Tuesday, September 1, 2009

China Town က တရုတ်အစားအစာ

ဘန်ကောက်က ကိုယ်တော်ကြီးနဲ့လူဆိုးတို့ သူငယ်ချင်း ဒီကိုလာတာနဲ့ China Town နားက တရုတ်ဆိုင်မှာ လိုက်ကျွေးကြတာပါ။ ၂ ပတ်တောင်ရှိတော့မယ်ထင်တယ်။ ပို့စ်မတင်ဖြစ်သေးတာ။ ကျွန်မတို့သွားတုံးကလဲ ကျွေးတာတွေမှ အများကြီးပဲ။ ကျွန်မတို့တော့ တစ်ခေါက်ပဲ လိုက်ကျွေးဖြစ်တယ်။ ၂ ရက်လာတော့ အချိန်လဲ မရတော့လို့။ နောက်တစ်ခေါက်လာမှ အိမ်မှာလဲ ချက်ကျွေးရအုံးမယ်။ ဒီတရုတ်ဆိုင်ကို လူဆိုးကကောင်းတယ်ပြောတာနဲ့ သွားကြတာ။ ပထမဆုံး စားဖူးတာပဲ။ ဈေးလဲမဆိုးဘူး။ ဟင်းပွဲတွေမှာဖို့အတွက် မီနူးရယ်၊ ဟင်းတွေရဲ့ဈေးနှုန်းကို ရေးထားတဲ့ စာရွက် တစ်ရွက်ရယ် လာချပေးတယ်။ အဲဒီစာရွက်မှာ ကိုယ်မှာချင်တဲ့ ဟင်းပွဲ အသေး အကြီးကို အမှန်ခြစ်လေးခြစ်လိုက်ယုံပါပဲ။ အရသာတွေလဲ အားလုံးနီးပါးကြိုက်တယ်။ ပထမ ထမင်းနဲ့စားကြတယ်။ ထမင်းလဲကုန်တော့ ပေါက်စီအလွတ်နဲ့စားကြတယ်။ ထမင်းနဲ့စားတာထက် ပေါက်စီအလွတ်နဲ့စားတာ ပိုလို့တောင်ကောင်းသေးတယ် ထင်တာပဲ။ အဲဒီဆိုင်က ဖက်ထုပ်ကြော်လဲ ကောင်းတယ် ပြောတယ်။ ဗိုက်လဲ တင်းလို့ နောက်ထပ် မမှာခဲ့တော့ဘူး။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



လေးယောက် စားကြပါတယ်။ (ဘန်ကောက်က သူငယ်ချင်းရယ်၊ လူဆိုးရယ်(နာမည်ပြောင်းအုံးမှ တော်နေ ပြောတော့မယ်။ဦးသိန်းမောင်လို့ပြောင်းလိုက်မယ်။ :D)၊ ကိုယ်တော်ကြီးရယ်၊ အချောအလှပဂေး မိုးကောင်းသူလေးရယ်(ဟီးဟီး)



Seaweed salad


အမဲဝမ်းတွင်းသားသုပ် (အမဲ ပုဆိုးကြမ်းခေါ်လားမသိ။ ဒီအသုပ်ကိုတော့ တော်တော်လေးကြိုက်တယ်။)


Spicy & Sour Soup (ချဉ်လဲ ချဉ်တယ်။ စပ်လဲ စပ်တယ်) ကျွန်မမှာလိုက်တာ :D



BBQ ထုတ်ထိုး (ကျွန်မ မှာလိုက်တာ။ ကြက်ခေါင်းကင်ကောပါတယ်။ ကြက်ခေါင်းကင်ကို သူမှ မစားဘူး။ ကျွန်မပဲစားတာ။ ပြောတော့ ဧည့်သည်လိုက်ကျွေးတာတဲ့။ :D)



ဝက်နံရိုးပေါင်း


ဝက်သားခြောက်ကြော်။ (နည်းနည်းတော့ မာတယ်။)


စတင်ပြီး ဆွဲနေပါပြီ။


သိပ်စားလို့ မကောင်းခဲ့ပါဘူး။ ပေါက်စီ သေးသေးလေးကျန်ခဲ့တာက ကျွန်မဟာပါ။

16 comments:

Anonymous said...

အဟီး
ပေါက်စီကစားလို့ မကောင်းလို့ ကျန်တာမှတ်လား
သိသားပဲ ကချင်သူတွေအကြောင်းနော့းးးးးးးမမ
အမဲပုဆိုးကြမ်းဝယ်ထားတယ်
ရေညှိရောဝယ်ထားတယ်
လုပ်စားအုံးမှ လူလဲတနေ့ တနေ့ 
ပေါင်တက်လာတာ အဟင့် ပြေားချင်ပါဘူး
ဒါနဲ့ မြူးလေးလာရင်လဲ လိုက်ကျွေးနော်းးးးးးးမမ
အလှပဂေး မမရေးးးးးးးးးးးးးးးး
ဖားတာသိလား

ချစ်တဲ့
မြူးလေး

ကျော်နှင်းဆီလွင် said...

အမဲဝမ်းတွင်းသားသုပ်ကြည့်ပြီး စားချင်လိုက်တာမရေ
တရုတ်စာသိပ်ကြိုက်တာ
:)

Vista said...

ပလပ် ပလပ်

naychi said...

သိပ်စားလို့မကောင်းဘူးဆိုပြီး ဘာမှလဲမကျန်တော့ဘူးးး အဟင့်

subuueain said...

အမဲသားမစားတော့ ဆိတ်ဝမ်းတွင်းသား(ဆိတ်ပုဆိုးကြမ်း)လေးသုတ်စားချင်တယ်။ ကြက်ခေါင်းကင်လည်းစားချင်တယ်။အကုန်စားချင်တယ် ဟီးဟီး။ china town မှာ ခေါက်ဆွဲကြော်နဲ့ဆာတေးဘဲ စားဖူးတယ်။

subuueain said...

အမဲသားမစားတော့ ဆိတ်ဝမ်းတွင်းသား(ဆိတ်ပုဆိုးကြမ်း)လေးသုတ်စားချင်တယ်။ ကြက်ခေါင်းကင်လည်းစားချင်တယ်။အကုန်စားချင်တယ် ဟီးဟီး။ china town မှာ ခေါက်ဆွဲကြော်နဲ့ဆာတေးဘဲ စားဖူးတယ်။

မေဇင် said...

သွားစားရင်ကောင်းမလား....း))

Anonymous said...

ဟဟဟ အဲဒီဆိုင်မှ စားဘူးပါတယ်ကွယ်။ ဟင်းတွေကို ကြည့်လိုက်တာနဲ့ မှတ်မိသွားတာ။ အရမ်းလည်း ဈေးမကြီးသလို စားလို့လည်း ကောင်းပါတယ်။

မေလေး said...

ချစ်မမ လိုက်ကျွေးပါလားဟင်..
အဲလို ပုံတွေနဲ့မနှိပ်စက်နဲ့လေ။
အလှအပဂေး မိုးကောင်းသူဆိုတာတော့ တကယ်မှန်တယ် (ဒါမှလိုက်ကျွေးမှာကို အဲလေ မှားလို့)

ကိုလူထွေး said...

ဆိုင်ကာအစာတွေကြည့်ရတာ မိုးကောင်းသူဟင်းတွေလောက် မကောင်းပါဘူး...

းဝ)

(အချင်းချင်းမို့ မြှောက်သွားသည်)

စန္ဒကူး said...

အမဲဝမ်းတွင်းသားတော့အကုန်ဝါးတီးဆွဲပစ်တယ်..
မတရားဘူးးးးး ဗျို့...
ကူးစ်အတွက်လဲချန်ထားဝူးး....
ဝါးးးးး

ဂျာမုန်းဒန် said...

မမမိုးရေ။
နောက်ဆုံးပွဲသိန်းပန်းကန်းကအားလုံးလက်ကျန်ရှင်းခဲ့တယ်။
ဆေးတဲ့အခါလွယ်ကူအောင်လို့ပါ။
အားလုံးကိုလဲဖဲ့စားသွားတယ်။
မြူးလေးဆီကစားပြီးပြန်လာတာလေ။
ဗိုက်ကိုတင်နေပြီ။
လေ့ကျင့်ခန်းထပ်လုပ်လိုက်အုံးမယ်။
ချစ်တဲ့
ဂျာမုန်း

ဂျာမုန်းဒန် said...

မေ့နေလို့ပြန်လာပြောတာပါ။
ဟိုတခါမမမိုးမေးထားတာလေ။အမဲအူကိုခေါက်ဆွဲလုပ်ထားတာလေ။
ဂျာမုန်းကအမဲအူကိုရေနဲ့တစ်ခါအနံ့ကုန်အောင်ပြုတ်လိုက်တယ်။
ရေးတွေကိုတွန်လိုက်တယ်။အသာတွေကိုဆေးလိုက်တယ်။
ပြီးမှကြက်သွန်ဖြူ၊ဂျင်း၊ဆား၊ငရုတ်ကောင်းမှုန့်ထည့်ပြီးpressure cooker နဲ့ပေါင်းလိုက်တာပါ။
အနဲ့လုံးဝမထွက်တော့ဘူးပေါ့။
ကဲ..မေးထားတဲ့မေးခွန်းလေးကိုလာဖြေတာပါ။
စီပေါက်မှာသူများကြားသွားမှာဆိုးလို့ပါ။

rose of sharon said...

သွားရည်ယိုအောင်လုပ်တယ်

စူးနွယ်လေး said...

အမဲပုဆိုးကြမ်းသုပ်စားချင်တယ်
ဟင်း....ဘယ်လိုလုပ်ရပါ့....
အိမ်ပြန်မှပဲ စားတော့မယ်

မြစ်ကျိုးအင်း said...

အောက်ဆုံးပုံတင်ထားမှတော့ လာငေးတဲ့သူတွေက မျက်နာငယ်ပြီး ပြန်သွားရပြီပေါ့ :)