Saturday, April 16, 2011

ပဲမြစ်ပြုတ်


အမေ့အိမ်ပြန်တုံး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုအလွမ်းပြေ ကြည့်ရင်း ပဲမြစ်ပြုတ်ကိုပါ ဓာတ်ပုံရိုက်ထားတာ တွေ့တာနဲ့ စားချင်စိတ်ဖြစ်လာတယ်။ ဟင်းအသစ်လဲ မတင်ဖြစ်တာ ကြာနေပြီ။ ဟင်းအသစ်လဲ ချက်နည်းတွေနဲ့ ဘာနဲ့ ညာနဲ့ အရှည်ကြီးရေးရမှာ ပျင်းတင်းတင်းမို့ တိုတို တုပ်တုပ်ဖြစ်မယ့် ပဲမြစ်ပြုတ် ငုပ်တိုတွေကို တင်လိုက်ပါတယ်နော်။ ပဲမြစ်ပြုတ်နည်းတော့ မရေးလိုက်တော့ဘူးနော်။ ဒီနေ့တော ပဲမြစ်ပြုတ်လေးပဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။


ပဲမြစ်ပြုတ်ရယ်၊ ဆီနဲ့ဆားနဲ့ပန်းကန်ရယ်၊ ရေနွေးကြမ်းရယ် (ပဲမြစ်ပြုတ် ငုပ်တိုတွေက စီးသလားတော့ မမေးနဲ့နော်။ မန်ကျည်းတော ပဲမြစ်စစ်စစ် :D)


စားချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာအောင် အနီးကပ်


ကြီးတော်က ဘေးကနေပြီး စတင်ထုနေပါပြီ။ ထုထားတာကို ဘေးကနေ အသာလေး ၀င်စားလိုက်ရုံပါပဲ။
ဟဲဟဲ ......


ပဲမြစ်ပြုတ် ဆီလူး (သို့) ဆီပါလေရုံပွတ်


ညကြတော့ လေလဲပွားရင်း လက်ကျန်ပဲမြစ်ပြုတ် ငုပ်တိုရယ်၊ ပူတင်းရယ်၊ ကျောက်ကျောရယ်၊ မုန့်လင်မယား(သို့) မုန့်မောင်နှမရယ် ထပ်မှန်ပြီး စားကြတယ်။


မုန့်လင်မယား (သို့) မုန့်မောင်နှမ အနီးကပ်


ကျန်းမာ ချမ်းသာကြပါစေ။

6 comments:

Iora said...

ပထမဘဲ..း)
မျှော်နေတာကြာပေါ့..
ကိုယ့်ဘလောက်မှာမတက်လာသေးဘူး။
စုဘူးအိမ်စီမှာတွေ့ လို့ အပြေးအလွှားလာခဲ့တာ။
ဒက်ဒီနဲ့ အမေသိပ်ကြိုက်တာတွေပေါ့။ မုံ့ လင်မယားစားချင်တယ်။
အိုင်အိုရာ

ငွေစန္ဒာ said...

ပဲမြစ်ပြုတ်ကြိုက်တယ်။မမိုးကောင်းသူရေပဲမြစ်က
ပဲဇောင်းခါးသီးပင်ရဲ့အမြစ်ဆိုတာဟုတ်လားဟင်။
လင့်လည်းယူထားတယ်နော်။

Shinlay said...

ပဲမြစ်ပြုပ်စေးစေးလေးကို ဆီနဲ့ တို့ စားရတာ အရသာထူးတာပဲ။

ဆောင်း said...

မုန့် အုပ်လေးတွေ စားချင်စရာ ဥမထဲ့ တဲ့မုန့် အုပ်လေးကို ပိုကြိုက်တယ်။ ငုံးဥပါတော့ နဂို ကျွတ်တဲ့ အရသာ လျော့သွား သလား လို့ 

Unknown said...

အမ မုန့်လင်မယားအရည်ဘယ်လိုဖျော်လဲပြောပြပေးပါလား။ ဘာတွေထည့်လဲဆိုတာနဲ့။ ကျေးဇူးပါ။ မန်းလေးသူ

မိုးကောင်းသူ said...

PhyuSinMay

ဒီမှာ မုန့်လင်မယားတော့ တစ်ခါမှ မလုပ်စားမိသေးဘူး။ အရည်ဖျော်တာကတော့ လမ်းသရဲမုန့် (သို့) ရေမုန့် အရည်ဖျော်တာနဲ့ တူမယ်ထင်ပါတယ်။
မုန့်လင်မယားမှာ ထည့်တာတွေကတော့ ပဲပြုတ်ရယ်၊ နံနံပင်ရယ်၊ ကြက်သွန်မြိတ်ရယ်၊ ငုံးဥရယ် ဒါပါပဲနော်။
ဒီလင့်တွေမှာ လုပ်နည်း ရေးထားပါတယ်နော်။ လာလည်လို့လဲ ကျေးဇူးပါ။
http://mogaungthu.blogspot.com/2010/11/blog-post.html
http://mogaungthu.blogspot.com/2008/10/blog-post.html