ညီမလေး ထောပတ်သီးက ခုတလော တဂ်ပို့စ် ဆိုပြီး တက်ထားပါတယ်။ တဂ်ထားတာတော့ ကြာပါပြီ။ ဟိုလုပ် ဒီလုပ်နဲ့ နည်းနည်းကြာသွားတယ်။ ညီမလေးရေ နောက်ကျလို့ ခွင့်လွှတ်ပါနော်။
တွေးမိတာကဘာအလုပ် လုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေပါတယ်။ တွေးနေတာလဲ ကြာပါပြီ။ :D
ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ချင်မိတာကဒေါသေတွေလျော့လို့
ကျန်းမာရေးနည်းနည်းတော့ ချူချာနေပါတယ်။
ဖတ်ဖြစ်နေတဲ့ စာအုပ်တွေတစ်နေ့ တစ်နေ့ face book ထဲက ဂိမ်းတွေကိုရောက်နေတာနဲ့ စာအုပ်မဖတ်ဖြစ်ဘူး။
ရောက်ဖြစ်နေတာကFarm Town (ဇက်ညောင်းခံပြီး ဆော့ရပါသည်။ :D)
ရေးဖြစ်နေတာကမဟုတ်က ဟုတ်က ထမင်းအိုး ဟင်းချက်နည်းဘလော့
နားထောင်ဖြစ်နေတာကအများကြီးပဲမို့ ရေးတော့ဘူးနော်
ရွတ်နေမိတာကထူးထူးခြားခြားတော့ ရှိပါဘူး
ဖြစ်ချင်တာကသမီးအလိမ်မာနဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် (တကယ်တမ်းတော့ အဆိုးဆုံး အပေဆုံး ရုပ်အဆိုးဆုံး)
စားဖြစ်နေတာကဒီလိုပဲ အိမ်ထမင်းဟင်း ချက်စားလိုက်ပါတယ် (သရက်သီးစိမ်းတော့ ဓာတ်ကျနေတယ်။ တစ်ပတ် ၃ ခါလောက် စားဖြစ်နေတယ်။ :D)
သနားမိတာကအမေ (သမီးငယ် ဖက်တီးပုပ်လေးကို တစ်နေ့တစ်နေ့ လွမ်းနေရလို့)
လွမ်းနေမိတာကအမိမြေ
မေ့လျှော့ပစ်နေတာကကိန်း ဂဏန်းတွေ
ခါးသက်မိနေတာကမြန်မာပြည်ကုန်ဈေးနှုန်း
တမ်းတနေမိတာကအမေ (တွေ့လဲ ရန်ဖြစ်တယ်။ မတွေ့ပြန်တော့လဲ လွမ်းတယ်။ :D)
ကြိတ်ပြီး ချီးကျူးနေမိတာကမပြောဘူး အသေပဲခံမယ်။ ဟီးဟီး
ကြိတ်ပြီး အထင်သေးမိနေတာကရှိပါဘူးကွယ်
ၵၵ
ဆန္ဒ္ဒမရှိတဲ့နေရာမိမိ မချစ် မနှစ်သက်သောသူနဲ့ နေရခြင်း
ဆန္ဒ္ဒရှိတဲ့နေရာမိမိ ချစ်သောသူနဲ့ နေရခြင်း
မုန်းတီးနေမိတာကကျွန်မရဲ့ အကျင့်ဆိုး
ချစ်နေမိတာကသူ (သူစိမ်းတွေထဲမှာ ကိုယ်တော်ကြီးကို အချစ်ဆုံး။ အဲလိုမှ မပြောလဲ အရိုက်ခံနေရမယ်လေနော်။ :D)
စိတ်ပျက်နေမိတာကကျွန်မကိုယ် ကျွန်မ (ဗိုက်ပူ ချက်ဆူ ဖက်တီးပုပ်ဖြစ်နေလို့။ အဲလစ် သီးချင်းထဲကလို........ ၀တုတ်ကြီး ၀တုတ်ကြီးးးးးးးးး :D)
စွဲလမ်းနေမိတာကသူ (သူ့ကိုပဲ စွဲလမ်းနေပါသည်။ ဟီးဟီး)
လိုအပ်နေတာကငွေ ငွေ ငွေ
တောင်းတနေမိတာကစိတ်လဲချမ်းသာ ကိုယ်လဲကျန်းမာ ရပါလို၏
ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာကမင့် ရုပ်ဆိုး ။ မင့် ရုပ်ဆိုး
ဝန်ခံ ချင်တာကကျွန်မ ပြောမှား ဆိုမှား အရေးမှား တာများရှိရင် ခွင့်လွှတ်ကြပါလို့
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။