Wednesday, July 1, 2009

စနေနေ့က ၀ါးတီး

စနေနေ့က ထမင်းအိုးကို အနားပေးလိုက်ပါတယ်နော်။ ဘောလုံးတစ်သင်းစာလောက်ရှိတဲ့ အုပ်စုထဲက တစ်တွဲက ပီအာကျလို့ ကျွေးတဲ့ပွဲပေါ့။ နေ့လည်စာကို ဂဏန်းချက်ကျွေးတယ်။ ထမင်းနဲ့စားကြတယ်။ ကိုယ်တော်ကြီး နဲ့ ကျွန်မတို့ ၂ ယောက် ရောက်တဲ့ အချိန်က ၃ နာရီရှိနေပြီ။ မနက်ကလဲ ဘာမှမစားထားဘူးဆိုတော့ ဆာဆာနဲ့ တစ်ခါတည်း စားလိုက်တာ ဂဏန်းချက်ကို ဓာတ်ပုံ မရိုက်လိုက်မိဘူး။ ပြီးတော့ သာကူလုပ်တိုက်သေးတယ်။ ချိုလို့ သောက်ခဲ့ဘူး။ ဒါနဲ့ နေလဲစောင်းရော ကျွန်မတို့ မိန်းမတွေလဲ အောက်ဆင်းပြီး ရှော့ပင်သွားကြတယ်။ ဘာမှ ထူးထူးခြားခြားဝယ်စရာတော့ရှိပါဘူး။ မျက်စိ အစာကျွေးပေါ့။

အောက်ဆင်းပြီးဈေးလျှောက်ပတ်လိုက်တာ ည ၇နာရီလောက်ရှိသွားပြီ။ ဧည့်သည်တွေကလဲ မပြန်။ ဒီတော့ အိမ်ရှင်တွေလဲ ညနေစာကိုလုပ်ရတော့တာပေါ့။ ဒီလိုပဲ သူငယ်ချင်းအားလုံးက ဘယ်သူ့အိမ်သွားသွား နေ့လည်စာ၊ ညစာ၊ ညလည်စာ စားပြီးမှသာ အိမ်ပြန်တတ်ကြတယ်။ အိမ်ရှင်မနှင်မချင်း မပြန်ဘူး။ အိမ်ရှင်နှင်လဲ ပေကတ်ကတ်လုပ်နေကြတယ်။ ညစာကို ရယ်ဒီမိတ် ထမင်းသုပ်လုပ်စားလိုက်ကြပါတယ်။ အလှူလက်ဖက် မျက်နှာလုပ်လိုက်တယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ထမင်းသုပ် (ကြံခင်း ရယ်ဒီမိတ်ထုပ်ထဲမှာ ဆီကျက်ဝါ၀ါ၊ ငံပြာရည်ချက်၊ ပုဇွန်ခြောက်ထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ မန်ကျည့်မှည့်ရည် တခါတည်းပါတယ်။ အဆင်သင့် အထုပ်လေးတွေ ဖောက်ပြီး သုပ်လိုက်ကြပါတယ်။ ပုဇွန်ခြောက်လေးနည်းနည်းထပ်ထည့်၊ ဆီကျက်နည်းနည်းထပ်ထည့်လိုက်ပါတယ်။)



ဒီလို အားပါတရ နယ်ထားတယ်နော်။


ငွေပင်လယ်ငါးမုန့်ကြော် နဲ့ စံမတူငါးမုန့်ကြော် (ကျွန်မကြော်ထားတာနော်)


စွန်တန်ဟင်းရည် (ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်၊ ကင်းမွန်၊ ဆား၊ အချိုမှုန့်၊ စွန်တန်ခြောက်ထည့်ပြီး ချက်ထားပါတယ်)


လက်တွေ ရှုပ်နေလို့ မော်တော်ပီကေ လိုနေပြီ။ :D

10 comments:

Vista said...

Hmm ပထမလား ? ထမင်းသုတ် မှာ ပထမရတယ် ငါကွ

မေလေး said...

vista နော် .ဟွန်းးး ပြေးလာတာတောင်မမှီဘူး။တူတူစားရအောင်နော်။ဒါထက်နင်မေးလ်ကအက်ထားတာရလဲရဘူး
မမ နောက်အပတ်စနေဆိုပြော။ပြေးလာမယ်။ တုံးပန်းကန်စားမှာနော်

Vista said...

မေလေးကုန်ပြီဟ ငါစားတာ မကျန်တော.ဘူး ပန်းကန်ပဲဆေးတော. ဟိဟိ မေးလ်က add ပြီးပြီ Chat ကို မကြည်.မိလို.

ကျောပိုးအိတ် said...

ထမင်းသုတ်ဆိုလို့  ဆူးလေဘုရားနားက ဒေါ်ရိတ်ကြီး ထမင်းသုတ်ကိုသတိရသွားတယ်။

ခု မမပြထားတဲ့ ထမင်းသုတ်လေးကလဲ စားကောင်းမယ့် ပုံဘဲနော်။

ဒီတစ်ခါငါးမုန့် စားမယ်ဆို အောင်ပင်လယ်ရအောင် ရှာဝယ်ကြည့်။ လုံးဝလျှာလည်သွားမယ်။ ဒါပေမယ့် စံမတူ(ငါးမုန့် )နဲ့ က အမျိုးတွေဆိုလားဘဲ။
း)

မော်တော်ပီကယ်မလာခင်ကတည်းက ကုန်နေမှာ။
း)

လုလု said...

တို့လည်းလာစားတယ်။
အရင်ရောက်နှင့်နေတဲ့ သူတွေ ဟိုဘက်နည်းနည်းတိုး
အိမ်ရှင်တွေ ဧည့်သည်တွေကို အရင်ဦးစားပေးနော်
စစချင်း ငါးမုန့်ကြော် တစ်ချပ်ကိုက်လိုက်တယ် ဂျွတ် ဂျွတ် ဂွတ်
ပြီးတော့ ထမင်းသုပ်လေး တစ်လုပ်
အိုး ရှယ်ပဲ ကောင်းမှ ကောင်း
နောက်တော့ စွန်ထန်ဟင်းရည်
ရှလွှတ်
အရမ်းကောင်းအိ
ဗိုက်ဆာနေလို့ တံတွေးမြိုချနေရအိ

Unknown said...

စွန်တန်ဟင်းရည်က ဒီမှာ အရမ်းရှားတယ်ဟ..... ကျွန်တော်တောင် မြန်မာပြည်က တကူးတက မှာပြီး ချွေချွေတာတာ စားရတာ။ ထမင်းသုတ်ထဲ... ရှမ်းပဲပုတ် မထည့်ဘူးလား..... ကျွန်တော်တို့ မန္တလေးမှာတော့ ထည့်စားတယ်။

မီယာ said...

စွန်ထန်ဟင်းချို ကြိုက်တယ်။ ကိုယ့်ဘာသာတော့ မချက်တတ်ဘူး။ အနံ့တမျိုးရလို့။

စန္ဒကူး said...

တယ်ဟုတ်ပါလား... ထမင်းသုတ်လေးက အထုပ်နဲ့တောင်ရှိသကိုး.... ပို့ပေးပါဗျိ့....

MrDBA said...

ကြံခင်းထမင်းသုတ်အထုပ် .. မကြားဖူးပါဘူး။ ဘယ်မှာဝယ်လို့ရလဲဟင်။ ပြည်ထမင်းသုတ်ဘဲ ကြားဖူးပါတယ်။

စူးနွယ်လေး said...

နေကောင်းမှ လုပ်စားမှာ ပြောတာ:)
ဒီဆိုဒ်လာကြည့်တာ စားချင်တာမစားနိုင်လို့ ပိုရောဂါ တိုးသွားပြီ