတ်တယ်
ဆံပင်ဂုတ်ကျော်လောက်ပဲရှိတယ်
3 စတဲပ့်ညှပ်ထားတယ်
အရပ်5ပေ03 ထက်ဘယ်လိုမှမကျော်ဘူး
အသားညိုတယ်ဟုတ်ဖူးလား?????
မြူးအိပ်မက်ထဲမက်တာနော်
စပိမော်တော် ဆိုင်ကယ်နဲ့ ဆွဲတဲ့ ခဲတံလိုလို ဒုံးပျံလိုလို ရေပေါ်ပေါ်တဲ့ဟာ မစီးခဲ့ဘူးလား...။
အဲဒါ တစ်အားရီရတယ်။ တစ်ခါစီး ၁၀ ယောက်လောက် ဆန့်တယ်။ ခွထိုင်စီးရတာ။ အသက်ကယ် အကျီတွေနဲ့ပေါ့လေ... ရှည်မျောမျောနဲ့။ ကိုယ်ခွထိုင်တဲ့ နေရာရှေ့မှာ လက်ကိုင်ကွင်းပါတယ်။ စစီးတာနဲ့ ရှေ့က ဆွဲနေတဲ့ စပိမော်တော် ဆိုင်ကယ်က ပင်လယ်ထဲ ပတ်ခေါ်သွားတယ်။ ၁၅ မိနစ်လောက် သွားပြီးရင် ကမ်းပြန်လာပို့တယ်။ အဲဒီမှာ ရီစရာ တစ်ခု ရှိတယ်။ ကမ်းနားမှာ မော်တော်ရပ်တော့ လူတွေက ကိုယ်ထိုင်တဲ့ နေရာကနေ အောက်က ရေထဲကို ဆင်းမယ် အလုပ်မှာ ရှေ့က စပိမော်တော် ဆိုင်ကယ် မောင်းတဲ့သူက ရုတ်တရက် စက်နီုးပြီး ဆောင့်ဆွဲတော့ ဆင်းမလို့ ဟန်ပြင်နေတဲ့ လူတွေ အကုန်လုံး ရေထဲ ပြုတ်ကျကုန်တယ်။ အခေါက်တိုင်းလုပ်တာပဲ....။ တစ်အားရီရတယ်။
တစ်ကြောင်းကို ဘတ်တစ်ထောင် တစ်ယောက်ကို တစ်ရာ လောက် ပေးရမယ် ထင်တယ်။
Post a Comment