"ထမင်းအိုး"လဲ ပစ်ထားတာ ကြာသွားတယ်။ အလုပ်လေးရှုပ်နေတာနဲ့ ပို့စ်မတင်ဖြစ်ဘူးဖြစ်သွားတယ်။ ဒီနေ့တော့ ငါးလေး အိုးကပ်ဟင်းတင်လိုက်ပါတယ်နော်။ နောက်နေ့မှ ချက်နည်းရေးတော့မယ်။ စာရှည်ရှည်မရေးတော့ဘူးနော်။ လာလည်တဲ့သူတွေ အသစ်မရှိဘဲ ပြန်သွားရတာ အားနာလို့ ရှိတဲ့ဟင်းလေးတင်လိုက်ပါတယ်နော်။ အိမ်လည်ဖို့ အကြွေးတွေအများကြီး ကျန်နေပြီ။ ဒီနေ့တော့ အိပ်ချင်ပြီကွယ်။ နောက်နေ့များမှာမှ အိမ်အလည်လာပါအုံးမယ်။
ကျန်းမာ ချမ်းသာကြပါစေ။
sheng shiong supermarket က ငါးသေးသေးလေး တွေ့တာနဲ့ ငါးလေးအိုးကပ်ချက်လိုက်လိုက်ပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။
ငါးလေးအိုးကပ်ရယ်၊ ဟိုနေ့ကကျန်တဲ့ ကြက်ဟင်းခါးသီးကြော်ရယ်၊ ဆန်လှော်ဟင်းရည်ရယ်ပါ။
ပိန်းဥ၊ ကန်စွန်းဥ၊ အာလူး၊ ဥနီ၊ ပဲတောင့်ရှည် ရှိသမျှ အသီးတွေကို ဆန်လှော်ခတ်ပြီး ထည့်ချက်ထားပါတယ်။ ပင်စိမ်းလေးရှိရင် ထည့်အုပ်လဲ ပိုကောင်းတယ်နော်။
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
7 comments:
ပျောက်နေလို့ သတိတွေရနေတာ
ဒီနေ့ဟင်း အားလုံးကြိုက်တယ်
ငယ်ဘ၀ကိုသတိရစေအောင်လုပ်ပြန်ပြီ။
ငါးကလေးအိုးကပ်ကိုစားချင်လိုက်တာ။
ပိန်းဥဟင်းကလည်းတို့မြစ်ကြီးနားကိုတတိ၇စေပြန်ပြီ။
ဒါကြောင့်ဒီနေ့တော့...အားလုံးကြိတ်သွားတယ်။
ချစ်ညီမ
ဂျာမုန်း
ငါးလေးအိုးကပ်..အရမ်းစားချင်တယ်..
ကူးမချက်တတ်ဘူး.. ဒီကငါးတွေက အရမ်းညှီတယ်.. ငါးအိုးကပ်ကို မာမီချက်တာစားဖူးတယ်..အရမ်းကောင်းတာ.. ခေါင်းတရာသားပေါ့လေ.. ဆန်လှော်ဟင်းရည်လေးလဲ ကြိုက်တယ်.. ငါးအိုးကပ်နဲ့ ဆန်လှော်ဟင်းရည် လိုက်ဖက်ညီတယ်..း)
ှုငါးအိုးကပ်လေးကောင်းလိုက်တာ။ မြန်မာနိုင်ငံက ငါးလေးအတိုင်းဘဲ :))
ှုငါးအိုးကပ်လေးကောင်းလိုက်တာ။ မြန်မာနိုင်ငံက ငါးလေးအတိုင်းဘဲ :))
သွားရည်တကယ်ယိုသွားတယ်... တံတွေးမျိုချပြီးပြန်သွားတယ်
ဆန်လှော်ဟင်းဆိုတာ မစားဖူးဘူး...
မိုးကောင်းသူရဲ့ ဟင်းတွေက ဂျိမ်းဖောတွေ အတွက် တကယ့်အနှစ်ပဲ...
Post a Comment