ချဉ်ပေါင်သီး တော်တော်လေးကိုကြီးပါတယ်။
ဒီလိုလေးထုပ်ထားတာကို မြင်ခဲ့ပြီး ၀ယ်ခဲ့ပါတယ်။
ချဉ်ပေါင်သီးထောင်း
ဝက်အူချောင်းကြော်၊ ချဉ်ပေါင်သီးထောင်း၊ မုန့်ညှင်းနဲ့တိုပူးဟင်းချိုပူပူလေး
ချဉ်ပေါင်းသီးထောင်းအတွက် လိုအပ်သောအရာ
ချဉ်ပေါင်သီး
ငရုတ်သီးစိမ်း (မိမိလိုသလောက်ထည့်ပါ)
ကြက်သွန်ဖြူ
ငါးပိကင်
ပုဇွန်ခြောက်ထောင်း
ချဉ်ပေါင်သီးထောင်းနည်း
ချဉ်ပေါင်သီးကို အရင်ဆုံးရေဆေးလိုက်ပါတယ်။ ပြီး ခလယ်ကနေ နှစ်ခြမ်း ခြမ်းလိုက်ပါတယ်။ ပြီး ခလယ်ကအဖူးကို ဖယ်ထုတ်ပြီး ပစ်လိုက်ပါတယ်။ ငရုတ်ဆုံထဲသို့ ချဉ်ပေါင်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငါးပိကင်၊ ပုဇွန်ခြောက်ထောင်း၊ ဆား၊ အချိုမှုန့် (အချိုမှုန့်က စားနေကြမို့လို့ ဖြတ်လို့ မရသေးပါဘူး။ လျှော့ပြီးတော့ ထည့်ပါတယ်။ အချိုမှုန့် မစားတဲ့သူတွေလဲ ဟင်းခတ်မှုန့်ထည့်စားနိုင်ပါတယ်နော်။) ထည့်ပြီး ထောင်းနိုင်ပါပြီရှင်။ ငရုတ်ဆုံမရှိလဲ ကြိတ်စက်ထဲ ထည့်ပြီးထည့်ကြိတ်လိုက်ပါ။ ဒါဆိုရင်တော့ ချဉ်ပေါင်သီးထောင်း စပ်စပ်လေးရပါပြီ။
4 comments:
စားချင်လိုက်တာ.. ဒီမှာတောင်ချဉ်ပေါင်ယောင်လို့တောင် မမြင်ရ.. အသီးဆိုဝေးးးးးး...
ချဉ်ပေါင်သီးထောင်းတော့မစားဖူးသေးဘူး
ငပိချက်တော့ချက်စားဖူးတယ်...
အိမ်ပြန်ရောက်ရင်တော့ လုပ်ကြွေးပါလို့ပြောရမယ်။း)
စာချင်တယ်။ ရန်ကုန်ရောက်ရင်စားမဲ့စာရင်းထဲထဲ့လိုက်ပါ
ပြီ။
မမ မိုးကောင်းသူ ပျောက်နေတယ်နော်။
ဘယ်ဆီ ဘယ်ဝယ်..တမ်းတကာ..မှန်းဆကာ..
လွမ်းရပါ့မယ်။
ကျွန်တော်က အသစ်လေးပါ.. ခုမှ လာဖတ်ဖူးတာ... ဒါပေမယ့် ဒီချဉ်ပေါင်သီးထောင်း ဆိုတဲ့ ခေါင်းစဉ်က တော်တော် ဆွဲဆောင်သွားတယ် ကျွန်တော့်ကိုပေါ့နော်... ဒီ လင့်ခ် ရတာက အခြားအကြောင်း အရာပါ... ကျွန်တော်လည်း အရမ်း အရမ်းကို ကြိုက်ပြီး လွမ်းနေရတဲ့ ဟာလေးပေါ့... မြေပဲဆံလေးကိုပါ ဆီလေးနဲ့ ကြော်ပြီး ညက်ညက်လေး ထောင်းပြီး ထပ်ထည့်စားကြည့် အမရေ လျှာပေါ်မှာ စိမ့် နေတာပဲဗျာ... ပြောရင်းတောင် ပါးစပ်ထဲမှာ အရေတွေ လည်လာပြီ :D အိမ်မှာ အဲ့ဒါထောင်းရင် အများကြီးထောင်းပေးရတယ်.. ကျွန်တော်က ကြိုက်လွန်းလို့ ဒီတိုင်းလည်းစားစားနေတာ.. လျှာပေါ်မှာ မြုံ့ပြီးမှ အရသာခံထားပြီးမှ မျိုချ:D ရတာ အရမ်းမိုက်တယ်ဗျာ.မနက်ထမင်းကြမ်းလည်း အဲ့ဒါနဲ့ချည်းစား..ထမင်းအေးတဲ့ အရသာရယ်.. အဲ့ဒီအရသာရယ် ပေါင်းသွားရင် အရမ်းမိုက်တယ်....
Post a Comment