Friday, September 4, 2009

ခုတလော တဂ်ပို့ အမှတ်တရ

ညီမလေး ထောပတ်သီးက ခုတလော တဂ်ပို့စ် ဆိုပြီး တက်ထားပါတယ်။ တဂ်ထားတာတော့ ကြာပါပြီ။ ဟိုလုပ် ဒီလုပ်နဲ့ နည်းနည်းကြာသွားတယ်။ ညီမလေးရေ နောက်ကျလို့ ခွင့်လွှတ်ပါနော်။






တွေးမိတာက
ဘာအလုပ် လုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေပါတယ်။ တွေးနေတာလဲ ကြာပါပြီ။ :D


ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ချင်မိတာက
ဒေါသေတွေလျော့လို့


ကျန်းမာရေး
နည်းနည်းတော့ ချူချာနေပါတယ်။


ဖတ်ဖြစ်နေတဲ့ စာအုပ်တွေ
တစ်နေ့ တစ်နေ့ face book ထဲက ဂိမ်းတွေကိုရောက်နေတာနဲ့ စာအုပ်မဖတ်ဖြစ်ဘူး။


ရောက်ဖြစ်နေတာက
Farm Town (ဇက်ညောင်းခံပြီး ဆော့ရပါသည်။ :D)


ရေးဖြစ်နေတာက
မဟုတ်က ဟုတ်က ထမင်းအိုး ဟင်းချက်နည်းဘလော့


နားထောင်ဖြစ်နေတာက
အများကြီးပဲမို့ ရေးတော့ဘူးနော်


ရွတ်နေမိတာက
ထူးထူးခြားခြားတော့ ရှိပါဘူး



ဖြစ်ချင်တာက
သမီးအလိမ်မာနဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် (တကယ်တမ်းတော့ အဆိုးဆုံး အပေဆုံး ရုပ်အဆိုးဆုံး)


စားဖြစ်နေတာက
ဒီလိုပဲ အိမ်ထမင်းဟင်း ချက်စားလိုက်ပါတယ် (သရက်သီးစိမ်းတော့ ဓာတ်ကျနေတယ်။ တစ်ပတ် ၃ ခါလောက် စားဖြစ်နေတယ်။ :D)



သနားမိတာက
အမေ (သမီးငယ် ဖက်တီးပုပ်လေးကို တစ်နေ့တစ်နေ့ လွမ်းနေရလို့)


လွမ်းနေမိတာက
အမိမြေ


မေ့လျှော့ပစ်နေတာက
ကိန်း ဂဏန်းတွေ



ခါးသက်မိနေတာက
မြန်မာပြည်ကုန်ဈေးနှုန်း


တမ်းတနေမိတာက
အမေ (တွေ့လဲ ရန်ဖြစ်တယ်။ မတွေ့ပြန်တော့လဲ လွမ်းတယ်။ :D)



ကြိတ်ပြီး ချီးကျူးနေမိတာက
မပြောဘူး အသေပဲခံမယ်။ ဟီးဟီး



ကြိတ်ပြီး အထင်သေးမိနေတာက
ရှိပါဘူးကွယ်



္ဒ္ဒဆန္ဒ္ဒမရှိတဲ့နေရာ
မိမိ မချစ် မနှစ်သက်သောသူနဲ့ နေရခြင်း



ဆန္ဒ္ဒရှိတဲ့နေရာ
မိမိ ချစ်သောသူနဲ့ နေရခြင်း


မုန်းတီးနေမိတာက
ကျွန်မရဲ့ အကျင့်ဆိုး



ချစ်နေမိတာက
သူ (သူစိမ်းတွေထဲမှာ ကိုယ်တော်ကြီးကို အချစ်ဆုံး။ အဲလိုမှ မပြောလဲ အရိုက်ခံနေရမယ်လေနော်။ :D)



စိတ်ပျက်နေမိတာက
ကျွန်မကိုယ် ကျွန်မ (ဗိုက်ပူ ချက်ဆူ ဖက်တီးပုပ်ဖြစ်နေလို့။ အဲလစ် သီးချင်းထဲကလို........ ၀တုတ်ကြီး ၀တုတ်ကြီးးးးးးးးး :D)



စွဲလမ်းနေမိတာက
သူ (သူ့ကိုပဲ စွဲလမ်းနေပါသည်။ ဟီးဟီး)



လိုအပ်နေတာက
ငွေ ငွေ ငွေ



တောင်းတနေမိတာက
စိတ်လဲချမ်းသာ ကိုယ်လဲကျန်းမာ ရပါလို၏



ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
မင့် ရုပ်ဆိုး ။ မင့် ရုပ်ဆိုး



ဝန်ခံ ချင်တာက
ကျွန်မ ပြောမှား ဆိုမှား အရေးမှား တာများရှိရင် ခွင့်လွှတ်ကြပါလို့



အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

12 comments:

Anonymous said...

မမရေ ရပါတယ် နောက်ကျလည်းကိစ္စမရှိပါဘူး နားလည်ပေးပါတယ် ကျန်းမာေ၇းကိုဂ၇ုစိုက် ဒေါသတွေလျှော့ facebook မှာ ဘာဂိမ်းကစားလည်းမမ သြော် farm town လား မပြောဘူး အသေပဲခံမယ်ဆိုကတည်းက သိနေတယ် ဟီးး ခွင့်လွတ်စေချင် ဒီလိုနဲ့ရမလား အကျွေးအမွေးနဲ့မှရမှာပေါ့ ဟဲဟဲ

မေဇင် said...

:) ... မမရေ.... ခုတလော စိတ်ကူးလေးတွေကို ဖတ်သွားပါတယ်...။ သိသွားရတာပေါ့နော်...။ ဗိုက်လဲမပူ ချက်လဲ မစူ ပဲနဲ့...ဘယ်က ရုပ်ဆိုးရမှာလဲ ..ဒီလောက် မမ လှလှလေးကို....း))

စန္ဒကူး said...

ရုပ်ဆိုးပါဘူးနော်...
လူတစ်ယောက်အသွင်ပြင်ကို အပေါ်ယံကြည့် ဆုံးဖြတ်လို့မရဘူးဆိုတဲ့စကားလိုဘဲ... စိတ်နှလုံးဖြူစင်တဲ့ အရေးသားလှတဲ့ အချက်ပြုတ်ကောင်းတဲ့ ထမင်းအိုး ဘလော့ ပိုင်ရှင်လေး...ချစ်ဖို့ကောင်းမှာသေချာပါတယ်..း)

မေသစ္စာမောင် said...

ရုပ်မဆိုးပါဘူးးးးးးးးးးးး
အချက်အပြုတ်အလွန်ကောင်းတဲ့ ထမင်းအိုးလေး...အဲ ဟုတ်ပါဘူး ချစ်စရာမိုးကောင်းသူလေး :P :))

subuueain said...

မမိုးရေးထားတာချစ်စရာလေး။ ဗိုက်ပူလို့လား ခုတလောဗိုက်ပူတယ်ဘဲပြောနေကြတယ်။ လှပြီးသားဘဲဟာကို

Anonymous said...

မရေ......
မမ တယောက်ကပြေားတယ်
မြန်မာပြည်မှာ ဗိုက်မပူရင်
ကွမ်းမစားရင် ခေတ်မမှီ ဘူးဆိုပဲ
ပူလဲလှတယ်နော်
ပူတော့ပူပေါ့ တခြာနည်းနဲ့ ပူသိလား

rose of sharon said...

ထမင်းအိုးလေးရဲ့ခုတလောလေးက ရိုးရိုးလေးနဲ့ ဖတ်လို့ကောင်းတယ်

စူးနွယ်လေး said...

ဟိ..တို့လည်း farm town စွဲနေတယ်
ခြံနီးနားချင်းလုပ်မလားဟင်??

မြစ်ကျိုးအင်း said...

ချက်စူတာတော့မသိဘူး ဗိုက်ပူတာတော့ အင်း တခုခုပဲ
စတာနော် စိတ်မဆိုးနဲ့။
ရောက်ဖြစ်တဲ့နေရာ။...။ပွဲဈေးတန်း ဆိုမှမှန်မှာအမရဲ့
(ပွဲဈေးတန်းပို့စ်မှာ အမနာမည်ပါပါတယ်)

ကိုလူထွေး said...

ခွင့်မလွှတ်နိုင်ဘူး...

ပြောမှားဆိုမှားမှ မရှိပဲကိုးးး

းဝ)

(တဂ်ရင်စာရေးတယ်ဆိုတော့ စာများများရေးအောင် များများတဂ်မှနဲ့တူတယ်..)

ငှက်ငယ်လေး said...

ခုတလော......

လာဖတ်သွားပါတယ်မမေ၇

Anonymous said...

သမီးငယ် ဖက်တီးပုပ်.. :P